
တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရေချိုငါး
လုပ်ငန်း ဥပဒေမထွက်ရှိသေးခင် အငှား ဂရန်
များ၊တင်ဒါချက်များအား လေ လံပစ်ခဲ့ပြီးနောက်
ရေချိုငါးလုပ်ငန်း ဆိုင်ရာ ဥပဒေထွက်ရှိခဲ့ပြီး
နည်း ဥပဒေမထွက်သေးခြင်းအပေါ် ဒေသ
အတွင်းအင်းနယ်နိမိတ်ကိစ်္စ များ၊ဘေးမဲ့အင်း
ကိစ္စများ၊ဘုံးငါး ဖမ်းကွက်ကိစ်္စများ၊ငါးဖမ်းကိရိယာ များအကြား အငြင်းပွားမှုများဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။
ယခုအခါ တိုင်းဒေသကြီး အစိုးရ၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန နည်းဥပဒေ ထွက်ရှိပြီဖြစ်ပြီး ယင်း
နည်းဥပဒေ တွင် အခန်း(၁၄)ခန်းရှိပါသည်။
ယင်းနည်းဥဒေထဲတွင် ရေ ပေါ်ရေလျှံလုပ်သားများအား ငါး လုပ်ငန်းဦးစီးဌာနမှ
သတ်မှတ်ထား သော အခွန်လွတ်ကိရိယာဖြင့် ငါးဖမ်းခြင်းကို ကြေးတိုင်အင်း၊ သီးသန့်အင်း၊ဘေးမဲ့အင်းနှင့်တင်ဒါ ချက်များမှလွဲ၍ တပိုင်တနိုင်ဝမ်း ရေးအတွက်
စီးပွားဖြစ်မဟုတ် သော ရှာဖွေစားသောက်ခြင်းကို ခွင့်ပြုနိုင်ကြောင်းပါသည်။
အထက် ဆည်နှင့်အောက်ဆည်ရေစီးရေ လာဆက်စပ်နေပါက အထက် ဆည်၏ အင်းနယ်နိမိတ်အတွင်းရှိ နောက်ဆုံးဆည်ခြေရင်းရေပြင်ရှိ အောက်ဆည်အငှား
ဂရန်ရရှိသူ က ပိုင်ဆိုင်ခွင့်ရမည်ဟု လည်း ကောင်း တင်ဒါနယ်နိမိတ်အတွင်း ရေ
ပေါ်ရေလျှံရေလုပ်သားများ ရှာဖွေစားသောက်ခြင်းကို ဥပဒေ ရေချိုငါးလုပ်ငန်း
ဆိုင်ရာအခန်း ဥပဒေများနှင့်အညီခွင့်ပြုရမည်ဟု လည်းကောင်း၊ဘုန်းကြီးကျောင်း
ပရ၀ုဏ်မှ ကိုက် ၁၀၀အတွင်းငါး ဖမ်းခြင်းကို ရှောင်ရှားရမည်ဟု လည်းကောင်း၊
တင်ဒါချကအစိတ် အပိုင်းတစ်ခုခုကို ဦးစီးဌာန၏ခွင့် ပြုချက်ဖြင့် အခြားသူတစ်ဦး
သို့ ဖြစ်စေ၊အများသို့ဖြစ်စေ ငါးဖမ်း ဆီးခွင့်ကို တိုက်ရိုက်သော်လည်း ကောင်း၊သွယ်
ဝိုက်၍လည်းကောင်း အငှားချထားနိုင်ခွင့်ရရှိမည်ဟု လည်းကောင်း၊နယ်နိမိတ်
အတိုင်း အတာသတ်မှတ်ရာ၌ သက်ဆိုင် ရာအစိုးရဌာနအဖွဲ့အစည်းတစ်ခုခု ၏
နယ်မြေအတွင်းဖြစ်ပါက ဥ;xw|WoߴKwရ သက်ဆိုင်ရာအစိုးရ ဌာနနှင့်ညှိနှိုင်း
၍ နယ်နိမိတ်ကို သတ်မှတ်ဖော်ပြရမည်ဟုလည်း ကောင်းပါရှိပါသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ရေပေါ်ရေလျှံရေလုပ်သားများ ရှာဖွေစားသောက်
ခွင့်ရှိသော အခွန် လွတ်ငါးဖမ်းကိရိယာများ အရေ အတွက်ကို ခွင့်ပြုသတ်မှတ်ရ
မည် ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး ရေ ချိုငါးဖမ်းလုပ်ငန်းဥပဒေ(၂/၂၀၁၂) အရ အရေးယူ
ဆောင်ရွက်ရန် နည်းလမ်းများနှင့်စပ်လျဉ်း၍လည်း ရေချိုငါးလုပ်ငန်းဆိုင်ရာနည်း
ဥပဒေ တွင် သတ်မှတ်ထားရှိခြင်းမရှိလျှင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်း
ချက်များကို ကျင့်သုံးနိုင် ကြောင်းလည်းသိရှိရသည်။
သတင်းရင်းမြစ်း Hot News Weekly Journal
No comments:
Post a Comment