Friday, October 26, 2012

ရခိုင်ပဋိပက္ခ ပိုမိုထိရောက်စွာ ဖြေရှင်းရန် အန်အယ်လ်ဒီ ကြေငြာချက်ထုတ်ပြန် တိုက်တွန်း

Photobucketလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ
တွေကို ထိန်းသိမ်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိ
စေဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေးတာဝန်
ရှိသူတွေက ပိုမိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ
အမြန်ဆုံးဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်
ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။


ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ စတဲ့ဒေသတွေမှာ ခုရက်ပိုင်းတွေ
အတွင်း ရခိုင်နဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားပြီး လူတွေ သေဆုံး
ဒဏ်ရာရမှုနဲ့ နေအိမ်တွေ မီးရှို့မှုတွေဖြစ်ပွားပြီးနောက် အခုလိုကြေညာလိုက်တာပါ။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ပဋိပက္ခ္ခကို အကြမ်းဖက်
ဖြေရှင်းခြင်းဖြင့် ရလဒ်ကောင်းတွေ ထွက်လာမည်မဟုတ်ကြောင်းနဲ့ လူအခွင့်
အရေး၊ အမျိုးသားရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့်ကနေ ငြိမ်းချမ်းစွာ
ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။


သတင်းရင်းမြစ်    DVB ၊ Yangon Media Group.

NLD 25-10-12

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ