ရောက် မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန်အိမ်ဖြူတော် က နိုဝင်ဘာလ ၈ ရက်က
အတည်ပြုခဲ့သည်။
ယခုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုသမ္မတတစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်လာ မည်ဖြစ်သည်။ ယင်းသည် မြန်မာ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများအပေါ် ၀ါရှင်တန် က ထောက်ခံ မှုပေးသည့် နောက်ဆုံးအချက်ပြမှု တစ်ခုလည်း ဖြစ်သည်။
သမ္မတ အိုဘားမားသည် ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့် အရှေ့တောင်အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက် မှ ၂၀ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်က အတည်ပြုပြောကြားထားသည်။
အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အိုဘားမားသည် ဖနွမ်းပင်မြို့တွင်ပြုလုပ်မည်ဖြ
ဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင်ခရီး သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံးမိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အိုဘားမားနှင့် လည်း တွေ့ ဆုံခဲ့သည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment