Friday, October 26, 2012

ဒုစရိုက်မှုများကင်းဝေးရန် မီးလင်းရန်လို

မွန်ပြည်နယ်ရှိ မြို့နယ်များ တွင်
လမ်းမီးများမရှိသောကြောင့် မှောင်
ရိပ်ခို၊ လုယက်မှုများ မကြာ ခဏဖြစ်
ပေါ်လေ့ရှိကြောင်း သိရ သည်။


 မော်လမြိုင်မြို့၏ အချို့ နေရာများတွင် လမ်းမီးလုံးများ မရှိခြင်း၊ ရှိနေသော မီးလုံး၊
မီးချောင်း များ ပျက်စီးနေခြင်းကို အခွင့် ကောင်းယူကာ လုယက်မှုဖြင့် စီးပွားရှာ
နေသော လူတချို့က လမ်းသွားလမ်းလာဆိုင်ကယ်များ၊ ခရီးသွားများကို နှောင့်
ယှက်ခြင်း များမကြာခဏပြုလုပ်နေကြောင်း သိရသည်။

““ကျွန်တော် ယောက္ခမအိမ် က အပြန် (၁၂-၈-၂၀၁၂)နေ့ည (၈း၃၀)နာရီအချိန်တွင်
 ပြည်နယ် စည်ပင်သာယာရေးရုံးအနားမှာ လုယက်မှုတစ်ခု ဖြစ်သွားတယ်။ အဲဒီ
နေရာက မီးမှောင်နေတယ်။ ဆိုင်ကယ်မှောက်လဲသွားတယ်။ ပိုက်ဆံအိတ်လည်း
ပါသွားတယ်။ အလုခံရတဲ့သူလည်း ဆိုင်ကယ် မှောက်လို့ ကွဲပြဲပြီး ဆေးရုံရောက်
သွားတယ်။ တရားခံမိ/မမိတော့ ကျွန်တော်မသိဘူး။ လွန်ခဲ့တဲ့ (၁၀)ရောက်က
ကျိုက်သုတ်ဘုရား အနားမှာလူနှစ်ယောက် ကျွန် တော့်သူငယ်ချင်းလွယ်ထားတဲ့
ပိုက်ဆံအိတ်ကို လုဖို့လုပ်တော့ သူလည်း သတိကြီးကြီးနဲ့ မောင်း ပြေးတာ မျက်ခြေ
ပြတ်သွားတယ်။ ကျိုက်သုတ်ဘုရားနဲ့ မွန်ပြည်နယ် အစိုးရရုံးကြား တစ်ဝိုက်မှာ မီး
 မှောင်တယ်။ မီးရောင်မလင်းတာ က လုယက်သူ သူခိုးတွေကို ဖိတ် ခေါ်နေတာနဲ့
တူတယ်။ ဒုစရိုက်မှု ကို အားပေးနေတာနဲ့တူတယ်””ဟု ဦးအောင်မျိုးသူက ပြောကြား
ခဲ့ သည်။

““ကျွန်မတို့ ဆိုင်ကယ်နဲ့ ဖြတ် လာတော့ လူငယ်တစ်ဦး ဆိုယ် ကယ်တိုက်မိတော့
မလို ပုံစံမျိုး မကြာခဏ လုပ်နေတာတွေ့ရ တယ်။ သူတို့တွေကို အများအား ဖြင့်
မြို့ရှောင်လမ်းနဲ့ အသေ တိုက်အဆင်းလမ်း၊ သိပ္ပံလမ်းနဲ့ မော်လမြိုင်နဲ့ ပေါင်မြို့
နယ်ကြား မှာ အများဆုံးတွေ့ရတယ်။ အဲဒီ နေရာတွေက မီးမလင်းတော့ ည (၉)
နာရီနောက်ပိုင်းဆို လူတွေ လည်း သိပ်မသွားရဲကြတော့ဘူး။ နေရာအနှံ့မှာ လျှပ်စစ်
မီးလင်းနေ မယ်ဆိုရင် ဒီလို ဒုစရိုက်သမား တွေလည်း ရှိမှာမဟုတ်ဘူး””ဟု
မအေးသန္တာဦး (ကုန်ရောင်းကုန် ၀ယ် (တစ်နည်း)ကုန်သည်) တစ် ဦးမှ ပြောသည်။

ဖြစ်စဉ်များကို သုံးသပ်ကြည့် လျင် မီးမှောင်နေမှုကို ဒုစရိုက် သမားများအခွင့်ကောင်း
ယူကာ ပြစ်မှုကျူးလွန်လေ့ရှိရာ အကယ် ၍ နေရာအနှံ့တွင် မီးလင်းနေပါ က လမ်းမီး
များ လင်းထိန်နေပါက အလွယ်တကူ ပြစ်မှုကျူးလွန်နိုင် မယ် မဟုတ်ကြောင်း ဒေသခံ
 ပြည်သူများက သုံးသပ်ပြောကြား နေကြောင်း သတင်းရရှိသည်။


သတင်းရင်းမြစ်   Hot News Weekly Journal

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ