
ပေးမည်ဟု
လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို မြန်မာ ဘက်က ပယ်ချလိုက်သည်ဟု မြန်မာ
စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာ သို့ ပြောကြားသည်။
“ အဲဒီ တပ်မတော်သား (၃) ဦးက အခုအချိန်ထိ အသက်ရှင် ရှိနေသေးတယ်။ ဒီကနေ့
နောက်ဆုံး သတင်းရတာက ဖမ်းဆီးခေါ်ဆောင် ခံသွားရတဲ့ တပ်သား (၃) ဦးကို
အပေးအယူ လုပ်ပြီး ပြန်လွှတ်ပေးမယ် လို့ အဲဒီ လက်နက်ကိုင် အဖွဲ့က
ကမ်းလှမ်းတယ်။ ဒါကို မြန်မာဘက်က ပယ်ချလိုက်ပါတယ်” ဟု သူ က ပြော သည်။
လက်နက်ကိုင် အဖွဲ့ကို အာရ်အက်စ်အို အဖွဲ့ဟု အများက သံသယ ဖြစ်နေသော်လည်း အဖွဲ့၏ အမည်ကို ထုတ်ဖေါ် ပြောဆိုရန် သူက ငြင်းဆိုသည်။
မြန်မာဘက်က ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ကို ချွင်းချက် မရှိ
ပြန်လည် လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏
ခွင့်ပြုချက်ဖြင့် လက်နက်ကိုင် အဖွဲ့ စခန်းများကို ၀င်ရောက်
တိုက်ခိုက် သွားမည်ဟု တုန့်ပြန် ပြောဆိုထားကြောင်း သိရသည်။
မြန်မာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘင်္ဂလာဒေခ်ျ့
စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ နယ်စပ် တွင် မြန်မာ စစ်သား (၃) ဦး ပြန်လည်
ရရှိရေး အတွက် ဆွေးနွေးမူများ ပြုလုပ်နေကြသည်ဟု နယ်စပ် ကလာသောသတင်းများက
ဆိုသည်။
နိုဝင်္ဘာလ ၆ ရက်နေ့ ညနေပိုင်းက မြန်မာ စစ်တပ် ဆောက်လုပ်ရေး
အင်ဂျင်နီယာတပ် GE မှ တပ်သား ၄ ဦး အလုပ်ခွင်မှ မော်တော်ဆိုင်ကယ် (၂)
စီးဖြင့် ပြန်လာစဉ် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခု မှ သေနတ် ဖြင့် ၀င်ရောက်
ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှ စက်ပြင်ဆရာ ကျော်ကျော်ဝေမှာ
ပွဲချင်းပီး သေဆုံးသွားခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ်
တပ်သား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
ပစ်ခတ်ခဲ့သည် နေရာမှ အေကေ ကျည်ခွံ (၃) ခုနှင့် ကျည်ဆံ တစ်တောင့်
သိမ်းဆည်းရမိသဖြင့် မြန်မာ အာဏာ ပိုင်များမှ တဘက်နိုင်ငံတွင် ခိုအောင်းနေသော
မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အပေါ် သံသယ ဖြစ်နေသည်ဟု ဆိုသည်။
ယခုအခါ ပစ်ခတ်မူ ဖြစ်ပွားရာ နယ်စပ် တလျှောက်တွင် နှစ်ဘက်နိုင်ငံမှ
တပ်များကို တိုးချကာ လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သတင်း ရရှိသည်။
သတင်းရင်းမြစ်
း နိရဉ္ဇရာ
No comments:
Post a Comment