Sunday, October 28, 2012

စမ်းချောင်းမြို့နယ် ကျွန်းလယ် သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ

ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို
ဖျက်သိမ်းပြီး လူနေ ကန်ထရိုက် တိုက်တွေ
တည်ဆောက်မှု စတာတွေကို မကြေနပ်တဲ့
အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်
ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီ   သမဝါယမ
အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့
မနက်ပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။


သမဝါယမ အဆောက်အဦးကိစ္စ ဖြေရှင်းပေးဖို့နဲ့ ငွေစာရင်း အလွဲသုံးစားလုပ်သူတွေ
ကို ဖော်ထုတ်အရေးယူပေးဖို့ စတဲ့အချက်(၁၁) နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့
သမဝါယမအသင်းဝင် ကိုတင်ထက်ကိုက RFA ကို ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက ကြိုတင်ခွင့်ပြုချက်ရယူ ဆန္ဒပြခဲ့တာဖြစ်
ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ ပြုလုပ်ဖို့ ခွင့်ပြုချက်ရရှိထားတဲ့ နေရာမှာ မော်တော်ကား
နှစ်စီးက လာရောက်ပိတ်ဆို့ ရပ်နားထားခဲ့တဲ့အတွက် ဆန္ဒပြသူတွေကို အနှောင့်အယှက်
ဖြစ်ပေါ်စေခဲ့တာကြောင့် ဆန္ဒပြသူတွေအနေနဲ့ အဲဒီမော်တော်ကားနှစ်စီးရဲ့ ပိုင်ရှင်တွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲက တောင်းဆိုချက် (၁၁) ချက်ကို သက်ဆိုင်ရာ သမ၀ါယမဝန်ကြီး
ဌာနက သီတင်း (၃)ပတ်အတွင်း ဖြေရှင်း မပေးဘူးဆိုရင် စီတန်းလမ်းလျှောက်ဆန္ဒပြ
ဖို့ ဆက်လက်စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။


သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ