
သော ကချင်လွတ်မြောက်ရေးအဖွဲ့
(KIO) တော်လှန်ရေး (၅၂) နှစ် ပြည့် အထိန်းအမှတ်နေ့ကို ထောက်ခံသည့်
အနေဖြင့် ၎င်း၏ လက်နက်ကိုင်ဌာန
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)
မှ ကချင်ပြည်နယ် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်းရှိ မြန်မာအစိုးရတပ်
စခန်းများကို အမြောက်များ ပစ်ခတ်ခဲ့သည်။
မြစ်ကြီးနား-လိုင်ဇာနှင့် လိုင်ဇာ-မန်မော်ကြားရှိ မြန်မာအစိုးရတပ်စခန်းများသို့ KIA
တပ်မဟာ (၅) လက်အောက် တပ်ရင်း ၁၉၊ ၂၄ နှင့် ၂၅ များမှ ၆၀ မမ အမြောက်ဖြင့်
ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အထိန်းအမှတ်နေ့ကို ထောက်ခံသည့်အနေဖြင့် ၎င်းဝန်းကျင်တွင်ရှိသော မြန်မာ
အစိုးရတပ်စခန်း ၈ ခုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ စခန်းတစ်ခုတွင် ၆၀
အမြောက်ဖြင့် ၃ ကြိမ်ပစ်ခဲ့ကြောင်းအရာရှိ တစ်ဦး KNG ကချင်သတင်းဌာနသို့ပြော
သည်။
“ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ post အားလုံးနီးပါးမှာ ပစ်တယ်။ သေဆုံးဒဏ်ရာ
ရတာရှိနိုင်တယ်။ Post (စခန်း) အထဲမှာပစ်တယ်ဆိုတော့။ အတိအကျတော့ မသိ
သေးဘူး။” ဟုဆိုသည်။
မြန်မာအစိုးရတပ်များမှလည်း ညနေပိုင်းတွင် ၁၂၀ မမ ဖြင့် မြစ်ကြီးနား-ဂန်ဒေါင်ယန်
လမ်း မြန်မာအစိုးရတပ် ခလရ (၁၀၆)မှ ၆ ကြိမ်ပစ်ပြီး ဒေါ့ဖုန်းယန် ခလရ (၁၄၂) တပ်
မှ ၆ ကြိမ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိများဆိုသည်။
ထို့အတူ မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ မြန်မာအစိုးရတပ် တိန်လုံ (Ting
Lung) စခန်းသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း
(၂၄)မှ ၎င်းစခန်းသို့ ၂၅ ရက် ည ၈ နာရီချိန်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ
အစိုးရတပ်မှ ၁ ဦးသေဆုံးကြောင်း ရှေ့တန်းမှ အရာရှိဆိုသည်။
“၁ မိနစ်လောက်ပစ်ပြီး ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က ဒဏ်ရာရတာလဲများ
မယ်။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ စခန်းအတွင်းထဲ ပစ်ပြီး ပြန်ဆုတ်လိုက်
တယ်ဆိုတော့။”
၎င်းစခန်းတွင် မြန်မာအစိုးရတပ် ခမရ (၆၀၁)နှင့် (၃၈၇) စုပေါင်းတပ်များ ဖြစ်ပြီး
အင်အား ၁၀၀ ကျော် ရှိကြောင်းသိရသည်။ ထိုမြန်မာအစိုးရတပ်သည် တပ်အတွင်း
အဖွဲ့လိုက် လဖ္ဘက်ရည်သောက်နေချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပစ်ခတ်
လိုက်ခြင်း ဖြစ်သည်။
ထိုသို့မြန်မာအစိုးရတပ်မှ သေဆုံးးဒဏ်ရာရရှိမှုဖြစ်ပွားပြီး ၎င်းအစိုးရတပ်သည် ည
၁၂ နာရီချိန်ထိ အမြောက်၊ စက်လက်နက်များဖြင့် ထင်ရာစိုင်း ပစ်ခတ်နေကြောင်း
အရာရှိများဆိုသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား လတ်တလောတိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
သတင်းရင်းမြစ်း ကချင်သတင်းဌာန(KNG)
No comments:
Post a Comment