Monday, October 29, 2012
ဗဟိုတရားရုံးအား ဟိုတယ် အဖြစ်ပြောင်းရန် မရှိဟုဆို
  ဗြဟိုတရားရုံး အားတွေ့ ရစဉ်မန်မာနိင်ငံ ရင်းနှီးမြုပ်နှံ မှုကော်မရှင် ဥက္ကဌ
  သမ္မတ ရုံးဝန်ကြီး   ဦးစိုးသိန်းက ရန်ကုန်တိုင်း
 ဒေသ ကြီး၊ ကျောက်တံတား မြို့နယ် ရှိ ဗဟို
 တရားရုံး ကို ဟိုတယ် အဖြစ် ပြောင်းလဲ ရန်
 အစီအစဉ် မရှိကြောင်း အောက်တိုဘာ လ ၂၇
 ရက် နေ့က ရှေ့နေများ ကွန်ယက် နှင့် တွေ့
ဆုံရာ တွင် ပြောကြားသည်။
ယင်း ဗဟို တရားရုံး ကြီးမှာ ၁၉၀၅ ခုနှစ် ကတည်းက တည်ဆောက် ထားသဖြင့်
 ပြုပြင် ထိန်းသိမ်း မှုများ လုပ်ရန် လိုအပ် နေသော်လည်း အစိုးရ တွင် ဘတ်ဂျက်
အလုံအလောက် မရှိကြောင်း၊ ပက်စီ ဦးသိန်းထွန်း မှ ပြုပြင်ပြီး တရား ဥပဒေ ဆိုင်
ရာ စာအုပ် စာတမ်းများ လေ့လာ ဖတ်ရှု နိုင်ရန် စာကြည့်တိုက် တစ်ခု လုပ်မည့်
အပြင် အမှုများကိုပါ ဆက် လက် စစ်ဆေးကြားနားသွားရန် စီစဉ် ထား သောကြောင့်
 ဟိုတယ် အဖြစ် သို့ ပြောင်းရန် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အစိုးရ အဖွဲ့ရုံး တွင် ပြုလုပ် သော ရှေ့နေများကွန်ယက်နှင့် တွေ့ဆုံပွဲတွင် ပြောကြား
ခဲ့သည်။
"တကယ်လို့ ရှေ့များ ကွန်ယက်က ငွေရှာပြီး ပြုပြင် ထိန်းသိမ်း နိုင်တယ် ဆိုလဲ ညှိနှိုင်း
 ပေးသွားမယ်" ဟု သမ္မတ ရုံး ၀န်ကြီး ဦးစိုးသိန်းက ဆိုသည်။
 ရန်ကုန်တိုင်း ဒေသကြီးရှိ တိုင်း စုပေါင်း တရားရုံးနှင့် ဗဟို တရားရုံး များသည် မှုလ
 တည်ဆောက် စဉ်က တည်း က တရာရုံး၊ တရား စီရင်ရေး ကိစ္စများ အတွက် တည်
ဆောက် ထားခဲ့ကြောင်း၊ တရားရုံး များ ထိန်းသိမ်းရန် ဘတ်ဂျက် မရှိ ဆိုသည်မှာ မဖြစ်
 နိင်ကြောင်း၊ တရားရုံး စရိတ်နှင့် သိမ်းဆည်း ထားသော ကားများ ကို ရောင်းချ ပါက
 ပြောကြား သည်။
"တရားရုံးဆိုတာ ခမ်းနား ကြီးမားရတယ် အခိုင်အခံ တခမ်းတနား ဆောက်ထားတာ
 တော်ရုံ တန်ရုံ လိမ်ပြီး ထွက်မယ် ဆိုရင်တောင် အရှိန်အ၀ါ ကိုက စ၀င်တာနဲ့ မလိမ်
ရဲအောင် ဖြစ်သွား စေရမယ်" ဟု ဦးကိုနီ က ဗဟို တရားရုံး နှင့် တိုင်း တရားရုံး တို့၏
 ဂုဏ်ရှိန်ဝါ ကို အကြံပေး မှတ်ချက်ပြု ပြောဆိုသည်။
သတင်းရင်းမြစ်    The Voice Weekly    
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ