Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts
Thursday, November 8, 2012
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအရေး သဘောထား ကြေညာချက်ထုတ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံး မှုများနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ ထိရောက် စွာ ဖြေရှင်းကြဖို့ တောင်းဆို လိုက်ပါတယ်။ 
Thursday, November 1, 2012
ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ ကြေငြာချက် ထုတ်ပြန်
     ရခိုင် ပြည်နယ်   အတွင်း ပဋိပက္ခများ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိ ပေး ကြေညာခြင်း အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံးမှ သတင်းထုတ်ပြန်ချက် အမှတ် ( ၂ / ၂၀၁၂)ဖြင့် ၂၀၁၂ခုနှစ် 
 အောက်တိုဘာလ(၃၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Monday, October 29, 2012
ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ရခိုင်ပြည်နယ် အရေး ကိစ္စများနှင့် စပ်လျဉ်းသည့် သဘောထား ထုတ်ပြန် ကြေငြာချက်
Photo: ဒီမိုကရေစီမိတ်ဆွေပါတီများ၏ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် စပ်လျဉ်းသည့်သဘောထားထုတ်ပြန်ကြေငြာချက်
          မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်း လူအုပ်စုများအကြာဆူပူ အကြမ်းဖက်မှုများကြောင့် အသက်အိုးအိမ် စည်းစိမ်များး ဆုံးပါး ခဲ့ရပြီဖြစ်ပါသည်။  ထိုမျှမက အေးချမ်းတည်ငြိမ်မှုကို လိုလားသော
ပြည်သူလူထုများအားသဘာဝကပေးအပ်ထားသည့် မွေးရာပါအခွင့်အရေးများဖြစ်သောစားရေး၊ ၀တ်ရေး၊ နေရေး  တို့တွင်အကာအကွယ်မဲ့သည့်အဖြစ်သို့
ရောက်ရှိသွားစေခဲ့ပြီဖြစ်သည်။
       တစ်ဖန် ယင်းဒေသနေ ပြည်သူတို့၏လူအခွင့်အရေးကိုပါ ထိပါးကျူးလွန်ခံရနေရပြီ ဖြစ်သည်။ထိုကြောင့်ရခိုင်ဒေသတွင်   နေထိုင်သူအပေါင်းတို့၏ ငြိမ်းချမ်းစွာနေထိုင်လိုမှုကို အကာအကွယ်ပြုသည့် တရားဥပဒေ စိုးမိုးရေးဘောင်ကို  ကျော်လွန်ဖောက်ဖျက်သည့်ဖြစ်ရပ်များနှင့်ယင်းဖြစ်ရပ်တို ကို ပေါ်ပေါက်စေသော လုပ်ရပ်တို့ကိုကျွန်ုပ်တိုဒီမိုကရေစီမိတ်ဆွေပါတီ  များကလက်မခံကြောင်းနှင့်အထူးပင်စိုးရိမ်မကင်း   ဖြစ်ကြောင်း ဖော်ပြလိုပါသည်။
        ဤကဲ့သို့ လူအုပ်စုနှစ်ခုတို့အကြား အကြမ်းဖက်ဖြေရှင်းနေခြင်းဖြင့်
ပြေလည်မှု မရရှိနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်
အရှိန်အဟုန်ကို ချုပ်ချယ်ဟန့်ထားရာရောက်စေပြီး ငြိမ်းချမ်း စွာ
ဖြေရှင်းပြေလည်လိုမှုကို မဏ္ဍိုင်ပြုသည့် ဒီမိုကရေစီကျင့်စဉ်ကိုလည်း
အားနည်းမှိန်ဖြော့စေပါသည်။ ထိုမျှ မက နိုင်ငံတကာမြင်ကွင်းတွင်လည်း
လပေါင်းများစွာကစ၍ ယနေ့ထိတိုင် ဖြစ်ပွားခဲ့သော တရားမဲ့ပြုကျင့်မှု
များကြောင့် မြန်မာ့နိုင်ငံ၏ဥပဓိရုပ်ကို ညစ်နွမ်းစေလျှက် ယဉ်ကျေးသည်
လူ့အဖွဲ့အစည်းတစ်ခုအဖို့ အရှက် ရစရာ ဖြစ်နေပါသည်။
        သို့ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အလျင်အမြန်
တိုးတက်မှုရရှိစေရန်နှင့် ဆူပူ အကြမ်းဖက်မှုများ နောက်ထပ်တစ်ဖန်
မပေါ်ပေါက်လာစေရန်အတွက် ပြန်လည်နေရာချထားရေးအစီအမံများ နှင့်အတူလူမှုစီးပွားဘ၀များ ပုံမှန်အနေအထားသို့အမြန်ဆုံးပြန်လည်ရောက် ရှိစေေ ရးအတွက် အလေးထား လုပ်ဆောင်ပေးခြင်းများလိုအပ်ပါသည်။
ထို့အပြင် -
(က)     အရပ်ဖက်အုပ်ချုပ်ရေးကိုပံ့ပိုးသော လုံခြုံရေးယန္တရား (Aid to CivilianPower ) အစီအမံများကို ယခုထက် ပိုမိုထိရောက်ကျယ်ပြန့် လျှင်မြန်စွာချမှတ်ဆောင်ရွက်စေရန်၊
(ခ)  တည်ငြိမ်အေးချမ်းရေးကို စောလျင်စွာပြန်လည်ရရှိစေရန်အတွက်ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် အုပ်ချုပ်ရေး အာဏာတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး   ကြိုတင်ဆောင်ရွက်ချက်များ
ဖော်ဆောင်ထားပေးရန်၊
(ဂ)     ရခိုင်ပြည်နယ်တွင်သာမကအခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ
အတွက်ပါ အရေး ပေါ်အခြေအနေတို့တွင် ဥပဒေအရကြိုတင် လုပ်ဆောင်နိုင်ရန်လွှတ်တော်တို့၌လည်းကောင်း ၊ပြည်ထောင်စုလွှတ်တော်၌ လည်းကောင်း တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေဒေသလုံခြုံရေးများကို ဥပဒေပြုအာဏာ အသုံးပြု၍  ထိန်းချုပ်ကွပ်ကဲပေးရန်လိုအပ်ပါသည်။
အထူးပြုဖော်ပြလိုသောအချက်မှာ(၂၅၁၀၂၀၁၂)ရက်စွဲပါ   နိုင်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန် ချက်(၁/၂၀၁၂)၊အပိုဒ်(၆)တွင်-] ဤသို့သော အခြေအနေတွင်တစ်ကျော့ပြန်ဖြစ်ပွားလာသော ဆူပူအကြမ်း ဖက်မှုများသည်   နိုင်ငံတော်၊နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားတို့ကို  ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုထိထိရောက်ရောက်  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထို့ပြင်ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့်  ၄င်း
တို့ကို ဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာအပ်ပါသည်}} ဟု ဖော်ပြထားပါသည်။
        အထက်ပါဖော်ပြချက်အတိုင်း နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသော
လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန်
သမ္မတဦးသိန်းစိန်အစိုးရအား ကျွန်ုပ်တို့ဒီမိုကရေစီမိတ်ဆွေပါတီများက
အလေးအနက် တိုက်တွန်း အပ်ပါသည်။
        ထို့ကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲပဋိပက္ခများဆိုင်ရာ  အကြောင်းအချက်အပြည့်အစုံ၊ ပါဝင်ပတ်သက်သောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်  နိုင်ငံတော်၏ အရေးယူဆောင်ရွက်ချက်များကို  နိုင်ငံ
တကာအသိုင်းအ၀န်းကအမှန်အတိုင်းရှင်းလင်းစွာသဘောပေါက်နားလည်စေရန်မစ်ရှင်ကဲ့သို့ အဖွဲ့အစည်း များ ဖွဲ့စည်း၍ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ရှေ့ဆောင်
နိုင်ငံကြီးများသို့ စေလွှတ်ရှင်းလင်းခြင်းများ ပြုလုပ်ရန်ကိုလည်း
ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် တိုက်တွန်းအကြံပြု အပ်ပါသည်။
နေရာ။   ရန်ကုန်မြို့
ရက်စွဲ။  ၂၀၁၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်
                ဒီမိုကရေစီမိတ်ဆွေပါတီများမြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်း 
လူအုပ်စုများအကြာဆူပူ အကြမ်းဖက်မှု
များကြောင့် အသက်အိုးအိမ် စည်းစိမ်များ
 ဆုံးပါး ခဲ့ရပြီဖြစ်ပါသည်။ထိုမျှမက အေး
ချမ်းတည်ငြိမ်မှုကို လိုလားသော ပြည်သူ
လူထုများအားသဘာဝကပေးအပ်ထားသည့်
 မွေးရာပါအခွင့်အရေးများဖြစ်သောစားရေး၊
သည့်အဖြစ်သို့ရောက်ရှိသွားစေခဲ့ပြီဖြစ်သည်။
Saturday, October 27, 2012
KNU အရေးပေါ် အစည်းအဝေးက ကြေညာချက်
ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့
 အောက်တိုဘာလ ၂၇ ရက်နေ့မှာ အထူး 
အရေးပေါ် အစည်း အဝေး ခေါ်ယြူ့ပီး ကြေညာ
ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ 
Friday, October 26, 2012
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း
Photobucketရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်
ပျက်ခဲ့တဲ့ အခြေအနေ တွေနဲ့ ပတ်သက်
 ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း
အောက်တိုဘာလ (၂၅)ရက်နေ့မှာ
အသိပေး ကြေညာချက် တစောင်
 ထုတ်ပြန် ခဲ့ပါတယ်။
ရခိုင်ပဋိပက္ခ ပိုမိုထိရောက်စွာ ဖြေရှင်းရန် အန်အယ်လ်ဒီ ကြေငြာချက်ထုတ်ပြန် တိုက်တွန်း
Photobucketလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ
တွေကို ထိန်းသိမ်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိ
စေဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေးတာဝန်
ရှိသူတွေက ပိုမိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ
အမြန်ဆုံးဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်
ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
Thursday, October 18, 2012
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဂျေဘန်းစ် နေပြည်တော်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်
William Burnsဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဂျေဘန်းစ်၏
ခရီးစဉ်သည် သမ္မတဦးသိန်းစိန် သမ္မတတာဝန်
စတင် ယူပြီးနောက် ပြုလုပ်ခဲ့သော သိသာထင်ရှား
သည့် ပြုပြင်ပြောင်းလဲရေးများနှင့်လွန်ခဲ့သော
တစ်နှစ်က လာရောက်ခဲ့သောနိုင်ငံခြားရေးဝန်ကြီး
Wednesday, October 17, 2012
ငွေစက္ကူများ ရုပ်သိမ်းရန်အစီအစဉ် မရှိဟု ဗဟိုဘဏ် ကြေညာ
Photobucketမြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ မည်သည့်
ငွေစက္ကူကိုမှ ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း
 မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာ
လိုက်ပါတယ်။
Monday, October 15, 2012
“ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ဆောင်းပါးကို ကန့် ကွက်ခြင်း
မန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း
အမှတ် (၄ဝ/၄၂) ၊ မြေညီထပ်၊ ဗိုလ်ဆွန်ပက်လမ်း
(အောက်)၊ ပန်းပဲတန်း မြို့နယ်၊ ရန်ကုန်မြို့။ Tel: 01-256278
OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ
နေပြည်တော်၊ အောက်တိုဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် 
 နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်း
ဆာင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU 
Sunday, October 14, 2012
မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်
 ၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍
ရဟန်းသံဃာများ အပါအဝင် ပြည်သူအများက ဆန့်ကျင်
ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။
Friday, October 12, 2012
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကြေငြာချက် ထုတ်ပြန်
Photoရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ ကမ်း
လှမ်းထားသည့် ပူးပေါင်းရေးအဆိုကို မဖြစ်မနေ
တည်ဆောက်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
က  ကြေညာချက်ထုတ်ပြန်သည်။
Wednesday, October 10, 2012
နိုင်ငံရဲ့ အရေးအကြီးဆုံး ပညာရေး ပြုပြင်ပြောင်းလဲရေး ဖိုရမ်
မြန်မာနိုင်ငံတွင် အဖွဲ့ ၁၄ ဖွဲ့ ပူးပေါင်းပြီး
ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပညာရေး
ဆိုင်ရာ ပထမဆုံးသော ပညာရေးပြုပြင်
ပြောင်းလဲမှု ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို
 အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပ
Wednesday, October 3, 2012
ရွှေဂတ်စ် ပိုက်လိုင်းကို ရပ်ဆိုင်း ထားရန် အဖွဲ့အစည်း ၁၂ ခုမှ တောင်းဆို
လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို
စတင်ရောင်းချတော့မည့်  ရခိုင်ပြည်
နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း  စီမံကိန်းကို
 လောလောဆယ်တွင် ရပ်ဆိုင်းထားရန်
Thursday, September 27, 2012
ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဒေါက်တာ တူးဂျာ၏ သဘောထား အမြင် ထုတ်ပြန်ချက်
Photobucket
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ပြည်ထောင်စုသားတစ်ဦးအနေဖြင့်
 ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပတ်သက်၍ ကျွန်တော့်၏သဘောထား
အမြင်ကို ရက်စွဲ (၂၀-၉-၂၀၁၁)တွင်တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
ရခိုင်ဒေသ လူထု အစည်းအဝေးက နိုင်ငံတော် အစိုးရသို့ တောင်းဆိုချက် (၁၈) ချက်၊ ကန့်ကွက်ချက် (၆) ချက်၊ အကြံပြုချက် (၃)ချက် အတည်ပြု သတ်မှတ်
RTD 19
(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် 
ကျင်းပသောရခိုင်ဒေသလူထုအစည်းအဝေးက နိုင်ငံတော်အစိုးရသို့ 
တင်ပြတောင်းဆိုချက်များ
၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်ခိုးဝင်သူ
 များရှိနေပါ၍ပင်လယ်ပြင်နှင့် နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်
ဆောက်ပေးပါရန်။
Friday, September 21, 2012
ရန်ကုန်မှာ ကျင်ပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဆန္ဒပြုပွဲမှ ကြေငြာချက် ထုတ်ပြန်
Photobucket
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် 
ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက်
 ထုတ်ပြန်ခဲ့ပါသည်။
Thursday, September 6, 2012
အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘော ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်
Photobucket
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘော
ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော်
လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်
Photobucket
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ
 စီမံကိန်းအတွက် အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး နှင့်ပတ်သက်
လျှပ်စစ်(၁)နဲ့လျှပ်စစ်(၂) ပေါင်းပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်း၊ မြန်မာ့ စက်မှု ၀န်ကြီးဌာနအားဖျက်သိမ်း
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
တို့ကို ပူး ပေါင်းပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ