Monday, October 15, 2012

Want နှင့် Collect ခလုတ်များကို Facebook စမ်းသပ်သုံးစွဲ

Photo: Want နှင့် Collect ခလုတ်များကို Facebook စမ်းသပ်သုံးစွဲ

နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် Facebook က personal နှင့် retail Facebook စာမျက်နှာများပေါ်တွင် Want နှင့် Collect ခလုတ်သစ်များကို စတင်စမ်းသပ်အသုံးပြုခဲ့ကြောင်း PCMag.com မှ ဖော်ပြခဲ့သည်။ အဆိုပါ feature သစ်များကို Fab.com, Pottery Barn, Wayfair, Smith Optics, Victoria’s Secret, Michael Kors နှင့် Neiman Marcus စသည့် retailer စာမျက်နှာများတွင် စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Want ခလုတ်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များကို အသုံးပြုသူများ၏ ဝယ်ယူလိုသည့်စာရင်း (Wishlist) တွင် ထည့်သွင်းပေးမည်ဖြစ်သည်။ Collect ခလုတ်မှာ အနည်းငယ်ကွဲပြားခြားနားပြီး ၎င်းကို Facebook စာမျက်နှာပေါ်ရှိ ထုတ်ကုန်တစ်ခု၏ ဓာတ်ပုံတစ်ပုံပေါ် တွင် တွေ့မြင်ရမည်ဖြစ်သည်။ အသုံးပြုသူမှ အဆိုပါ ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် ၎င်းထုတ်ကုန်၏ ဓာတ်ပုံကို အသုံးပြုသူ၏ timeline တွင် တင်ကာ အသုံးပြုသူ၏ သူငယ်ချင်းများအား ဖော်ပြပေးမည်ဟု သိရသည်။

အဆိုပါ Facebook Collection ကို Pottery Barn ကုမ္ပဏီ၏ စာမျက်နှာတွင် ပထမဦးဆုံး ဖြန့်ချိပေးခဲ့ခြင်း ဖြစ်ကြောင်း Washingtone Post မှ ဖော်ပြခဲ့သည်။ ထို့အပြင် မကြာသေးမီက ကြေညာခဲ့သည့် Facebook Gifts နှင့်မတူသည့်အချက်မှာ ကုမ္ပဏီတစ်ခု၏ Collection စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ရောင်းချမှုများ အတွက် မည်သည့် တန်ဖိုးဖြတ်တောက်မှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Ref: Inc.com နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်
 Facebook က personal နှင့် retail Facebook 
စာမျက်နှာများပေါ်တွင် Want နှင့် Collect 
ခလုတ်သစ်များကို စတင်စမ်းသပ်အသုံးပြု
ခဲ့ကြောင်း PCMag.com မှ ဖော်ပြခဲ့သည်။ 
 
 
 
 အဆိုပါ feature သစ်များကို Fab.com, Pottery Barn, Wayfair, Smith Optics, 
Victoria’s Secret, Michael Kors နှင့် Neiman Marcus စသည့် retailer စာမျက်နှာ
များတွင် စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Want ခလုတ်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များကို အသုံးပြုသူများ၏ ဝယ်ယူလို
သည့်စာရင်း (Wishlist) တွင် ထည့်သွင်းပေးမည်ဖြစ်သည်။ Collect ခလုတ်မှာ အနည်းငယ်ကွဲပြားခြားနားပြီး ၎င်းကို Facebook စာမျက်နှာပေါ်ရှိ ထုတ်ကုန်တစ်
ခု၏ ဓာတ်ပုံတစ်ပုံပေါ် တွင် တွေ့မြင်ရမည်ဖြစ်သည်။ အသုံးပြုသူမှ အဆိုပါ ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် ၎င်းထုတ်ကုန်၏ ဓာတ်ပုံကို အသုံးပြုသူ၏
 timeline တွင် တင်ကာ အသုံးပြုသူ၏ သူငယ်ချင်းများအား ဖော်ပြပေးမည်ဟု
 သိရသည်။

အဆိုပါ Facebook Collection ကို Pottery Barn ကုမ္ပဏီ၏ စာမျက်နှာတွင် ပထမဦးဆုံး ဖြန့်ချိပေးခဲ့ခြင်း ဖြစ်ကြောင်း Washingtone Post မှ ဖော်ပြခဲ့သည်။
 
 ထို့အပြင် မကြာသေးမီက ကြေညာခဲ့သည့် Facebook Gifts နှင့်မတူသည့်
အချက်မှာ ကုမ္ပဏီတစ်ခု၏ Collection စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ရောင်း
ချမှုများ အတွက် မည်သည့် တန်ဖိုးဖြတ်တောက်မှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း
 Facebook မှ ပြောကြားခဲ့သည်။

Ref: Inc.com
23Like · ·

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ