ဂေါဒန်တူးဖော်ရေး လုပ်ငန်းရှင် တစ်ဦးက ထိပ်တန်းကျားဖြူ
ကုမ္ပဏီ
လီမိတက်ကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့
သတ္တုတွင်းဝန်ကြီးဌာနရုံးချုပ်မှာ နိုဝင်ဘာ(၆) ရက်နေ့ က
ကန့်ကွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ မောက်မယ်မြို့နယ်မှာ တနေ့ကို တန်
(၂၀) လောက် တရားမဝင် သတ္တုတူးဖော် နေတာ ၁နှစ်ခွဲ ၂နှစ်ခန့်
ကြာမြင့်နေပြီဖြစ်တာကြောင့် တရားဝင်တူးဖော်နေသူတွေ
များစွာနစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် ခုလိုကန့်ကွက်စာပေးပို့ ရတာလို့
မောက်မယ်မြို့နယ် က ဂေါဒန်ကျောက် တူးဖော်ရေးလုပ်ငန်းရှင်ဖြစ်သူ
ဦးစိုင်းတင်အောင် (ခေါ်) စိုင်းအွတ်က RFA ကို ပြောပါတယ်။
ဦးစိုင်းတင်အောင်အနေနဲ့ ပထမအကြိမ် တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပေမယ့် တာဝန်ရှိသူတွေ အနေ နဲ့ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိတဲ့အတွက်အခုလို နောက်တကြိမ် ထပ်မံ ကန့်ကွက်စာ ပေးပို့ရ တာလို့ လည်း ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်က ထွက်ရှိတဲ့ ဂေါဒန်ကျောက်တွေကို တီကျစ်မြို့နယ်မှာရှိတဲ့ တီကျစ် ဘိလပ်မြေစက်ရုံကို အဓိကထား တင်ပို့နေတယ်လို့ သိရပြီး ရှမ်းပြည်နယ် အစိုးရ သတ္တုတွင်းနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်း အိုက်ပေါင်းဖြစ် တယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA

No comments:
Post a Comment