Friday, October 26, 2012

ပူတာအို ရိက္ခာပြတ်လပ်မှုပြဿနာ လွှတ်တော်တွင် ဆွေးနွေး

Photobucket မနေ့က ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်
အစည်းအဝေးမှာ ကချင်ပြည်နယ် ပူတာအို
မြို့ ရိက္ခာ ပြတ်လပ်တဲ့ အကြောင်း ဆွေးနွေး
ခဲ့ပါတယ်။






ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့
 ပြဿနာကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ်
ဦးသိန်းဇော်က အရေးပေါ်အဆိုဖြစ် တင်သွင်းခဲ့တာလို့ အမျိုးသားဒီမိုကရေစီ
အင်အားစုပါတီ ပြည်သူ့လွှတ်တော်အမတ်  ဦးစိုးဝင်းက ပြောပါတယ်။

“ဦးသိန်းဇော်က လက်ရှိ ပူတာအိုခရိုင်မှာ လူဦးရေနဲ့ လူတွေအတွက် အခုက
လမ်းပန်းဆက်သွယ်ရေး သွားလို့ မရတဲ့အတွက် စားဝတ်နေရေး အတော်
အဆင်မပြေဖြစ်နေတယ်။ ဆန်ဆိုရင် ဆန်တပြည်ကို ၄ ထောင်လောက်ထိ
တောင် ဖြစ်သွားတယ်။ အဲဒေသကို ကောင်းမွန်ဖို့၊ အားဖြည့်ဖို့ နိုင်ငံတော်က
တည်ဆောက်ပေးဖို့၊ အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း
တံတားတွေ ပြန်လုပ်ပေးဖို့။ အခုက တံတားတွေ အချိုးခံထားရတယ်လေ။
ပူတာအိုနေရာက လုံးဝကို ကားလမ်းက သွားလို့မရတော့ လေယာဉ်နဲ့ပဲ
သွားလို့ရတယ်။ ဒါတွေကို ပြန်လုပ်ပေးဖို့ပေါ့။”

ကချင်ပြည်နယ် ပူတာအိုမှာ ရာသီဥတုဘေးနဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ပြင်ပက စားနပ်ရိက္ခာတွေ တင်ပို့လို့ မရဘဲ
 ဒေသခံတွေဟာ လအတန်ကြာကတည်းက ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ တာ ဖြစ်
ပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်ရဲ့ အရေးပေါ်အဆိုကို
 ပြည်သူ့ လွှတ်တော်မှာ မှတ်တမ်းတင်ထားပြီး ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်း
ရေးရဖို့ကိုလည်း ပူတာအိုမြို့နယ် လွှတ်တော်အမတ်က အဆိုတင်သွင်းသွားတာကို
 ပြည်ထဲရေးက ဒု-၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။


သတင်းရင်းမြစ်    DVB

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ