စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်
ပါအတိုင်း ဖြစ်ပါသည်-
(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်
နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာ
မခွဲခြားဘဲ ထောက်ပံ့ပေးမည့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်
လာသော C-130 လေယာဉ်များ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးပေါ်တွင် ပါ
ရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်း
လေယာဉ်(၂)စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ
လာပါသည်။
(၂) ယနေ့(၂၆-၁၀-၂၀၁၂ရက်နေ့)တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့
မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။
မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေး
ရမည်ဟု ခန့်မှန်းထားပါသည်။
(၃) ယင်းစားသောက်ကုန်များကို ရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာ လွှဲပြောင်း
ပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်
အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။
(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါ
အတိုင်း ဖြစ်ပါသည်-
- Candy 2280 Boxes
- Food 960 Parcels
- Biscuit 11000 Bags
- Slipper 500 Boxes
- Clothing 1000 Packages
- Toy 500 Boxes
(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။
(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။
သတင်းရင်းမြစ်း Hmuu Zaw (Facebook )
တူရကီနိုင်ငံမှ စစ်ဘက်သုံးလေယာဉ်နှစ်စီးရောက်ရှိမှုအပေါ်
Eleven Media Group ၏ သတင်းဖော်ပြချက် တူရကီနိုင်ငံမှ စစ်ဘက်သုံးလေယာဉ်နှစ်စီး အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့
အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
တူရကီနိုင်ငံမှ စစ်ဘက်သုံးလေယာဉ်နှစ်စီးဆိုက်ရောက်ခဲ့ပြီး၊ ယင်းလေယာဉ်
တွင် တူရကီစစ်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးအပါအ၀င် crew
၁၄ဦးပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တူရကီစစ်ဘက်သုံးလေယာဉ်တွင် ပါဝင်လာသော crew ၁၄ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ညွှန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာ
လေဆိပ်၊Immigration
ဌာနသို့ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါစစ်ဘက်လေယာဉ်တွင် ပါဝင်လာသူများမှာ မည်သည့်အရေးကိစ္စဖြင့်
အဆိုပါစစ်ဘက်လေယာဉ်တွင် ပါဝင်လာသူများမှာ မည်သည့်အရေးကိစ္စဖြင့်
လာရောက်ခြင်းဖြစ်သည်ကိုမူ
လက်ရှိအချိန်ထိ သိရခြင်းမရှိသေးကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment