Monday, October 29, 2012
ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ရခိုင်ပြည်နယ် အရေး ကိစ္စများနှင့် စပ်လျဉ်းသည့် သဘောထား ထုတ်ပြန် ကြေငြာချက်
Photo: ဒီမိုကရေစီမိတ်ဆွေပါတီများ၏ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် စပ်လျဉ်းသည့်သဘောထားထုတ်ပြန်ကြေငြာချက်
          မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်း လူအုပ်စုများအကြာဆူပူ အကြမ်းဖက်မှုများကြောင့် အသက်အိုးအိမ် စည်းစိမ်များး ဆုံးပါး ခဲ့ရပြီဖြစ်ပါသည်။  ထိုမျှမက အေးချမ်းတည်ငြိမ်မှုကို လိုလားသော
ပြည်သူလူထုများအားသဘာဝကပေးအပ်ထားသည့် မွေးရာပါအခွင့်အရေးများဖြစ်သောစားရေး၊ ၀တ်ရေး၊ နေရေး  တို့တွင်အကာအကွယ်မဲ့သည့်အဖြစ်သို့
ရောက်ရှိသွားစေခဲ့ပြီဖြစ်သည်။
       တစ်ဖန် ယင်းဒေသနေ ပြည်သူတို့၏လူအခွင့်အရေးကိုပါ ထိပါးကျူးလွန်ခံရနေရပြီ ဖြစ်သည်။ထိုကြောင့်ရခိုင်ဒေသတွင်   နေထိုင်သူအပေါင်းတို့၏ ငြိမ်းချမ်းစွာနေထိုင်လိုမှုကို အကာအကွယ်ပြုသည့် တရားဥပဒေ စိုးမိုးရေးဘောင်ကို  ကျော်လွန်ဖောက်ဖျက်သည့်ဖြစ်ရပ်များနှင့်ယင်းဖြစ်ရပ်တို ကို ပေါ်ပေါက်စေသော လုပ်ရပ်တို့ကိုကျွန်ုပ်တိုဒီမိုကရေစီမိတ်ဆွေပါတီ  များကလက်မခံကြောင်းနှင့်အထူးပင်စိုးရိမ်မကင်း   ဖြစ်ကြောင်း ဖော်ပြလိုပါသည်။
        ဤကဲ့သို့ လူအုပ်စုနှစ်ခုတို့အကြား အကြမ်းဖက်ဖြေရှင်းနေခြင်းဖြင့်
ပြေလည်မှု မရရှိနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်
အရှိန်အဟုန်ကို ချုပ်ချယ်ဟန့်ထားရာရောက်စေပြီး ငြိမ်းချမ်း စွာ
ဖြေရှင်းပြေလည်လိုမှုကို မဏ္ဍိုင်ပြုသည့် ဒီမိုကရေစီကျင့်စဉ်ကိုလည်း
အားနည်းမှိန်ဖြော့စေပါသည်။ ထိုမျှ မက နိုင်ငံတကာမြင်ကွင်းတွင်လည်း
လပေါင်းများစွာကစ၍ ယနေ့ထိတိုင် ဖြစ်ပွားခဲ့သော တရားမဲ့ပြုကျင့်မှု
များကြောင့် မြန်မာ့နိုင်ငံ၏ဥပဓိရုပ်ကို ညစ်နွမ်းစေလျှက် ယဉ်ကျေးသည်
လူ့အဖွဲ့အစည်းတစ်ခုအဖို့ အရှက် ရစရာ ဖြစ်နေပါသည်။
        သို့ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အလျင်အမြန်
တိုးတက်မှုရရှိစေရန်နှင့် ဆူပူ အကြမ်းဖက်မှုများ နောက်ထပ်တစ်ဖန်
မပေါ်ပေါက်လာစေရန်အတွက် ပြန်လည်နေရာချထားရေးအစီအမံများ နှင့်အတူလူမှုစီးပွားဘ၀များ ပုံမှန်အနေအထားသို့အမြန်ဆုံးပြန်လည်ရောက် ရှိစေေ ရးအတွက် အလေးထား လုပ်ဆောင်ပေးခြင်းများလိုအပ်ပါသည်။
ထို့အပြင် -
(က)     အရပ်ဖက်အုပ်ချုပ်ရေးကိုပံ့ပိုးသော လုံခြုံရေးယန္တရား (Aid to CivilianPower ) အစီအမံများကို ယခုထက် ပိုမိုထိရောက်ကျယ်ပြန့် လျှင်မြန်စွာချမှတ်ဆောင်ရွက်စေရန်၊
(ခ)  တည်ငြိမ်အေးချမ်းရေးကို စောလျင်စွာပြန်လည်ရရှိစေရန်အတွက်ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် အုပ်ချုပ်ရေး အာဏာတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး   ကြိုတင်ဆောင်ရွက်ချက်များ
ဖော်ဆောင်ထားပေးရန်၊
(ဂ)     ရခိုင်ပြည်နယ်တွင်သာမကအခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ
အတွက်ပါ အရေး ပေါ်အခြေအနေတို့တွင် ဥပဒေအရကြိုတင် လုပ်ဆောင်နိုင်ရန်လွှတ်တော်တို့၌လည်းကောင်း ၊ပြည်ထောင်စုလွှတ်တော်၌ လည်းကောင်း တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေဒေသလုံခြုံရေးများကို ဥပဒေပြုအာဏာ အသုံးပြု၍  ထိန်းချုပ်ကွပ်ကဲပေးရန်လိုအပ်ပါသည်။
အထူးပြုဖော်ပြလိုသောအချက်မှာ(၂၅၁၀၂၀၁၂)ရက်စွဲပါ   နိုင်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန် ချက်(၁/၂၀၁၂)၊အပိုဒ်(၆)တွင်-] ဤသို့သော အခြေအနေတွင်တစ်ကျော့ပြန်ဖြစ်ပွားလာသော ဆူပူအကြမ်း ဖက်မှုများသည်   နိုင်ငံတော်၊နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားတို့ကို  ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုထိထိရောက်ရောက်  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထို့ပြင်ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့်  ၄င်း
တို့ကို ဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာအပ်ပါသည်}} ဟု ဖော်ပြထားပါသည်။
        အထက်ပါဖော်ပြချက်အတိုင်း နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသော
လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန်
သမ္မတဦးသိန်းစိန်အစိုးရအား ကျွန်ုပ်တို့ဒီမိုကရေစီမိတ်ဆွေပါတီများက
အလေးအနက် တိုက်တွန်း အပ်ပါသည်။
        ထို့ကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲပဋိပက္ခများဆိုင်ရာ  အကြောင်းအချက်အပြည့်အစုံ၊ ပါဝင်ပတ်သက်သောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်  နိုင်ငံတော်၏ အရေးယူဆောင်ရွက်ချက်များကို  နိုင်ငံ
တကာအသိုင်းအ၀န်းကအမှန်အတိုင်းရှင်းလင်းစွာသဘောပေါက်နားလည်စေရန်မစ်ရှင်ကဲ့သို့ အဖွဲ့အစည်း များ ဖွဲ့စည်း၍ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ရှေ့ဆောင်
နိုင်ငံကြီးများသို့ စေလွှတ်ရှင်းလင်းခြင်းများ ပြုလုပ်ရန်ကိုလည်း
ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် တိုက်တွန်းအကြံပြု အပ်ပါသည်။
နေရာ။   ရန်ကုန်မြို့
ရက်စွဲ။  ၂၀၁၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်
                ဒီမိုကရေစီမိတ်ဆွေပါတီများမြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်း 
လူအုပ်စုများအကြာဆူပူ အကြမ်းဖက်မှု
များကြောင့် အသက်အိုးအိမ် စည်းစိမ်များ
 ဆုံးပါး ခဲ့ရပြီဖြစ်ပါသည်။ထိုမျှမက အေး
ချမ်းတည်ငြိမ်မှုကို လိုလားသော ပြည်သူ
လူထုများအားသဘာဝကပေးအပ်ထားသည့်
 မွေးရာပါအခွင့်အရေးများဖြစ်သောစားရေး၊
သည့်အဖြစ်သို့ရောက်ရှိသွားစေခဲ့ပြီဖြစ်သည်။
ဗဟိုတရားရုံးအား ဟိုတယ် အဖြစ်ပြောင်းရန် မရှိဟုဆို
  ဗြဟိုတရားရုံး အားတွေ့ ရစဉ်မန်မာနိင်ငံ ရင်းနှီးမြုပ်နှံ မှုကော်မရှင် ဥက္ကဌ
  သမ္မတ ရုံးဝန်ကြီး   ဦးစိုးသိန်းက ရန်ကုန်တိုင်း
 ဒေသ ကြီး၊ ကျောက်တံတား မြို့နယ် ရှိ ဗဟို
 တရားရုံး ကို ဟိုတယ် အဖြစ် ပြောင်းလဲ ရန်
 အစီအစဉ် မရှိကြောင်း အောက်တိုဘာ လ ၂၇
 ရက် နေ့က ရှေ့နေများ ကွန်ယက် နှင့် တွေ့
ဆုံရာ တွင် ပြောကြားသည်။
တရုတ်ပြည် အမျိုးသား ဦးရေ တိုးတက်ရန် အတွက် မြန်မာ အမျိုးသမီးများ ၏ ဘ၀များ စတေးနေရ
လူမှောင်ခိုကူးသူ ပွဲစားများ၏ တရုတ်ပြည်အတွင်း
 ရောင်းချခံထားရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး
သည် ၀ယ်ယူထားသူ တရုတ်အမျိုးသားထံမှ ပြန်
လည်ထွက်ပြေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့၊ ကုလ
သမ္မဂနှင့် မြန်မာမာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့တို့၏ အကူအညီဖြင့်  မြန်မာနိုင်ငံသို့ ပြန်လည်
ရောက်ရှိခဲ့ကြောင်း သိရသည်။
Sunday, October 28, 2012
ရခိုင်ပြည်သို့ တင်သွင်းနေသော အရက်များကို ပိတ်ပင်ရန် နိုင်ငံရေး လူပ်ရှားသူ တစ်ဦးမှ ဆရာတော်ကြီးများကို မေတ္တာရပ်ခံ
နိုင်ငံရေး လူပ်ရှားနေသူ လူငယ် တစ်ဦးဖြစ်သူ
 ရခိုင့်အမျိုးသားရေး နိုင်နိုင်မှ ရခိုင်ပြည်နယ်
အတွင်းသို့ ပြည်မမှနေ၍ အရက်များ အတား
အဆီးမရှိ တင်သွင်းနေခြင်းကို တားမြစ် ပိတ်
ပင် ပေးရန် ရခိုင် ဆရာတော်ကြီးများ အပါ
အ၀င် သံဃာထုတစ်ရပ်လုံးသို့ စာရေး မေတ္တာ
ရပ်ခံလိုက်သည်။
ပုဂံမှာ ဆေးရုံလိုအပ်
Photobucketမန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်
မှာရှိတဲ့ ပုဂံမြို့သစ်က ဒေသခံ ပြည်သူတွေ
အတွက် ကျန်းမာရေး စောင့်ရှောက်မှု အထူး လိုအပ်နေတယ်လို့သိရပါတယ်။
ထွက်ပြေးလာသူ လူပေါင်း ၂၀၀၀ ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်
ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင်
 ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့်
ထွက်ပြေးလာသည့် ဘင်္ဂလီ လူမျိုး ၂၀၀၀
 ကျော်ကို မောင်တောမြို့နယ် တောင်ပြို
အနီးတွင် နေရာချထားရန် အာဏာပိုင်
များမှ စီစဉ်နေသည်။
ရန်ကုန် ရခိုင်လူမျိုးများ ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း
ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊
ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စား
လှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူ
များ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့
စည်းလိုက်သည်။
တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ
PL223erweကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊
 တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်
ရေး တပ်မတော် (TSLA)နှင့် ရှမ်းပြည်တိုး 
တက်ရေး တပ်မတော် (SSA) တို့ ပူးပေါင်း 
တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ 
(၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည်
 မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်
ရခိုင်ပြည်နယ်မှာ ဒုက္ခသည် အရေအတွက် နှစ်သောင်းကျော်တိုးလာ
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ
၂၆ ရက်နေ့လောက်အထိ ရခိုင်ပြည်နယ်က
 မြို့နယ် တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး
 ဒုက္ခသည်ဖြစ်ရသူ အရေအတွက်ဟာ ၂၂၀၀၀
 (နှစ်သောင်းနှစ်ထောင်) နဲ့ မီးလောင်ပျက်စီးခဲ့
သမ္မတဆုံးဖြတ်ချက်ကို မာန်အောင်မြို့မှာ ကြိုဆိုဆန္ဒပြ
အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး
 ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို
 ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် 
မာန်အောင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက 
ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀
 ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း လျှောက်ဆန္ဒပြခဲ့ကြပါတယ်။
စမ်းချောင်းမြို့နယ် ကျွန်းလယ် သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ
ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို
ဖျက်သိမ်းပြီး လူနေ ကန်ထရိုက် တိုက်တွေ
တည်ဆောက်မှု စတာတွေကို မကြေနပ်တဲ့
အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်
ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီ   သမဝါယမ
အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့
မနက်ပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊လက်ပန်း
 တောင်းတောင် ကြေးနီစီမံကိန်းအနီး
အနားက လယ်မြေတွေ မှာ တရုတ်နိုင်ငံ
သားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီဖက်က
 အဆောက်အဦးတွေ နေ့ ည ဆက်လက်
 ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့
တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ် မှု များ-- အပိုင်း (၂)
Photo: တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ် မှု များ-- အပိုင်း (၂)
အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ကျော် ချမ်းသာ ကြွယ် ၀သည့် တရုတ် ၀န်ကြီး ချုပ် ၀မ်ကျားပေါင် ၏ ဇနီး ဖြစ်သူ ကျန် ပိုင် လီ သည် ရန်ကုန် မြို့  ရှိ
တရုတ် သံရုံး ၊ မန္တလေး မြို့  ရှိ တရုတ် ကောင်စစ်ဝန် ရုံး တို့  မှ တစ်ဆင့် ကချင် ပြည်နယ် မှ ထွက် ရှိ သော ကျောက်စိမ်း များ ကို သံတမန် ကင်းလွတ်ခွင့် အပါအ၀င် နည်း မျိုးစုံ ဖြင့် ၀ယ်ယူ၍ နယူးယောက် ၊ ပါရီရှိ 
ကျောက် စိမ်း နှင့် လက်ဝတ် လက်စား ဈေးကွက် သို့  ပြန် လည် ရောင်းချ
သည်။
ကျန်ပိုင်လီ သည် ပီကင်း ကျောက်စိမ်း နှင့် လက်ဝတ်ရတနာ ကုမ္ပဏီ ၏ 
ဥက္ကဌ ၊ အမှုဆောင်အရာ ရှိ ချုပ် လည်း ဖြစ်ပြီး တရုတ် ကျောက်မျက် ရတ
နာ အသင်း ၏  ဒုဥက္ကဌ လည်း ဖြစ်သည်။ ကျန် သည် ဘူမိဗေဒ ပညာရှင် 
တစ်ယောက် ဖြစ်သည်။ ကျောက်စိမ်း နှင့် စိန် ကို အထူး ကျွမ်းကျင်သည်။
အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ကျော်
 ချမ်းသာ ကြွယ် ၀သည့် တရုတ် ၀န်ကြီး
ချုပ် ၀မ်ကျားပေါင် ၏ ဇနီး ဖြစ်သူ ကျန် 
ပိုင်လီ သည် ရန်ကုန် မြို့ ရှိတရုတ် သံရုံး
 ၊ မန္တလေး မြို့  ရှိ တရုတ် ကောင်စစ်ဝန် 
ရုံး တို့  မှ တစ်ဆင့် ကချင် ပြည်နယ် မှ 
ထွက် ရှိ သော ကျောက်စိမ်း များ ကို 
တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ်မှု များ -- အပိုင်း (၁)
Photo: တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ်မှု များ -- အပိုင်း (၁) 
မြန်မာ နိုင်ငံ ရှိ တရုတ် သံရုံး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စပြီး 
သတင်းပေး အမြောက်အမြား မွေးမြု လျှက် ရှိ ရာ  မြန်မာ စစ်တပ် တွင်း မှ
ထိပ်တန်း အရာ ရှိ များ ၊ ဌာန ဆိုင်ရာ ၀န်ထမ်းများ ၊ ဖျော်ဖြေရေး နယ်ပယ်
မှ ပုဂ္ဂိုလ်များ ၊ သတင်း နှင့် စာနယ် ဇင်း လုပ်ငန်း တွင် တာဝန် ထမ်းဆောင်
နေ သူများ ၊ ဆိုက်ကား သမား နှင့် KTV ဆိုင် ပိုင်ရှိ ထိ ပါရှိ သည်။ 
သတင်းပေးများ ကို တရုတ် သံရုံး မှ ယုံကြည် စိတ်ချရသည့် လွန်း လုပ်ငန်း
ပိုင် ရှင် တရုတ် သူဌေး တစ်ဦး မှ တစ်ဆင့် ကြီး ကြပ် ကွပ် ကဲ ခြင်း ဖြစ်ပြီး
စီးပွား ရေး ၊ နိုင်ငံ ရေး နယ် ပယ်မှ သတင်း များ ကို မဟာဗန္ဓုလ လမ်း 
လမ်းမတော် မြို့  နယ် ရှိ မြန်မာ ပြည်ဖွား တရုတ် လုပ်ငန်း ရှင် တစ်ဦးမှ
တာဝန်ခံ ကာ တရုတ် သံရုံး သို့  ပို့ ဆောင် ရခြင်း ဖြစ်သည်။ 
တရုတ် သံရုံး မှ ၀န်ထမ်းများ သည် ဟိုတယ် နှင့် ခရီးသွားလာရေး (မြန်မာ)
လုပ်ငန်း များ တွင်း သို့  လည်း ၀င်ရောက် ထိုးဖောက် ပြီး သတင်းရယူမှု
များ ရှိသည်။
တရုတ် သံရုံး သည် ၂၀၁၁ ခုနှစ် တွင် မြန်မာ ပြည်တွင်း ဉ် သတင်း ပေး
၂၀၀ ကျော် ကို အောက်တိုဘာလ မှ စတင် မွေး မြူ ခဲ့ ပြီး ၊ ၂၀၁၂ ခုနှစ်
မေလ လျှပ်စစ်မီးရရှိ ရေး ဖယောင်းတိုင် မီး ထွန်း လှုပ်ရှား မှု နောက် တွင်
သတင်းပေး ၃၀၀ ခန့် ထပ်မံ မွေး မြူ ခဲ့ ပြီး ၊ ပထမ နှင့် ဒုတိယ အကြိမ်
ကြား သတင်း ပေး မွေး မြူ မှု တွင် နိုင်ငံရေး လှုပ်ရှား သူ အချို့  ပင် ပါဝင်ခဲ့
သည်။
မုံရွာ အနီး ရှိ ဆားလင်းကြီး ကြေးနီး သတ္တု စီမံကိန်း ဒေသ ရှိ ပြည်သူ
များ အုံကြွ မှု ဖြစ်သည့် အခါ စစ်ကိုင်း တိုင်း အတွင်း ဉ် မိတ်ဆွေ အဆင့်
သဘောထား သည့် သတင်း ပေး ၂၀ နှင့် ရန်ကုန် မြို့  သင်္ယန်း ကျွန်း တွင်
၁၀ ဦးထပ်မံ မွေး မြူ ခဲ့ သည်။မြန်မာ နိုင်ငံ ရှိ တရုတ် သံရုံး သည်
 ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စပြီး
သတင်းပေး အမြောက်အမြား မွေးမြု 
လျှက် ရှိ ရာ မြန်မာ စစ်တပ် တွင်း မှ
ထိပ်တန်း အရာ ရှိ များ ၊ ဌာန ဆိုင်ရာ 
ဝန်ထမ်းများ ၊ ဖျော်ဖြေရေး နယ်ပယ်
မှ ပုဂ္ဂိုလ်များ ၊ သတင်း နှင့် စာနယ် ဇင်း
 လုပ်ငန်း တွင် တာဝန် ထမ်းဆောင် နေ သူများ ၊ ဆိုက်ကား သမား နှင့် KTV
 ဆိုင် ပိုင်ရှိ ထိ ပါရှိ သည်။
ရခိုင်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား
Photobucketရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်း
ဖက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာ
သည့် အခြေအနေတွင် လုံခြုံရေးတပ်
ဖွဲ့ဝင် အင်အား မလုံလောက်မှုကို အဓိက ထောက်ပြ  ဝေဖန်ပြောကြား
လျက် ရှိပါသည်။
အောက်တိုဘာလ(၂၈)ရက်နေ့ ရခိုင်ပြည်နယ် သတင်းများ
Photobucket စစ်တွေမြို့သို့ ပေါက်တော နယ်မှ
တိမ်းရှောင် နေသူများ ရောက်ရှိ
 နေပြီဖြစ် ကြောင်းသိရသည်။
Saturday, October 27, 2012
KNU အရေးပေါ် အစည်းအဝေးက ကြေညာချက်
ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့
 အောက်တိုဘာလ ၂၇ ရက်နေ့မှာ အထူး 
အရေးပေါ် အစည်း အဝေး ခေါ်ယြူ့ပီး ကြေညာ
ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ 
စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်ကြောင်း KNU ကြေညာ
စစ်ဦးစီးချုပ်အပါအ၀င် ထိပ်တန်းခေါင်းဆောင်
တို့ကို  မူလတာဝန်များ ပြန်လည်ခန့်အပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့
 ကြေညာချက် တရားဝင် ထုတ်ပြန်ခဲ့ပြီး ထိုကြေ
ညာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ
 ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ယနေ့
မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မွတ်စလင် ဒုက္ခသည် ၃၀၀၀ ခန့် စစ်တွေသို့ ရောက်လာ
ရခိုင်ပြည်နယ် ပဋိပက္ခ ဒေသတခုဖြစ်
သော ကျောက်တော်   ဘက်မှ  ယနေ့
နံနက်က ထွက်ပြေးလာသည့် မွတ်စလင်
 လှေ ၅၀ ခန့် စစ်တွေ ကမ်းခြေသို့ ဆိုက်
ကပ်ခဲ့ရာ ယင်းလှေများ    ပေါ်တွင် လူ
                                                ၃၀၀၀ ခန့် လိုက်ပါလာကြောင်း သိရသည်။
ရခိုင်တွင် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာနိုင်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော
ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့်
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေ
ညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ
 အခန်း (၁၁) အရေးပေါ်ကာလ ဆိုင်
ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထဲရေး
ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက တရားဝင်ထုတ်ပြန် ပြောဆိုလိုက်သည်။
ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်
Photobucketမွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး
 စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့်
သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ
လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ
၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။
KIO တော်လှန်ရေး ၅၂ နှစ်ပြည့်တွင် မြန်မာ အစိုးရ တပ်စခန်း များသို့ လက်နက်ကြီး ပစ်ခတ်
Salangkaba-Maji-Naw-Mai-Mungga-htawn-nga-yangအောက်တိုဘာ၂၅ ရက်နေ့ကျရောက်
သော ကချင်လွတ်မြောက်ရေးအဖွဲ့
 (KIO) တော်လှန်ရေး (၅၂) နှစ် ပြည့် အထိန်းအမှတ်နေ့ကို ထောက်ခံသည့်
အနေဖြင့် ၎င်း၏ လက်နက်ကိုင်ဌာန
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)
မှ ကချင်ပြည်နယ် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်းရှိ မြန်မာအစိုးရတပ်
စခန်းများကို အမြောက်များ ပစ်ခတ်ခဲ့သည်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှု အတွင်း သေဆုံးသူ တစ်ရာ ကျော်ရှိနေ
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ
၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့
အကြမ်းဖက် ပဋိပက္ခတွေအတွင်း
 သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊
ဒဏ်ရာရသူအရေအတွက်ဟာ
ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ
-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။
အကြမ်းဖက်မှု ဖြစ်အောင် ဆူပူ လှုံ့ဆော် သူတွေကို အရေးယူမည်
Photobucketရခိုင်ပြည်နယ်အရေးဖြစ်စဉ်တွေမှာ
 နောက်ကွယ်က ကြိုးကိုင်သူ    ၊လှုံ
ဆော်သူတွေကို ပြည်သူတွေ အနေနဲ့
သိရှိပါက ဖော်ထုတ်ပေးဖို့    လိုအပ်
တယ်လို့    နိုင်ငံတော်သမ္မတရုံး   ရဲ့
အကြီးတန်းအရာရှိတစ်ဦးက အောက်
တိုဘာလ ၂၆ ရက်နေ့ က မေတ္တာ ရပ်ခံ
                                                     လိုက်ပါတယ်။
မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ
ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင်
ရက်ပိုင်းတွေအတွင်းက အကြမ်းဖက်
 ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်
ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ရာဂဏန်းရှိ
တဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာ
ကော့ကရိတ်-မြဝတီ တောင်ပတ် ကားလမ်း အသစ် ဖောက်ရန် ထိုင်း ကုမ္ပဏီမှ မကြာမီ စတင် တော့မည်
ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်
-မြဝတီ တောင် ပတ်လမ်း အသစ်ဖောက်
လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံ လမ်းဖောက်
လုပ် ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ်
 နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်
တော့မည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်း ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများကို နိုဝင်ဘာလ မကုန်ခင် ရွေးချယ် နေပြီ
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး
၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို
အသစ်ပြန်လည်ရွေးချယ်ရန် လာမည့် ၂၀၁၂
ခုနှစ်၊ နိုဝင်ဘာလလကုန်တွင် အပြီးသတ်
 ရွေးချယ်သွားမည်ဟု သိရသည်။
ဖက်ဒရယ်ကို အစိုးရက အရင်လို ခါးခါးသီးသီး မပြောတော့ဘူး-ခွန်ထွန်းဦး
SNLD၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား
ဒီမိုကရစီအဖွဲ့ချုပ်ပြီးရင် ဒုတိယ
အမတ်နေရာ အများဆုံးရခဲ့တဲ့  ရှမ်း
တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
 (အက်စ်အန်အယ်လ်ဒီ)တည်ထောင်ခဲ့
တာ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၂၄ နှစ်ရှိပါပြီ။
ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ် သတ်ဖြတ်မှု အပေါ် ALP မှ ရှုတ်ချ
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင်
 ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင်
 မိမိတို့ရပ်ရွာ၊ အသက်အိုးအိမ်များကို
ကာကွယ်နေသည့် ရခိုင်အမျိုးသားများကို
 မြန်မာစစ်တပ်မှ တမင် ချိန်ရွယ် ပစ်ခတ် 
 သတ်ဖြတ်နေသည့်အပေါ် ရခိုင်ပြည်လွတ်မြောက် ရေးပါတီက ရှုတ်ချလိုက်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင် ကွယ်လွန်
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်း
ရေးမှူး ဦးစောမောင်သည် စစ်တွေ နေအိမ်
တွင် အောက်တိုဘာလ ၂၅ ရက်နေ့က
ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိ
ရှိရသည်။
Friday, October 26, 2012
ယနေ့ အောက်တိုဘာ(၂၆) ရခိုင်ပြည်နယ် သတင်းများ
Photo: ၂၅-၁၀-၂၀၁၂ နေ့လည်က လောင်ကျွမ်းခဲ့သော ပေါက်တောမြို့နယ်၊ ဘ၀မ်းကျေးရွာ
photo credit : Sein Down (Facebook) ယနေ့ အောက်တိုဘာလ(၂၆)
ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်
ဖြစ်ပွားလျက်ရှိသည့် အခြေအနေ
များအား စုစည်းဖော်ပြပေးလိုက်
ပါသည်။
သတင်းရင်းမြစ်   Rakhine Straight Views
မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်တွင် ဆန္ဒဖော်ထုတ်မည်
Photo: မိုးထိမိုးမိရွှေလုပ်သားရန်ကုန်တွင် ဆန္ဒဖော်ထုတ်မည်
ရန်ကုန် အောက်တိုဘာ ၂၆
ရမည်းသင်း မိုးထိမိုးမိရွှေလုပ်သားများက အမျိုးသားအကျိုးစီးပွားရေး တိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ၌ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၉နာရီတွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်မည်ဟု သိရသည်။
“အဲ့ဒီကုမ္ပဏီ ရောက်လာပြီးမှ ရွှေလုပ်သား ၅သိန်းလောက်ကနေ့ အခု ၁သောင်းတောင်မပြည့်တော့ဘူး။အရမ်းနစ်နာနေပါပြီ” ဟုအလုပ်သမားခေါင်းဆောင် ဦးရဲရင့်အောင်က ပြောသည်။
အောက်တိုဘာ ၂၆ ရက်နေ့၌ ၃၆ လမ်းရှိ MJNရုံးခန်း၌ ပြုလုပ်သော ရွှေအလုပ်သမားများ နှင့်အသေးစားလုပ်ငန်းရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခြင်းဖြစ်သည်။
ရွှေလုပ်သားများ၏ နစ်နာချက်များနှင့် နှစ်ဥzf<_Uzgပ်အား ကုမ္ပဏီဘက်မှ ချိုးဖောက်မှုများအတွက် အဓိကထား၍ ရွှေလုပ်သား ၁၀၀ခန့် ဆန္ဒထုတ်ဖော်ကြမည်ဟု သိရသည်။
ပြည့်ဖြိုး ရမည်းသင်း မိုးထိမိုးမိရွှေလုပ်သား
များက အမျိုးသားအကျိုးစီးပွားရေး 
 တိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှိရာ 
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း
 ၌ အောက်တိုဘာ ၂၉ ရက်နေ့ နံနက်
 ၉နာရီတွင်ငြိမ်းချမ်းစွာ စုဝေးဆန္ဒ
ထုတ်ဖော်မည်ဟု သိရသည်။
စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ
Photo: စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ
ရေးသားသူ- အားမာန်
ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားမှု အရှည်ကြာဆုံးနိုင်ငံဟု မှတ်တမ်းဝင်နေသော မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှဦးဆောင်လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တာဝန်ပေးမှုအရ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်လာသော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးအောင်မင်းက ၂၀၁၁ အောက်တိုဘာ ၁၉ တွင် အပစ်အခတ်ရပ်စဲရေးကိုပင် နှစ် ၆၀ ကျော်ကြာ သဘောတူညီချက်မရခဲ့ဖူးသော ကေအင်န်ယူအဖွဲ့နှင့် ဆွေးနွေးပြီးစတင်ခဲ့သည်။ တစ်နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ၄၅ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုအထဲတွင် ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်)မှအပ ကျန်တိုင်းရင်းသားအဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
ရရှိခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏ သက်တမ်းတစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့နိုင်ငံများကပင် အံ့သြရလောက်အောင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ အပြောင်းအလဲများခဲ့သော မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန်မှာ နိုင်ငံအတွက် အရေးကြီးဆုံး အကြောင်းအရာများထဲက တစ်ခုဖြစ်သည်။ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်ဆွေးနွေးနေသူလည်းဖြစ်သော နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကို အောက်တိုဘာ ၂၁ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အစိုးရသစ်လက်ထက်မှာ ရထားပို့ဆောင်ရေးဝန်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ဦးဆောင်လုပ်ကိုင်တော့ နိုင်ငံရေးလေ့လာသူတွေ မျက်စိလည်သွားတယ်။ ဘာကြောင့် ရထားပို့ဆောင်ရေးဝန်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်လာရတာလဲ။
လူတစ်ယောက်ရာထူးရတယ်။ အာဏာ၊ လုပ်ပိုင်ခွင့်ရတယ်ဆိုတာ ခေါင်းဆောင်လုပ်တဲ့သူအပေါ်မှာ မူတည်တယ်။ ခေါင်းဆောင်ဆိုတာ အခုလောလောဆယ် ဦးသိန်းစိန်ပေါ့။ ဗိုလ်ချုပ်မှူးကြီးတို့လက်ထက်ကလည်း ဒီလိုပဲ။ ကျွန်တော်တို့ကြိုးစားပြီး လုပ်ခဲ့တာပဲ။ သူတို့က ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို မသိတော့ ကျွန်တော်တို့ကိုမခိုင်းဘူး။ ဘာလို့ မခိုင်းလဲဆိုတော့ အဲဒီမှာ ဘာသာရပ် Attachment ဆိုတာရှိတယ်။ သူက အရင်တုန်းက တွဲလုပ်ခဲ့ဖူးတဲ့သူတွေ၊ သူနဲ့ ခင်တဲ့သူတွေ၊ ဒီ  Attachment  ဖြစ်တဲ့သူတွေကိုပဲခိုင်းတာ။ အခုသမ္မတကြီး၊ သမ္မတဖြစ်လာတော့ သူက ကျွန်တော်တို့ကို ခိုင်းတယ်။ သမ္မတကြီးနဲ့ ကျွန်တော်တို့ပြောကြကြေးဆို ငယ်ငယ်လေးကတည်းက အတူနေခဲ့ဖူးတယ်။ နေခဲ့ဖူးတော့ ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ကို ခိုင်းရင်ရမယ်ဆိုတာသိလို့ ကျွန်တော်တို့ကို ခိုင်းတာပဲ။ ဒါကြောင့် Attachment က စကားပြောတယ်။ အခုက သမ္မတကြီးကနေ တိုက်ရိုက်ခိုင်းလို့ ဟိုမှာသွားပြောတယ်။ သမ္မတကြီးကိုယ်စား ကျွန်တော်က လိုအပ်တာတွေ ဆုံးဖြတ်ချက်တွေ ရဲရဲတင်းတင်း ဆုံးဖြတ်တယ်။ ဒီကိုပြန်လာတော့လည်း သမ္မတကြီးက ကျွန်တော် ဆုံးဖြတ?z^<Nٮ_g?Kwန်ယူတယ်။ သမ္မတကြီးကဘာလို့ခိုင်းလဲဆိုတော့ ယုံလို့ခိုင်းတာ။ ကျွန်တော့်ရဲ့အားသာချက်တွေက ဘာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး မြေပုံမလို၊ စကားပြန်မလိုဘဲ လမ်းပြမလိုဘဲနဲ့ သွားလို့ရတယ်။ ဘာလို့သွားလို့ရလဲဆိုတော့ ၁၉၆၈ တပ်ထဲဝင်တယ်။ ၁၉၇၁ မှာ ဗိုလ်ဖြစ်တယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်တစ်ပြည်လုံးကို မရောက်တဲ့နေရာ တစ်ခုမှမရှိဘူး။ မဆက်ဆံဖူးတဲ့ တိုင်းရင်းသား တစ်ယောက်မှ မရှိဘူး။ တိုင်းရင်းသားတွေနဲ့ တွေ့ရင် သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေခံစားနေရသလ;8GNȯWGw ဘာတွေလိုလဲဆိုတာ အမြဲစဉ်းစားတယ်။ ကိုယ်ချင်းစာတရားထားတယ်။ ကိုယ်မလုပ်နိုင်တာ တိုင်းရင်းသားကိုမခိုင်းဘူး။ ကျွန်တော်စစ်တပ်ထဲမှာ လုပ်ခဲ့ပေမယ့် နာမည်ပျက်တစ်ခုမှ မရှိဘူး။ ရောက်တဲ့နေရာတိုင်း တိုင်းရင်းသားတွေက ချစ်တယ်။ ဒါတွေကို သမ္မတကြီးကသိတယ်။
ကျွန်တော်ကိုယ်တိုင်က ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်ငယ်တုန်းက ထောက်လှမ်းရေးမှာကျတယ်။ ထောက်လှမ်းရေးမှာ များသောအားဖြင့် သူများတွေထောင်ကျမှ ရာထူးတက်တယ်။ သူများတွေ အပြစ်များများ ပေးနိုင်တဲ့အခါမှ ရာထူးတက်တာ၊ ကိုယ့်ထောက်လှမ်းရေးသမိုင်းမှာ တစ်ဦးတစ်ယောက်ကိုမှ ထောင်မချခဲ့ဘူး။ လူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဘူး။ ဒုက္ခရောက်တဲ့သူတွေကို လိုက်ကယ်တာပဲ ရှိတယ်။ ခင်ဗျားတို့ ဒီလူကို အပြစ်ချတာ မှားတယ်။ ဒီလူမှာ အပြစ်မရှိဘူး။ ခင်ဗျာတို့ ဒီလောက်အပြစ်ကြီးချလို့ မရဘူးလို့ ရှေ့နေလိုက်တော့ ကျွန်တော့်ကို ဘယ်လောက်ထိ အပြောခံရဖူးလဲဆိုတော့ ဗိုလ်ချုပ်တင်ဦး(မျက်မှန်ဦးတင်ဦး)က မင်းပွဲခဘယ်လောက်ရလို့ ရှေ့နေလိုက်တာလဲလို့ မေးဖူးတယ်။ ကျွန်တော်ပွဲခရလို့လိုက်တာ မဟုတ်ဘူး။ တကယ်နစ်နာတဲ့သူတွေရှိလို့ သူတို့ဘက်ကရပ်တည်ပြီး ပြောပေးတာလို့ ပြန်ပြောလိုက်တယ်။
ကျွန်တော်ရဲ့စိတ်ဓာတ်က ငြိမ်းချမ်းရေးလိုလားတယ်။ နယ်မြေလည်းကျွမ်းတယ်။ တိုင်းရင်းသားတွေရဲ့ နစ်နာချက်တွေ ခံစားချက်တွေကိုလည်းသိတယ်။ အဲလိုလူမျိုးမှမခိုင်းရင် ဘယ်လိုလူခိုင်းမလဲ။ 
ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ တွေ့ဆုံဆွေးနွေးမှုတွေ အများကြီး လုပ်ရတယ်။ အလုပ်သဘောဆွေးနွေးမှုတွေ အများကြီးလုပ်ရတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့အခါ သူတို့နယ်မြေကို သွားရတယ်။ စခန်းထဲသွားတဲ့အခါ ကိုယ်ပေါ်မှာ လက်နက်ပါ၊ မပါ၊ Body Search လုပ်တယ်။ ၀န်ကြီးတစ်ဦးအနေနဲ့ Body Search လုပ်တာခံရတယ်။ ကျွန်တော်စိတ်မဆိုးဘူး။ ကျွန်တော်က သူတို့စားစေချင်လို့ မုန့်ဝယ်သွားတယ်။ မစားဘူး။ အဆိတ်ခတ်မှာကြောက်လို့။ ပေးတဲ့ဖောင်တိန်တွေ၊ နာရီတွေ သူတို့မယူဘူး။ ဒီထဲမှာ ချိန်ကိုက်ဗုံးတွေ၊ ဘာတွေ သူတို့ကိုဒုက္ခပေးမှာကြောက်လို့ မယူဘူး။ အဲလိုကနေယုံကြည်မှု စတည်ဆောက်ရတာ။ ငြိမ်းချမ်းရေးလက်မှတ်ထိုးတာ ကျွန်တော်ကိုယုံတာလည်း တစ်ပိုင်းပါတယ်။ သမ္မတကြီးပေါ်မှာ ယုံတာလည်း တစ်ပိုင်းပါတယ်။ လူတွေမြင်တာက အခုချက်ချင်းသွား၊ အခုလက်မှတ်ထိုးတယ်လို့ ထင်နေတာ။ အဲဒီမတိုင်ခင်မှာလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲတွေမှာ အများကြီးညှိခဲ့ပြီးခါမှ အဲဒီလို လက်မှတ်ထိုးနိုင်တာ။ ဆွေးနွေးမှုတွေသွားတဲ့အခါ အောင်မြင်ချင်မှအောင်မြင်တာ။ စကားလေးနည်းနည်းမှားသွားတာနဲ့ နောက်ပြန်ဆုတ်သွားမယ်။ ဥပမာ မွန်ပြည်သစ်ပါတီနဲ့ ဘုရားသုံးဆူမှာ စကားသွားပြောတဲ့အခါ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာက ကျွန်တော့်ကို ဘယ်လောက်ထိပြောလဲဆို တစ်နာရီခွဲကြာတယ်။ နှစ်ပေါင်း ၆၀ လုံးမှာ အစိုးရအပေါ် မကျေနပ်တာပုံပြီး ပြောတယ်။ ကျွန်တော်ပြုံးပြီး နားထောင်တယ်။ အဲဒီမှာ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဆို ဒီလောက်အကြာကြီးပြောလို့  စိတ်တွေတိုနေတယ်။ သူ့ကို ခင်ဗျားစိတ်တိုရင် အစည်းအဝေးခန်းထဲက ထွက်သွား။ ဘာမှဝင်မပြောနဲ့။ ခင်ဗျားပြောရင် ပျက်သွားလိမ့်မယ်။ တစ်နာရီခွဲကြာ သူပြောပြီး ပြောစရာမရှိတော့မှ ကျွန်တော်ပြောတာ။ 
တိုင်းရင်းသားတွေတောင်းတဲ့ အဓိကအချက်က တန်းတူညီတူမှု၊  ကြီးကြီးကျယ်ကျယ်ပြောရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံရေးအသုံးအနှုန်းနဲ့ပြောရင် Power Sharing (အာဏာခွဲဝေအသုံးပြုမှု)ပေါ့။ နောက်တစ်ခု သူတို့ဘာတောင်းဆိုလဲဆိုရင် စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလဲဆိုတော့ Resource  Sharing ။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်းထွက်တယ်။ ကျောက်စိမ်းကထွက်တဲ့ ရာခိုင်နှုန်းအမြတ်ကို သူတို့လိုချင်တယ်။ သူတို့ပြည်နယ်တွေကထွက်တဲ့ သတ္တုတွေရဲ့ ရာခိုင်နှုန်းကို သူတို့လိုချင်တယ်။ 
Power Sharing နဲ့ ပတ်သက်လို့ ကျွန်တော်ရဲ့ခံယူချက်ကတော့ ကရင်ပြည်နယ်ကို ကရင်တွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အုပ်ချုပ်ရမယ်။ 
Resource  Sharing လွှတ်တော်က  ဆွေးနွေးတော့မယ်။ ကျောက်စိမ်းဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ရေနံဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ပေးပုံပေးနည်း ရာခိုင်နှုန်းတူချင်မှတူမယ်။ ပေးတဲ့ပိုက်ဆံကိုလည်း တိုင်းနဲ့ပြည်နယ်အစိုးရကိုပဲ ပေးမှာပေါ့။ အစိုးရကလည်း သူ့တိုင်းနဲ့ပြည်နယ်ထဲမှာ လိုတဲ့လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ စတာတွေ လုပ်မှာပေါ့။ ကျွန်တော်တို့က ကြိုစဉ်းစားထားပါတယ်။ 
အရင်းအမြစ် ခွဲဝေသုံးစွဲမှု (Resource Sharing)နဲ့ပတ်သက်ပြီး  ဘယ်လွှတ်တော်မှာ ဆွေးနွေးမှာပါလဲ။
အခုကျင်းပနေတဲ့ လွှတ်တော်မှာ ဆွေးနွေးတော့မှာ။ 
ဝန်ကြီး ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှု ကေအင်ယူနဲ့လုပ်ဖို့ မဲဆောက်ကို မြ၀တီကနေ ကိုယ်တိုင်ကားမောင်းပြီး သွားခဲ့တာ သိရပါတယ်။  ဒီလိုပဲ ဆွေးနွေးမှုတွေလုပ်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေထဲကို အကြိမ်ပေါင်းများစွာသွားခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့အသက်အန္တရာယ်ကို စိုးရိမ်တာမျိုးဖြစ်ဖူးလား။
ငယ်ငယ်တုန်းက စစ်သားလုပ်တဲ့အခါမှာ စိတ်တစ်ခုပဲထားတယ်။ အဲဒီစိတ်က ဘာလဲဆိုတော့ သေရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ဆိုတော့ ဘာမှမကြောက်တော့ဘူး။ အခု အစိုးရ၀န်ကြီး ဖြစ်လာတော့ ပြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ကျွန်တော်လည်း အာဂတိလိုက်စားတာလည်း မရှိဘူး။ ကျွန်တော့်ကို ဘာလို့ထောင်ချမှာလဲ။ မှားခြင်းမှားရင် လုပ်ရင်ကိုင်ရင်း မှားတဲ့အမှားပဲ ရှိမယ်။ ကျွန်တော့်ကို ဖြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ သေရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူး။ ပြုတ်ရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က ဘာမှမကြောက်တော့ဘူး။ ဒီလိုပဲသွားရတာ။ ချင်းမိုင်ကို ကျွန်တော်သွားတဲ့အခါ ကျွန်တော့်ကို မကျေနပ်တဲ့အဖွဲ့အစည်းတစ်ခုက စာအိတ်ထဲမှာ ပစ္စည်းတစ်ခုထည့်ပြီး ပေးလိုက်တယ်။ တိုင်းရင်းသားတွေမှာ အစဉ်အလာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် လူတစ်ယောက်ကို စိန်ခေါ်တဲ့အခါမှာ အဲဒီပစ္စည်းတစ်ခုကို ထည့်ပေးတယ်။ အဲဒီစာအိတ်က ဘာလဲဆိုရင် ကျည်ဆန်တောင့် ထည့်ပေးထားတယ်။ ဒါ ကျွန်တော်ကို စိန်ခေါ်တာ။ ဒီကိစ္စကို မရှုပ်ပါနဲ့ဆိုတဲ့ သဘောပေါ့။ ဒီလို စိန်ခေါ်ခံရတာ။ နောက် သူတို့ဘာပြောလဲဆိုတော့ ဥပမာ အဆင့်အမြင့်ဆုံး အိုဘားမားတောင် သတ်ဖို့လူငှားရင် ဘတ် ၄၂၀၀၀ ပဲပေးရတယ်။ ဘတ် ၄၂၀၀၀ ပေးရင် သတ်ရဲတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဦးအောင်မင်းဆိုရင်တော့ ဘတ် ၁၀၀၀၀ တော့ တန်ကြေးရှိမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မစိုးရိမ်ဘူး။
ပထမဆုံး ကေအင်ယူနဲ့တွေ့တဲ့အခါ ဘန်ကောက်ကနေ မဲဆောက်ကို ၆ နာရီပဲ ကားမောင်းရတဲ့ခရီးက ရေကြီးနေလို့ ရေလွတ်တဲ့တောင်ပေါ်လမ်းတွေက မောင်းရင်းနဲ့ ၁၃ နာရီ မောင်းရတယ်။ ကချင်ဘက်ကိုသွားတော့လည်း ပထမလွယ်ဂျယ်မှာ တွေ့မယ်ဆိုပေမယ့် မိုင်းဂျာရန်အထိခေါ်တယ်။ လိုက်သွားတယ်။ ဒီလိုပဲ စွန့်စွန့်စားစားသွားရတာပဲ။
အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကေအင်ယူနဲ့ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်တာ တွေ့ရတယ်။ တခြား အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အေနဲ့တော့ အခြေအနေက မထူးသေးဘူး။ ဒီအဖွဲ့ကြီးနှစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ကြုံရတဲ့အတွေ့အကြုံက ဘာဖြစ်မလဲ။
ကေအင်န်ယူက နှစ်ပေါင်း ၆၀ လောက် အစိုးရအဖွဲ့နဲ့ ထိတွေ့မှု လုံးဝမရှိဘဲနဲ့ အထင်လွဲနေတယ်။ ယုံကြည်မှုကင်းမဲ့နေတယ်။ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကျွန်တော့်ကိုယုံလာတယ်။ ကျွန်တော်ဘယ်လောက်ထိ ပြောလဲဆိုတော့ ထမင်းစားတဲ့အခါမှာ ခင်ဗျားတို့မစားနဲ့။ ကျွန်တော်အရင်စားမယ်။ ကျွန်တော်မသေတော့မှ ခင်ဗျားတို့စား။ သူတို့အဖွဲ့က ကျွန်တော်တို့ကို ပြောတာရှိတယ်။ ဦးအောင်မင်း ကျွန်တော်တို့ဘက်ကတော့ ကတိတည်မယ်နော်။ ခင်ဗျားတို့ စစ်တပ်က ကတိမတည်ရင် ကျွန်တော်တို့ အပြစ်မပြောနဲ့။ ငြိမ်းချမ်းရေး ပြန်ပျက်နိုင်တယ်လို့ပြောတယ်။ ကျွန်တော်က ပြန်ပြောတယ်။ မှန်တဲ့ဘက်က ရပ်တည်မယ်။ မှန်တဲ့ဘက်က ၀င်ကူမယ်။ 
ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အချက်ခြောက်ချက်နဲ့ ကိုက်ညီရမယ်။ နံပါတ်တစ် ခေါင်းဆောင်လုပ်တဲ့ သမ္မတကြီးကိုယ်တိုင် ငြိမ်းချမ်းရေးလိုလားရမယ်။ နံပါတ်နှစ် လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ နံပါတ်သုံး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တကယ်ထိတွေ့ဆက်ဆံနေတဲ့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ နံပါတ်လေး ပြည်သူပြည်သား သန်း ၆၀ လုံးကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးအတွက်က အားလုံးမှာ တာဝန်ရှိတယ်။ နံပါတ်ငါး နိုင်ငံတကာကလည်း ထောက်ခံအားပေးဖို့ လိုအပ်တယ်။ နံပါတ်ခြောက် ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတဲ့ ပလေယာတွေကောင်းဖို့ အရေးကြီးတယ်။ ဒီအချက် ခြောက်ချက်နဲ့ကိုက်ညီမှ ငြိမ်းချမ်းရေးရတာ။ အခုချိန်က ဒီအချက်ခြောက်ချက်နဲ့ကိုက်ညီတဲ့အချိန် ဖြစ်တယ်။
ဒီအချိန်က အကောင်းအခါဖြစ်တယ်။ ကချင်က တပ်မတော်အစိုးရလက်ထက်ထဲကပါလာတဲ့ ပြဿနာဖြစ်တယ်။ ပြဿနာကို သုံးသပ်တဲ့အခါမှာ ကျွန်တော် ကရင်ကိုကိုင်တယ်။ ကယားကိုကိုင်တယ်။ မွန်ကိုကိုင်တယ်။ သုညကနေစရတာ။ သုညကနေတစ်။ တစ်ကနေနှစ်။ နှစ်ကနေသုံး၊ လေး
စသည်ဖြင့်။ ကချင်ကိစ္စကို တာဝန်ယူရတဲ့အခါကျတော့ သုညကနေ စရတာမဟုတ်ဘူး။ အနုတ်လေးကနေ စရတာ။ အနုတ်လေးကနေ အနုတ်သုံးကိုဆွဲတင်။ အနုတ်သုံးကနေ အနုတ်နှစ်ကိုဆွဲတင်။ အခုဆို အနုတ်တစ်လောက်ကို ရောက်လာပြီ။ မူလအခြေအနေကို မရောက်သေးဘူးနော်။ မူလအခြေအနေကို ရောက်ဖို့က အပစ်အခတ်ရပ်စဲရေး အဓိကလိုပါတယ်။ အပစ်အခတ်ရပ်စဲဖို့လည်း တပ်တွေက ရောထွေးနေတယ်။ ဒီဘက်က တပ်မတော်ကလည်း ရှေ့ကိုကျော်နေတယ်။ သူတို့တပ်တွေကလည်း ဒီဘက်ကိုကျော်နေတယ်။ ဒီဘက်တပ်တွေကလည်း သူတို့နယ်မြေထဲကို ရိက္ခာပို့ရမယ်။ နေမကောင်းတဲ့ လူနာတွေသွားခေါ်ရမယ်။ အဲဒီအခါမှာ ကြားကဖြတ်ဆွဲတာပေါ့။ သူတို့ဘက်ကလူတွေကလည်း ဒီဘက်ကိုကျော်နေတော့ ရိက္ခာပို့တာတို့၊ ဆက်ကြေးကောက်တာတို့မှာ တပ်ကတိုက်တာပေါ့။ အဲဒီတော့ ဘာလုပ်ရမလဲဆိုရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ဘာသာရပ်မှာ တပ်တွေက နောက်ပြန်ဆုတ်ရမယ်။ ဘယ်လောက်ထိ ဆုတ်ရမလဲဆိုတော့ ငါးကီလိုမီတာအထိ ဆုတ်ရမယ်။ ငါးကီလိုမီတာဆိုတာ လက်နက်ငယ်တစ်ကမ်း။ သုံးကြိမ်အလွတ်သဘောဆွေးနွေးပြီး အခုဆွေးနွေးမယ့်အကြိမ်က တပ်တွေရွှေ့ဖို့ကိစ္စပဲ။ တပ်တွေ သူ့နေရာသူ ရောက်သွားရင် တိုက်ပွဲမဖြစ်တော့ဘူး။ အဲဒီကျမှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လုပ်ငန်းစဉ်ကို သွားရမယ်။ အခုဆွေးနွေးမှာက သုညအဆင့်ကိုရောက်အောင် လုပ်မယ့်ဆွေးနွေးပွဲပဲ။ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောတာရှိပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တပ်မတော်က အတိုင်အဖောက်မညီဘူး။  ဥပမာကေအိုင်အိုနဲ့ ကေအိုင်အေနဲ့ ဦးတို့က ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်ကလည်း စစ်တိုက်တာမရပ်ဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးချင်လဲ။
တပ်တွေက သိပ်ရှုပ်ထွေးနေတဲ့အခါမှာ တပ်မှာက Never Say Sorry ။ မှားပစ်ပြီးမှ၊ လူသေပြီးမှ ဆောရီးပြောလို့မရဘူး။ ဟိုဘက်ကလည်း ဆောရီးလို့ မပြောဘူး။ ဦးအောင်ချမှာ။ ဒီလိုရှုပ်ထွေးနေတဲ့ ကာလမှာဖြစ်တာ။ ဒါကို အချိန်နဲ့ကုစားရမယ်။  
အခု ကေအိုင်အို၊ ကေအိုင်အေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အောင်မြင်ဖို့ ယုံကြည်မှုဘယ်လောက်ရှိလဲ။
ယုံကြည်မှုအပြည့်ပဲ။
ယူအင်န်အက်ဖ်စီ(တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)နဲ့ ဘယ်တော့ဆွေးနွေးမှာပါလဲ။
ဒီဇင်ဘာလ ၃၁ ရက်ပါ။
လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပဲ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်ရအောင် လုပ်နေတယ်။ အဲဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့အသံကို နားမထောင်ဘူးလို့ ပြောတာရှိပါတယ်။ ပြည်သူတွေမပါဘဲနဲ့ ထာဝရငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောကြတဲ့အပေါ်မှာ ဘာများမှတ်ချက်ပေးချင်ပါလဲ။
ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လက်နက်ကိုင်နှစ်ဖွဲ့ချင်းပဲ ဆွေးနွေးတာပဲ။ နောက်ပိုင်းကျမှ ပြည်သူလူထုတွေ နိုင်ငံတကာက စောင့်ကြည့်တဲ့သူတွေပါမယ်။ ပြည်သူတွေအခန်းကဏ္ဍလာမယ်။ ဒီအချိန်မှာအရေးကြီးဆုံးက ပြည်သူလူထုပဲ။ သန်း ၆၀ ရှိတဲ့ ပြည်သူလူထုက လက်မခံရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ရပ်တည်လို့မရဘူး။ အစိုးရလည်း ရပ်တည်လို့မရဘူး။ ဘယ်သူမှရပ်တည်လို့မရဘူး။ နောက်ဆုံး အဆုံးအဖြတ်က ပြည်သူလူထုပဲ။ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ စတဲ့
သက်ဆိုင်သူအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို လွှတ်တော်မှာကျင်းပပြီး ထာဝရငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေးပြီး အဖြေရှာ လက်မှတ်ထိုးမယ်လို့ ရည်မှန်းထားကြောင်း သိရပါတယ်။ ဒီအခြေအနေကို ဘယ်တော့ရောက်မယ်လို့ ခန့်မှန်းလဲ။
၂၀၁၅ မှာ နောက်ရွေးကောက်ပွဲလာမယ်။ နောက်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြန်ပါနိုင်စရာ အကြောင်းမရှိဘူး။ ၂၀၁၅ မတိုင်ခင် ကျွန်တော်ရှိတုန်း ပြီးအောင်လုပ်သွားမယ်။ သမ္မတကြီးလည်း ဒီလိုစ?84NϿUzSwကျေးဇူးတင်ပါတယ်။ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားမှု 
အရှည်ကြာဆုံးနိုင်ငံဟု မှတ်တမ်းဝင်
နေသော မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း
 အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
တွင် ရှေ့တန်းမှဦးဆောင်လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။
တူရကီစစ်လေယာဉ် ကိစ္စ အသိပေးခြင်း
တူရကီနိုင်ငံမှ ရောက်ရှိလာသော
 စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်
ပါအတိုင်း ဖြစ်ပါသည်-
(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်
နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာ
မခွဲခြားဘဲ ထောက်ပံ့ပေးမည့်
ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဆိုင်ရာ နည်းဥပဒေထွက်ပြီ
ဧရာဝတီတိုင်းဒေသကြီး၊ပန်း တနော်မြို့နယ်
တွင် တိုင်းဒေသကြီး   အစိုးရအဖွဲ့မှ ရေချိုငါး
လုပ်ငန်း ဥပဒေမထွက်ရှိသေးခင် အငှား ဂရန်
များ၊တင်ဒါချက်များအား လေ လံပစ်ခဲ့ပြီးနောက်
 ရေချိုငါးလုပ်ငန်း ဆိုင်ရာ ဥပဒေထွက်ရှိခဲ့ပြီး
နည်း ဥပဒေမထွက်သေးခြင်းအပေါ် ဒေသ
အတွင်းအင်းနယ်နိမိတ်ကိစ်္စ   များ၊ဘေးမဲ့အင်း
KV.315 ထရန်စဖော်မာအိုးသစ်မှ သံချေးတက် အိုးဟောင်းပြောင်းသွား ပြီး ဓာတ်အား မပြည့်တော့
ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာ
မြို့အမှတ် (၁)ရပ် ကွက်၊ ဘိုပတ်လမ်း
နှင့် နေမျိုး ကျော်ခေါင် လမ်းထောင့်ရှိ  
YTE အမှတ်တံဆိပ်ပါ ၃၁၅ KV ထရန်
စဖော်မာဓာတ်အားအိုးသစ် ကြီးကို
ဒုစရိုက်မှုများကင်းဝေးရန် မီးလင်းရန်လို
မွန်ပြည်နယ်ရှိ မြို့နယ်များ တွင်
လမ်းမီးများမရှိသောကြောင့် မှောင်
ရိပ်ခို၊ လုယက်မှုများ မကြာ ခဏဖြစ်
ပေါ်လေ့ရှိကြောင်း သိရ သည်။
ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာများမှ လှေများဖြင့် ထွက်ပြေးလာသည့် ဘင်္ဂလီများကို မောင်တော မြို့နယ်အတွင်း လက်ခံရန် စီစဉ်နေ
ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာများဖြစ်သည့်
 ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊
 ပေါက်တော စသည့်မြို့နယ်များမှ စက်
လှေများဖြင့် ထွက်ပြေးလာသည့် ဘင်္ဂလီများကို မောင်တောမြို့နယ်အတွင်း
 လက်ခံရန် စီစဉ်လျက်ရှိကြောင်း သတင်း
ရရှိသည်။
ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို
မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအုပ်ချူပ်
ရေးမှူးတဦး တိုက်ရိုက် ပါဝင်ပတ်သက်
သည်ဟု ဆိုသော ရွာသား ၂ဝ လူကုန်
ကူးမှုတခုကို တိုင်ကြားထားသည်မှာ
 နှစ်လတာ ကြာမြင့်ပြီ ဖြစ်သော်လည်း
 စစ်ဆေး အရေးယူမှု မရှိသေးကြောင်း
ကေအိုင်အိုနှင့် အစိုးရ တရုတ်နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံမည်
Photobucket တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတဲ့
 ကေအိုင်အို (ကချင်လွတ်မြောက်ရေး
အဖွဲ့) နဲ့ မြန်မာအစိုးရကြားမှာ ငြိမ်းချမ်း
ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်
စတင်ဖို့ နှစ်ဘက်သဘောတူလိုက်ပါ
တယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ၁၂ ဦးသေဆုံး၊ ၅၀ ခန့် ဒဏ်ရာရရှိ
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊
 မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ခု
ရက်ပိုင်းအတွင်း ဖြစ်ပွားင်ငံတော်
သမ္မတရုံးက သတင်းထုတ်ပြန်လိုက်
ပါတယ်။
ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်
များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ
  လောင်ကျွမ်းနေကြောင်း သိရသည်။
ဆန္ဒပြမည့် သတင်းများ ထွက်ပေါ်၍ လုံခြုံရေးများ ချထား
My Logo ယနေ့မွန်းလွဲ ၁ နာရီ၌ ရန်ကုန်မြို့
ဆူးလေနှင့် အောင်ဆန်းကွင်း နဘေး
 တခြမ်းပဲ့ ဗလီတို့တွင် ဆန္ဒပြမည်ဆို
သည့် သတင်းများ ထွက်ပေါ်နေသဖြင့် 
ပူတာအို ရိက္ခာပြတ်လပ်မှုပြဿနာ လွှတ်တော်တွင် ဆွေးနွေး
Photobucket မနေ့က ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်
အစည်းအဝေးမှာ ကချင်ပြည်နယ် ပူတာအို
မြို့ ရိက္ခာ ပြတ်လပ်တဲ့ အကြောင်း ဆွေးနွေး
ခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်လှန့်ထား
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက
 မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော
 မတည်ငြိမ်မူများနှင့် အဓိဂရုဏ်း
များကြောင့် သူ၏ နယ်စပ်ကို တပ်
လှန့်ထားလိုက်ပြီ ဖြစ်ကြောင်း
သတင်း ရရှိသည်။
ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆူးလေတွင် သံဃာအပါး ၁၀၀ ကျော် ဆန္ဒပြ
Photo
ရခိုင်ပြည်နယ်တွင်း ခုရက်ပိုင်းတွေမှာ ဖြစ်ပွားနေ
တဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင်
 လုပ်ပေးဖို့ အောက်တိုဘာ(၂၅)ရက်နေ့မွန်းလွဲပိုင်း 
၁ နာရီလောက်ကသံဃာတော်အပါး ၁၀၀ ကျော်
လောက် က အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ပွင့်လင်းမြင်သာမှု မရှိတာကြောင့် လက်ပန်းတောင် ဆန္ဒပြမှုတွေဖြစ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည် ကမုံရွာမြို့
လက်ပန်းတောင်း  တောင်ကြေနီ
စီမံကိန်းကိုဒေသခံပြည်သူတွေကန့်
ကွက်ဆန္ဒပြနေကြတာနဲ့ပတ်သက်ပြီး
ကန် ဒု-ဘဏ္ဍာရေးဝန်ကြီး သမ္မတနဲ့တွေ့ဆုံ
အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး
Neal Wolin ဟာ   မြန်မာနိုင်ငံသမ္မတ
 ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရ ထိပ်ပိုင်း အရာရှိတွေနဲ့ အောက်တိုဘာ(၂၅)ရက်နေ့
က နေပြည်တော် မှာ တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဖို့ အမေရိကန် တောင်းဆို
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်
နေတဲ့ အကြမ်းဖက် ဆူပူမှုတွေအပေါ်
အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူး
 စိုးရိမ် ပူပန်မိကြောင်းနဲ့ လက်ရှိ အခြေ
အနေတွေဟာ ခက်ခဲ ရှုပ်ထွေးနေပေ
ရခိုင်ပြဿနာ ကုလစိုးရိမ်
ရခိုင်ပြည်နယ်မှာ အခုလောလောဆယ်
 ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ
အလွန်ဆိုးဝါးနေပြီး ဒီ့ထက်ပိုမိုပြင်းထန်
လာမယ့်အရေး စိုးရိမ်မိကြောင်း ကုလ
သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး
၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ
 အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး
 အပြောင်းအလဲ အကြောင်းကို အခြေခံ
ပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော''
ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း
Photobucketရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်
ပျက်ခဲ့တဲ့ အခြေအနေ တွေနဲ့ ပတ်သက်
 ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း
အောက်တိုဘာလ (၂၅)ရက်နေ့မှာ
အသိပေး ကြေညာချက် တစောင်
 ထုတ်ပြန် ခဲ့ပါတယ်။
ရခိုင်ပဋိပက္ခ ပိုမိုထိရောက်စွာ ဖြေရှင်းရန် အန်အယ်လ်ဒီ ကြေငြာချက်ထုတ်ပြန် တိုက်တွန်း
Photobucketလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ
တွေကို ထိန်းသိမ်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိ
စေဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေးတာဝန်
ရှိသူတွေက ပိုမိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ
အမြန်ဆုံးဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်
ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ကျောက်တော် နဲ့ ရသေ့တောင်အထိ ကူးစက်
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရဲ့တောင်
ဘက် မြို့နားက ပိုက်သည်ရွာမှာ October
၂၅ ရက်နေ့  မနက် ၅ နာရီခွဲခန့်ကစတင်ပြီး
 နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့
ပါတယ်။
သမ္မတအပေါ် ထောက်ခံ ခဲ့ခြင်းသည် ပုဂ္ဂိုလ်ရေးနှင့် နေရာ ရလိုမှု အတွက် ထောက်ခံခဲ့ခြင်း မဟုတ် ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Photobucketအမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးဆောင်ရွက် ချက်ကို
အလေး အနက်ထား ထောက်ခံခဲ့ ခြင်းမှာ
 သမ္မတအား ပုဂ္ဂိုလ်ရေး အရနေရာ ရလို
မှုသက်သက်ဖြင့် ထောက်ခံ ခဲ့ခြင်းမ ဟုတ်
ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီ
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ