Friday, November 9, 2012

၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် Myanmar Independent News ဂျာနယ်


၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် 
Myanmar Independent News ဂျာနယ်  
ဒီမှာ  သွားရောက်ဖတ်ရှု Download  
ရယူနိုင်ပါပြီ။  


 ရွှေတိုင်းနိုင်ငံ

မသင်္ကာဖွယ် လူသုံးဦးကို လိုက်လံဖမ်းဆီးသော သင်္ဃန်းကျွန်းမှ ဒုရဲအုပ် တစ်ဦး ဓားထိုးခံရ

ဘက်ထရီ အိုးများဖြင့် မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သူ သုံးဦးကို လိုက်လံ ဖမ်းဆီးစဉ် သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ် တစ်ဦး ဓားဖြင့် အထိုးခံ လိုက် ရကြောင်း သိရှိရသည်။
 
 
 
 

ကျူးကျော်များကို ဂရမ်မြေ ပေးတော့မည်

 ရန်ကုန်တိုင်းဒေသကြီးအတွင်းသိန်းနှင့်ချီပြီးရှိနေသည့် ကျူးကျော်
နေထိုင်သူများကိုတရားဝင် နေထိုင်ခွင့် (ဂရမ်မြေ) နေရာအစားပေး
 ရန် ရန်ကုန်တိုင်းစည်ပင်သာယာရေး ကော်မတီမှ တိုင်း ဒေသကြီး
 လွှတ်တော် ဥပဒေ ကော်မတီဝင်များနှင့် ညှိနှိုင်း စီစဉ်နေကြောင်း သိရသည်။

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် 
ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအားလည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

ချင်းမိုင်းတွင် UNFC နှင့် ၈၈ ကျောင်းသားအဖွဲ့ အလွတ်သဘော တွေ့ဆုံ

 ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ သည် နိုဝင်ဘာလ ၇ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။




နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိဟုဆို

clintonအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ် ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ 



စစ်ဆင်ရေး အရှိန်မြှင့် နေသ၍ ပြည်တွင်း၌ တွေ့ဆုံ နိုင်လိမ့်မည် မထင်ကြောင်း KIO ဘက်ကဆို

Aung Min & Gwam Mawကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နယ်မြေထဲ၌ နေ့စဉ် တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေသ၍ ပြည်တွင်း နေရာထဲ၌ တွေ့ ဆုံဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေး ကော်မတီ ၏ တောင်း ဆိုချက်ကို လက်ခံရန်   KIO   ၌  အခက် အခဲ ဖြစ်နိုင်ေ ကြာင်း 
 နိုင်ငံခြား ဆက်ဆံရေးဌာန ဒု-တာဝန်ခံ ဂျိမ်းလွန်းတောင်က ဆိုပါသည်။

ရတနာပုံတံတား အနားက မြေပြန်ရရှိဖို့ တောင်းဆိုတဲ့ ရွာသားတွေ စစ်ဆေးခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရွှေကြက်ယက် ဆိပ်ကမ်းမှာ တည်
ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာပုံ တံတား တည်ဆောက်စဉ်က ယာယီ အသုံးပြုဖို့ သိမ်းယူခဲ့တဲ့ မြေတွေကို ပြန်လည် ရရှိဖို့ တောင်း ဆိုခဲ့ကြတဲ့ ဒေသခံရွာသား (၈၄)ဦးထဲက သုံးဦးကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စတင်ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ 

ဖမ်းဆီးခံ မြန်မာ တပ်သား (၃) ဦး ကိစ္စ နစကနှင့် ဘီဂျီပီ အလံတင် အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေး

နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေးအဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ သည် နယ်စပ်တွင် ယမန်နေ့က တွေ့ဆုံကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ GE တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး  တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။




ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် နောက် ဆုံး ကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။



၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် လျှပ်တပြက် ဂျာနယ်

Photobucket၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် 
လျှပ်တပြက် ဂျာနယ် ဒီမှာ   
သွားရောက်ဖတ်ရှု Download  
ရယူနိုင်ပါပြီ။  


ရွှေတိုင်းနိုင်ငံ

ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ

Photobucket  ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက် ပိုင်း  ပျောက် ဆုံးသွားသည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်းနှိမ်နှင်းရေး  တပ်ဖွဲ့ RAB ကို ကိုးကားပြီး  24 Bdnews ကဖေါ်ပြသည်။

တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူ လုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ

အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရ သူ မြန်မာဘက်မှ တပ်သား (၃) ဦးကို အပေးအယူဖြင့် ပြန်လည် လွှတ် 
ပေးမည်ဟု လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို မြန်မာ ဘက်က ပယ်ချလိုက်သည်ဟု မြန်မာ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာ သို့ ပြောကြားသည်။

ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုဖို့ ရွာ ၅ ရွာက နေထိုင်သူတွေ တောင်းဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၅ ခုမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အစိုးရက စစ်ဆေးနေရာမှာ အဲဒီကျေးရွာ အုပ်စုမှာ နေထိုင်သူတွေက ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေး ဖို့ တောင်း ဆိုကြ တယ်လို့ စစ်ဆေးရေးသွားခဲ့သူတွေထံကတဆင့် သိရှိရပါတယ်။






ရှမ်းပြည်နယ်အတွင်း SNDP ပါတီ တရားမဝင် ဂေါဒန်ကျောက်တူးဖော်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပိုင်ဆိုင်တဲ့ ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ် မြို့နယ်မှာ တရားမဝင် ဂေါဒန်ကျောက် တူးဖော်နေတဲ့ အတွက် ဒေသခံ
ဂေါဒန်တူးဖော်ရေး လုပ်ငန်းရှင် တစ်ဦးက ထိပ်တန်းကျားဖြူ ကုမ္ပဏီ

ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ကိုင်တွယ်ရန် ဒေါ်စုနှင့် တိုင်းရင်းသားအမတ်များ တိုက်တွန်း

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းပြီး ကြိုးကိုင်လှုပ်ရှားသူတွေ၊ အကြမ်း ဖက် သူတွေ၊ ဥပဒေချိုးဖောက် သူတွေ ကို တရားဥပဒေနဲ့အညီ အရေး ယူ စီရင်ဆုံးဖြတ်တာတွေကို ပွင့်လင်းမြင်သာစွာ လူထုကို အသိပေးခြင်း အပါအ၀င် ချက်ချင်း လက်တွေ့ ဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ကို ပြည်ထောင်စုရဲ့ အနာဂတ်ကို ရှေးရှုပြီး အလျင်အမြန်ဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ က ပြည်ထောင်စု အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အစိုးရပိုင် မီဒီယာများကို ပြောင်းလဲရန် ပြင်ဆင်

လာမယ့်နှစ်ကစပြီး အစိုးရပိုင် မီဒီယာတွေထဲက တချို့ကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာတွေအဖြစ် ပြောင်းလဲတော့ မယ်လို့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။






သေဒဏ်အပြစ်ပေးခံရသူ စိုင်းနော်ခမ်း အယူခံဝင်မည်

လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တရားရုံး က သေဒဏ်စီရင်ချက် ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား စိုင်းနော်ခမ်း ကို ပြစ်ဒဏ်တွေ လျှော့ချပေးဖို့ အယူခံဝင်မယ်လို့ ဆွေမျိုးနီးစပ်သူတွေ က ပြောပါတယ်။

ပဲခူးမြို့က ရှင်ဆောင်းအထည်ချုပ် အလုပ်သမားများ လစာတိုးမြှင့်ရေး ဆန္ဒပြ

ပဲခူးမြို့ ရှင်ဆောင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁၅၀၀ လောက် ဟာ လုပ်ခလစာတိုးမြှင့်ဖို့၊ နားရက်တွေမှာ လစာဖြတ်ထောက်တဲ့ ကိစ္စ ဖြေရှင်းဖို့၊ ကျန်းမာရေးစရိတ်ပေးဖို့ အပါအ၀င် အချက် ၅ ချက် ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။




မြန်မာနိုင်ငံသို့ လာရောက်မည့် အိုဘားမား၏ ခရီးစဉ်ကို အမေရိကန်အိမ်ဖြူတော် အတည်ပြု

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက် အိုဘားမားသည် ယခုလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံ  သို့ လာ 
ရောက် မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန်အိမ်ဖြူတော် က နိုဝင်ဘာလ ၈ ရက်က အတည်ပြုခဲ့သည်။



အမေရိကန်သမ္မတ လာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု

ဒုတိယသက်တမ်းအတွက် နောက် တစ်ကြိမ် ပြန်လည်အရွေးခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ ဒီလအတွင်း မြန်မာနိုင်ငံ
ကို လာရောက်မယ်လို့ မြန်မာအစိုးရအရာရှိ တစ်ဦးက အတည်ပြု ပြော ဆိုကြောင်းသိရပါတယ်။


 

၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် Premier Eleven Sports ဂျာနယ်

Photobucket၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် 
Premier Eleven Sports ဂျာနယ်  
ဒီမှာ  သွားရောက်ဖတ်ရှု Download  
ရယူနိုင်ပါပြီ။  


ရွှေတိုင်းနိုင်ငံ

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ