အမှတ် (၄ဝ/၄၂) ၊ မြေညီထပ်၊ ဗိုလ်ဆွန်ပက်လမ်း
(အောက်)၊ ပန်းပဲတန်း မြို့နယ်၊ ရန်ကုန်မြို့။ Tel: 01-256278
၂ဝ၁၂ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်
သို့
အယ်ဒီတာချုပ် မြစ်မခ မီဒီယာဂရု(ပ်)
အကြောင်းအရာ။ ။ မင်းမင်းလတ် (မြစ်ငယ်) ရေးသားသော ဆောင်းပါး “ဧည့်
မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” အကြောင်းအရာနှင့်
ပတ်သက်၍ တရားဝင်ကန့်ကွက်ခြင်း။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (Myanmar Tourist Guides Association)
သည် မြန်မာနိုင်ငံရှိ ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်ရ
ဧည့်လမ်းညွှန်ပေါင်း သုံးထောင်
(၃ဝဝဝ) ကျော်၏ ကိစ္စရေးရာ များကို တရားဝင်
ဆောင်ရွက်နိုင်ရန် အတွက်
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ
ထောက်ခံ ခွင့်ပြု ဖွဲ့စည်းထား
သော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။
ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် ကိုင်ဆောင်သူ ဧည့်လမ်းညွှန်များသည် မိမိတို့
ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် ကိုင်ဆောင်သူ ဧည့်လမ်းညွှန်များသည် မိမိတို့
၏ အတတ်ပညာ၊ အသိပညာများကို အခြေခံ၍ နိုင်ငံနှင့် လူမျိုး၏
ဂုဏ်သိက္ခာနှင့်
ပြည်ပ ဝင်ငွေ တိုးတက် ရရှိစေရေးအတွက် တစ်စိတ်တစ်ပိုင်း
ပါဝင်ထမ်းဆောင်
နေကြ သူများ ဖြစ်ပါသည်။ ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်
ရရှိရန်အတွက်
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ဖွင့်လှစ်
သောသင်တန်းကို
တရားဝင် တက်ရောက်ပြီးမှသာ ဧည့်လမ်းညွှန်လုပ်ငန်း
လုပ်ပိုင်ခွင့် လိုင်စင် ရရှိ
ပါသည်။
အထက်ပါ ဆောင်းပါးနှင့် ပတ်သက်၍ ၄င်းခေါင်းစဉ်ပါ “တိုးရစ် ဂိုက်မလေး”
အထက်ပါ ဆောင်းပါးနှင့် ပတ်သက်၍ ၄င်းခေါင်းစဉ်ပါ “တိုးရစ် ဂိုက်မလေး”
ဆိုသည့် စကားရပ်သည်
ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ကိုင်ဆောင်၍ တရား
ဝင် အသက်မွေးဝမ်းကျောင်း
ပြုလုပ်နေသော ဧည့်လမ်းညွှန် အမျိုးသမီးများ၏
ဂုဏ်သိက္ခာကို တိုက်ရိုက်
ထိခိုက် စော်ကားသော ရေးသားမှု ဖြစ်ကြောင်း
အသင်းမှ သုံးသပ်ပြီး ပြင်းထန်စွာ
ရှုံချကန့်ကွက်သည်။
၎င်းဆောင်းပါး ရေးသားသူ မင်းမင်းလတ်(မြစ်ငယ်)မှ ဧည့်လမ်းညွှန်များထံသို့ တရားဝင် တောင်းပန်ရန် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ တောင်းဆိုသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း
မိတ္တူကို
- ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန
- ပြန်ကြားရေး ဝန်ကြီးဌာန
- မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်
- မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း
- Eleven Media Group
- Living Color Group
- ဧည့်လမ်းညွှန်များ အားလုံး

သတင်းရင်းမြစ်
း The Voice Weekly
No comments:
Post a Comment