ဒေါ်အောင်ဆန်းစုကြည် ကမုံရွာမြို့
လက်ပန်းတောင်း တောင်ကြေနီ
စီမံကိန်းကိုဒေသခံပြည်သူတွေကန့်
ကွက်ဆန္ဒပြနေကြတာနဲ့ပတ်သက်ပြီး
ဒါဟာ လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပေါ်ပေါက်ရတာဖြစ်
တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်
လွှတ်တော်တက်ရောက်စဉ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က လွှတ်တော်ခန်းမ
အတွင်း သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
လွှတ်တော်တက်ရောက်စဉ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က လွှတ်တော်ခန်းမ
အတွင်း သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခွင့် ရခဲ့စဉ် ခုလိုပြောဆိုခဲ့တာဖြစ်
ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်နိုဝင်္ဘာလ ဒုတိယပတ်အတွင်း
အိန္ဒိယနိုင်ငံကို သွားရောက်တဲ့အခါ ဂျရာဝလာနေရူးဆုခြီးမြှင့်ခံရမှုအတွက်
ဆုရရှိသူတွေဟောပြောပို့ချရတဲ့ အစဉ်အလာအတိုင်း နိုဝင်္ဘာလ ၁၄ ရက်နေ့
မှာ ဟောပြောပို့ချမှဖြစ်ကြောင်းနဲ့ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သိပ္ပံပညာထွန်း
ကားရေးအတွက် နံမည်ကျော် အိန္ဒိယ တက္ကသိုလ်တခုကို သွားရောက်လေ့လာ
မယ်လို့ လည်း RFA ကို ပြောပါတယ်။
တဆက်တည်းမှာပဲ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကွယ်လွန်မှုအတွက် ကြေကွဲ
ဝမ်းနည်းကြောင်း အမှတ်တရ ပြောဆိုခဲ့ပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment