Monday, October 29, 2012

တရုတ်ပြည် အမျိုးသား ဦးရေ တိုးတက်ရန် အတွက် မြန်မာ အမျိုးသမီးများ ၏ ဘ၀များ စတေးနေရ

လူမှောင်ခိုကူးသူ ပွဲစားများ၏ တရုတ်ပြည်အတွင်း
 ရောင်းချခံထားရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး
သည် ၀ယ်ယူထားသူ တရုတ်အမျိုးသားထံမှ ပြန်
လည်ထွက်ပြေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့၊ ကုလ
သမ္မဂနှင့် မြန်မာမာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့တို့၏ အကူအညီဖြင့်  မြန်မာနိုင်ငံသို့ ပြန်လည်
ရောက်ရှိခဲ့ကြောင်း သိရသည်။


ရွှေပြည်သာမြို့နယ်မှ မအေးအေး(အမည်လွှဲ) အသက် ၃၂ သည် သြဂုတ်လ ၂၂
ရက်နေ့က တစ်ရပ်ကွက်တည်းတွင် နေထိုင်သူ အသက် (၃၆)နှစ်အရွယ်ခန့်ရှိ
ပွဲစားအမျိုးသမီး၏ အိမ်ဖော်အလုပ် လုပ်ကိုင်ရန် လိုက်ခဲ့ပါဆိုသော ပြောဆိုခေါ်
ဆောင်မှုကြောင့် လိုက်သွားခဲ့ပြီး လားရှိုးသို့ရောက်သည့်အခါတွင် ပွဲစားအမျိုးသမီး
က အခြားသူများ၏လက်သို့ လွှဲပြောင်းပေးခဲ့သည်။

“ကျွန်မတို့ ဒုက္ခရောက်ပြီး အလုပ်မရှိတဲ့အချိန်မှာ ကျွန်မတို့က မစိုးစိုးဆီက ပိုက်ဆံ
တစ်သောင်းချေးမိပါတယ်။ ပိုက်ဆံချေးပေးပြီး မစိုးစိုးကအိမ်ကို ၃/၄ရက်ဆက်တိုက်၊
“ဟိုမှာအလုပ်လုပ်ရင် ပိုက်ဆံရမယ်”ဆိုပြီး လာခေါ်နေတာ။ ကျွန်မတို့ လင်မယား
ကလည်း အလုပ်အကိုင်ရှာတာ အစဉ်မပြေဘူး။ နောက်ပြီး သူ့နဲ့လည်း ရင်နှီးနေတော့
 ကောင်းတဲ့အလုပ်အကိုင်ပဲ ရှာပေးမယ်လို့ယုံပြီးတော့ လိုက်သွားမိတယ်။ မစိုစိုးက
 ကျွန်မကို လားရှိုးကိုခေါ်သွားတယ်။ ဟိုရောက်တော့ စုစုခိုင်မင်း၊ ဦးခိုင်မင်းတို့ သားအဖ
လက်ထဲကိုထဲ့ပေးလိုက်ပြီး သူက နေခဲ့တယ်”ဟု ပြန်လည်ထွက်ပြေး လွတ်မြောက်
လာသူ မအေးအေးကပြောသည်။

ထို့နောက် အဆိုပါပွဲစားများက မအေးအေးအား နမ်တီး၊ ချင်းရွှေ၊ မင်းတိမ်မြို့များသို့ အဆင့်ဆင့်ခေါ်ဆောင်သွားပြီး အခြားပွဲစားတစ်ဦးလက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့ပြန်
သည်။ ထိုသို့အဆင့်ဆင့်လွှဲပြောင်းခေါ်ဆောင်သွားပြီး တရုတ်လူမျိုးများထံတွင် လှည့်
လည်ရောင်းချရာ စက်တင်ဘာ ၂၇ရက်တွင် မအေးအေးအား ရှမ်ဟိုင်းပြည်နယ်၊
ရှမ်တုံမြို့နေ ၀ယ်ယူသူ တရုတ်အမျိုးသားထံသို့ ယွမ်လေးသောင်းဖြင့် ရောင်းချခံ
လိုက်ရကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာ ၂ရက်နေ့တွင် တရုတ်အမျိုးသား
လက်မှ ပြန်လည်ထွက်ပြေး လွတ်မြောက်လာပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ကူညီမှုဖြင့် မူဆယ်သို့လည်းကောင်း၊ ထိုမှတဆင့် ကုလသမ္မဂအဖွဲ့နှင့် လူကုန်ကူးမှု တိုက်ဖျက်
ရေးအဖွဲ့တို့၏ ကူညီဆောင်ရွက်မှုဖြင့် မန္တလေးမှတဆင့် ရန်ကုန်သို့ ပြန်လည်ရောက်
ရှိခဲ့ခြင်းဖြစ်ကြောင်း မအေးအေး၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးငယ်အများစုမှာ တရုတ်အမျိုးသားများအတွက် ကလေးမွေးဖွားပေးရန်အတွက် အသုံးချခံနေကြရပြီး မြန်မာအမျိုးသမီးငယ်အများ
စုမှာ ပြန်စရာလမ်းစရိတ်မရှိသောကြောင့် နေရပ်သို့ မပြန်နိုင်ဖြစ်နေသည်ကိုလည်း မအေးအေး၏ ပြောပြချက်အရသိရသည်။

“မြန်မာမိန်းကလေးအများစုက တရုတ်တွေအတွက် ခလေးမွေးပေးဖို့ အဓိက
ရောင်းစားခံနေရတာပါ။ မွေးတဲ့ကလေးတွေမှာလည်း မိန်းခလေးဆိုရင် သတ်
ပစ်ပါတယ်။ ယောင်္ကျားလေးဆိုမှ ဆက်မွေးစားတယ်။ ကျွန်မတို့မြန်မာမတွေကို
ဝယ်ပြီးပေးစားတဲ့ တရုတ်တွေထဲမှာ ဦးနှောက်ကျပ်မပြည့်တဲ့ ရူးနေတဲ့သူတွေ၊
 ခြေကျိုးမျက်ကန်းတွေနဲ့လည်း ပေးစားတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ သား
အတွက်ဝယ်တယ်၊ ဖအေပါပေါင်းတယ်၊ ညီအစ်ကိုနှစ်ယောက် ပေါင်းတာတွေ
လည်းရှိတယ်။ ကျွန်မသွားခဲ့တဲ့ လမ်းခရီးမှာတွေခဲ့ရတဲ့ မြန်မာမိန်းကလေး
အများစုဟာ အလုပ်ကြမ်းတွေလည်း လုပ်နေကြရတယ်။ တချို့ဆို အရိုက်နှက်
ခံရတာတွေလည်း ရှိနေတယ်”ဟု မအေးအေးက ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရမှုများ
ကို တဆင့်ပြန်လည်ပြောပြသည်။

လူကုန်ကူးသူများ၏ အရောင်းစားခံရသော မြန်မာမိန်းကလေးအများစုသည် ၀ယ်
ယူသူတို့၏အိမ်အတွက် အလုပ်ကြမ်းများကိုလည်း လုပ်ကိုင်ပေးနေရပြီး အိမ်ခန်များ
အတွင်း လှောင်ပိတ်ထားလေ့ရှိကာ အိမ်ရှင်များ အပြင်သွားပါက အိမ်အတွင်းသော့
ပိတ်ခံထားရလေ့ရှိကြောင်း လည်း မအေးအေး၏ပြောပြချက်အရ သိရသည်။

ယခုအခါ မအေးအေးသည် လူကုန်ကူးသူ ပွဲစားအုပ်စုအား မူဆယ်မြို့ လူကုန်ကူးမှု
တိုက်ဖျက်ရေးအဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားထားပြီး ရွှေပြည်သာမြို့နယ်မှ ပွဲစားဖြစ်
သူ မစိုစိုးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ အထက်ပါကိစ္စနှင့်
 ပတ်သက်ပြီး မူဆယ်မြို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ထံ စုံစမ်းမေးမြန်းရန် ဆက်
သွယ်သော်လည်း တယ်လီဖုန်းခေါ်ဆိုမှုမရရှိခဲ့ပါ။


သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်            

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ