
ရဟန်းသံဃာများ အပါအဝင် ပြည်သူအများက ဆန့်ကျင်
ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။
၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့်
နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူ
လူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချ
မှတ်ပေးထားပြီး ဖြစ်ပါသည်။
၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကို
ကောင်းစွာ သိရှိနားလည်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်
နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်
ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု
များ မရှိကြစေရန် အသိပေးအပ်ပါသည်။
သတင်းရင်းမြစ်း Hmuu Zaw(Facebook)
မြန်မာနိုင်ငံတွင် OIC ရုံး ဟူ၍ ဖွင့်လှစ်ခွင့် ပေးမထားပါ
၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC
၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC
Branch) ဟူ၍ ဖွင့်လှစ်ခွင့် ပြုမထားပါ။
၂။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့
၂။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့
ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီ
ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံ
၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံ
တော်သမ္မတကိုယ်တိုင် လမ်းညွှန်ထားပြီး ဖြစ်ပါသည်။
No comments:
Post a Comment