Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, November 8, 2012

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက် သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

Sunday, November 4, 2012

Andriod နှင့် Apple IOS ဖုန်းများတွင် Y-Talk သုံးနိုင်ပြီ

Andriod နှင့် Apple IOS ဖုန်းများတွင် Y-Talk စနစ်ရယူကာ စတင်သုံးစွဲနိုင်တော့မည့် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ရက်နေ့တွင် ပြုလုပ်ခဲ့သည်။


 
 

Monday, October 15, 2012

ဖန်သားပြင်ထဲ သိမ်းဆည်းမှတ်သားနိုင်မည့် Storage device အသစ်

Memory Stick တွေကို အစားထိုးမယ့် နည်း
ပညာလို့ ဂျပန်နည်းပညာ ကုန်ပစ္စည်း ကုမ္မဏီ
 ဟီတာချီမှ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်
ဘာလကုန်ပိုင်းက ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်
ပါတယ်။

Want နှင့် Collect ခလုတ်များကို Facebook စမ်းသပ်သုံးစွဲ

Photo: Want နှင့် Collect ခလုတ်များကို Facebook စမ်းသပ်သုံးစွဲ

နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် Facebook က personal နှင့် retail Facebook စာမျက်နှာများပေါ်တွင် Want နှင့် Collect ခလုတ်သစ်များကို စတင်စမ်းသပ်အသုံးပြုခဲ့ကြောင်း PCMag.com မှ ဖော်ပြခဲ့သည်။ အဆိုပါ feature သစ်များကို Fab.com, Pottery Barn, Wayfair, Smith Optics, Victoria’s Secret, Michael Kors နှင့် Neiman Marcus စသည့် retailer စာမျက်နှာများတွင် စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Want ခလုတ်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များကို အသုံးပြုသူများ၏ ဝယ်ယူလိုသည့်စာရင်း (Wishlist) တွင် ထည့်သွင်းပေးမည်ဖြစ်သည်။ Collect ခလုတ်မှာ အနည်းငယ်ကွဲပြားခြားနားပြီး ၎င်းကို Facebook စာမျက်နှာပေါ်ရှိ ထုတ်ကုန်တစ်ခု၏ ဓာတ်ပုံတစ်ပုံပေါ် တွင် တွေ့မြင်ရမည်ဖြစ်သည်။ အသုံးပြုသူမှ အဆိုပါ ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် ၎င်းထုတ်ကုန်၏ ဓာတ်ပုံကို အသုံးပြုသူ၏ timeline တွင် တင်ကာ အသုံးပြုသူ၏ သူငယ်ချင်းများအား ဖော်ပြပေးမည်ဟု သိရသည်။

အဆိုပါ Facebook Collection ကို Pottery Barn ကုမ္ပဏီ၏ စာမျက်နှာတွင် ပထမဦးဆုံး ဖြန့်ချိပေးခဲ့ခြင်း ဖြစ်ကြောင်း Washingtone Post မှ ဖော်ပြခဲ့သည်။ ထို့အပြင် မကြာသေးမီက ကြေညာခဲ့သည့် Facebook Gifts နှင့်မတူသည့်အချက်မှာ ကုမ္ပဏီတစ်ခု၏ Collection စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ရောင်းချမှုများ အတွက် မည်သည့် တန်ဖိုးဖြတ်တောက်မှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Ref: Inc.com နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်
 Facebook က personal နှင့် retail Facebook 
စာမျက်နှာများပေါ်တွင် Want နှင့် Collect 
ခလုတ်သစ်များကို စတင်စမ်းသပ်အသုံးပြု
ခဲ့ကြောင်း PCMag.com မှ ဖော်ပြခဲ့သည်။ 
 
 
 

Monday, October 1, 2012

မြန်မာပြည်မှာလည်း စာတိုက်ပုံးစနစ် မေးလ် POP 3 သုံးနိုင်ပြီ

စာတိုက်ပုံးစနစ်ကဲ့သို့သော မေးလ်စနစ်
post office protocolကို မြန်မာနိုင်ငံတွင်
ယခင်က သုံးစွဲမရပဲဖြစ်နေရာမှ နည်းပညာ
ပိတ်ဆို့မှုအချို့ကို ဖွင့်ပေးလိုက်သဖြင့် 
ယခုအခါ မြန်မာအင်တာနက် သုံးစွဲသူများ

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ