
ရခိုင်ပြည်နယ်တွင်း ခုရက်ပိုင်းတွေမှာ ဖြစ်ပွားနေ
တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင်
လုပ်ပေးဖို့ အောက်တိုဘာ(၂၅)ရက်နေ့မွန်းလွဲပိုင်း
၁ နာရီလောက်ကသံဃာတော်အပါး ၁၀၀ ကျော်
လောက် က အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ သံဃာတော်တွေက ပိုစတာတွေကိုင်စွဲပြီး ဆူးလေးဘုရား ရင်ပြင်မှာ
လှည့်လည် ဆန္ဒပြခဲ့ကြပြီး ခုရက်ပိုင်းအတွင်း သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား
တွေအတွက် လည်း မေတ္တာပို့ အမျှပေးဝေမှုတွေ လုပ်ခဲ့ကြပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြပွဲကို စောင့်ကြည့်မှုရှိပေမယ့် နှောင့်ယှက်တားဆီးတာတွေ မရှိဘူးလို့ သံဃာတော်တွေက မိန့်ပါတယ်။
သတင်းရင်းမြစ်း DVB ၊ The Voice Weekly



No comments:
Post a Comment