Friday, October 12, 2012

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကြေငြာချက် ထုတ်ပြန်

Photoရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ ကမ်း
လှမ်းထားသည့် ပူးပေါင်းရေးအဆိုကို မဖြစ်မနေ
တည်ဆောက်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
က  ကြေညာချက်ထုတ်ပြန်သည်။



ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League For Democracy) ပါတီ၏ (၂၄)
 နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့
တွင်ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်၍ ၄င်းအချက်အလက်
အပါအဝင် အချက် (၉) ချက်ပါသည့် ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်
သည်။ 
အဆိုပါ ထုတ်ပြန်ချက်တွင်-
(၁) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီအခြေခံမူများ စစ်မှန်သော
      ပြည်ထောင်စုစနစ်နှင့် ဒီမိုကရေစီအခြေခံမှုများ စစ်မှန်သော ပြည်ထောင်စု
      စနစ် နှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန်၊ 
(၂) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊
(၃) စက်တင်ဘာလတွင်းက ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်သူလူထု 
       အစည်းအဝေး၏ ကြေညာချက်ကို ထောက်ခံကြောင်း၊
(၄) ရခိုင်ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများနှင့် ညီညွတ်ရေးတည်ဆောက်ရန်၊
(၅) ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခနှင့်ပတ်သက်၍ ပြည်သူ့
      ခံစားချက်နှင့်တစ်သားတည်းဖြစ်ကြောင်း၊
(၆) ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော ရခိုင်လူမျိုးတို့
      အပေါ် ကျရောက်နေသည့် အဖြစ်ဆိုးများ၏ခါးသီးမှုကို ကျွန်ုပ်တို့အနေဖြင့် 
       ထပ်တူခံစားရကြောင်း၊
 (၇) Sep(၁၁) ရက်နေ့က ကျောက်တော်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်သူတစ်ဦး
       သတ်ဖြတ်ခံရမှုကြောင့် ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် 
      လုံခြုံမှုမရှိဟု ပြည်သူတို့ခံစားရသည့်နည်းတူ ကျွန်ုပ်တို့လည်း ထပ်တူခံစား
      ရကြောင်း၊
(၈) ရခိုင်ပြည်တွင် ဖော်ဆောင်နေသော စီမံကိန်းများ၊ ဌာနေပြည်သူများ အကျိုး
      ခံစားနိုင်ရန်နှင့် ဆိုးကျိုးများကာကွယ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်
(၉) ပြည်သူများ၏အကျိုးကို ပါတီဖွဲ့စည်းပုံပါ မူဝါဒနှင့်လုပ်ငန်းစဉ် ၁၉ ချက်နှင့်          
      အညီ ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသည်။


သတင်းရင်းမြစ်    Popular Myanmar News    

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ