Friday, August 31, 2012

ABSDF မြောက်ပိုင်း လူသတ်မှု ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား


  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမှာ ကျင်းပခဲ့သော မြောက်ပိုင်းတွင်
 ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့မှ ဗီနိုင်းပိုစတာ
ABSDF (မြောက်ပိုင်း) ကချင်ဒေသတွင်   ထောက်လှမ်းရေးဟု   သံသယဖြစ်ကာ 
စစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်    သေဆုံး  သွားသူ မ.က.ဒ.တ (မပ)  ဗဟို
ကော်မတီဝင် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးမှ မြောက်ဥက္ကလာပ ရဲစခန်းသို့ 
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်းပေးတိုင်ချက်ဖွင့်ခဲ့ပါသည်။
 မြောက်ဥက္ကလာပ ရဲစခန်းမှ ပ ၈၆၉/၁၂၊ ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့် လက်ခံ
ခဲ့ပါသည်။ ဖခင်ဖြစ်သူမှာ ဦးစိန်မှာ ABSDF (မြောက်ပိုင်း)    ကချင်ဒေသ သင်တန်း
အမှတ်စဉ် (၅) တွင် သင်တန်းသားများ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းနှင့် ဗဟိုကော်မတီ
ဖြစ်မြောက်ရေးအတွက်  ဦးဆောင်ခဲ့သူ    ဟူသည့် စွပ်စွဲချက်များဖြင့် ပါဂျောင်ဒေသ 
လိုင်ဇာစခန်းတွင် မတရား ဖမ်းဆီး နှိပ်စက် ခံခဲ့ရမှုကြောင့်     သေဆုံးခဲ့   ရသည်ဟု
 မြောက်ပိုင်းပြန်ရဲဘော်များမှ သိရှိရသဖြင့်   အခုလို   တရား စွဲဆိုရခြင်းဖြစ်ကြောင်း၊ 
အမှန်တရား အတွက် ဖော်ထုတ်နိုင်မည်ဟု ယုံကြည်သည့်အကြောင်း ဘားမားဗီဂျေ
မီဒီယာအား ပြောကြားလိုက်ပါသည်။
 သတင်းရင်းမြစ်    BurmaVJ       

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ