
ကေအိုင်အို (ကချင်လွတ်မြောက်ရေး
အဖွဲ့) နဲ့ မြန်မာအစိုးရကြားမှာ ငြိမ်းချမ်း
ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်
စတင်ဖို့ နှစ်ဘက်သဘောတူလိုက်ပါ
တယ်။
အစိုးရကို အကြောင်းကြားခဲ့ပြီး အစိုးရဘက်ကလည်း သဘောတူကြောင်း မနေ့က
ပြန်ကြားလာတယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါ
တယ်။
ဆွေးနွေးပွဲမှာ ပါဝင်မယ့် ၂ ဘက်ကိုယ်စားလှယ် အမည်စာရင်းကို မသိရသေး
ပေမယ့်လည်း စစ်ဘက်ရေးရာမှာ ပါဝင်ဆုံးဖြတ်နိုင်မယ့် ပုဂ္ဂိုလ်တွေ ပါလာမယ်
ဆိုရင် အခုတိုက်ပွဲဖြစ်နေတဲ့ စစ်ရေးအရှိန်တွေ လျှော့ချနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ တိုးတက်လာဖွယ်ရှိတယ်လို့ ဦးလမိုင်ဂွန်ဂျာက သုံးသပ်ပါတယ်။
အစိုးရတပ်က အလိုရှိတဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ကိစ္စ ကေအိုင်အိုက
ငြင်းပယ်ခဲ့ပြီးတဲ့ နောက်ပိုင်း နှစ်ဘက်တပ်တွေကြားမှာ မနှစ်ဇွန်လကစပြီး တိုက်ပွဲ
အကြိမ်ပေါင်း ၁ ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။
အပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး
ကိုယ်စားလှယ်နဲ့ ကေအိုင်အိုကြား အလွတ်သဘောရော၊ တရားဝင်အနေနဲ့ပါ
အနည်းဆုံး ၆ ကြိမ် ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တွေ မရခဲ့ဘူးလို့
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေက ပြောပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment