
လက်ရှိတွင် အမေရိကန်
သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက်
ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က
ပြောဆိုခဲ့သည်။
နူလန်က
"ကျွန်မကတော့ ဝန်ကြီးဟာ သူ့အစီအစဉ်ကို ပြောင်းမယ် မထင်ဘူး"ဟု ဆိုသည်။
သူမက "ဝန်ကြီးက သူ့နေရာမှာ အပြောင်းအလဲအဖြစ် ဆက်ခံနိုင်မယ့်သူ တစ်ယောက်ကို
မြင်ချင်ပါတယ်လို့ ခဏ ခဏ ပြောခဲ့တာကို ရှင်တို့ ကြားပြီးသားပဲ။ ဝန်ကြီးက
သာမန် ပုဂ္ဂိုလ်ရေး ဘဝမျိုးဆီ ပြန်သွားပြီး အနားယူ ချင်စိတ် ရှိနေပါတယ်။
ဒါတွေကို သူအလေးအနက် စဉ်းစားထားတာ မဟုတ်လား"ဟု သတင်းထောက်များ အား
ပြောကြားသွားသည်။
အသက်(၆၅)နှစ်ရှိ ဟီလာရီသည် သူမအနေဖြင့် (၂၀၁၃)ခုနှစ်၊
ဇန်နဝါရီလတွင် (၄)နှစ် ရာထူး သက်တမ်း ပြည့်မြောက် ချိန်၌ လက်ရှိ ရာထူးကို
စွန့်လွှတ်ရန် စဉ်းစားထားကြောင်း မကြာခဏ ပြောဆို ခဲ့ဖူးသည်။
သတင်းရင်းမြစ်း ရွှေနိုင်ငံ
No comments:
Post a Comment