
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့
ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်
သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က ပြန်လည် ဖွင့်လှစ် လိုက်ပြီ
ဖြစ်ကြောင်း သတင်း ရရှိသည်။
အခြေအနေ တည်ငြိမ်စပြုလာသည့် အတွက် မြန်မာ နစကနှင့် တက်ကနက်
အခြေစိုက် ဘီဂျီဘီ အမှတ်(၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက်အရ နှစ်နိုင်ငံ
ပတ်စ်ပို့ဖြင့် သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။
စတင် ဖွင့်လှစ်ခဲ့သည် နံနက်ပိုင်း ၁၀နာရီမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ တက်ကနက်
မြို့မှနေ မြန်မာနိုင်ငံ မောင်တောသို့ ခရီးသွားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၃၆ဦး
ရှိခဲ့ပြီး မြန်မာ နိုင်ငံ မောင်တော ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ဘက်သို့ ၀င်ရောက်
လာသူ ခရီးသည် ၄၉ဦး ရှိကြောင်း သိရသည်။
အ၀င်အထွက် ပြုလုပ်သူ အားလုံးမှာ နှစ်ဘက်နိုင်ငံက ထုတ်ပေးထားသော ပတ်စ်ပို့
များကို အသုံးပြု သွားလာခဲ့ကြသည်ဟု ဆိုသည်။နှစ်နိုင်ငံ စီးပွားရေးအရ ကူးလူး
ဆက်သွယ်နေသည့် နယ်စပ်ဂိတ်ကို ကာလာတာရှည်စွာ ပိတ်ထားရသည့် အတွက်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေမှာ အကြီးအကျယ် နစ်နာမှုဖြစ်ခဲ့ရဟု သိ
ရသည်။
အလားတူ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အထူးသဖြင့် ရခိုင်ပြည်ဘက်မှ စီးပွားရေး
သမားများ အတွက် အလွန်တရာ ဆုံးရှုံးနစ်မှုရှိခဲ့ပြီး တချို့ စီးပွားရေးသမားများမှာ
နာလန်မ ထူနိုင်အောင် အထိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်ထားသော်လည်း နှစ်နိုင်ငံ စီးပွားရေးသမားများ
အကြား ယုံကြည်ချက် တည်ဆောက်မှုအပိုင်းတွင် အားနည်းနေသေးသဖြင့် ကုန်တင်
သင်္ဘောများ ၀င်ထွက် သွားလာမှု မရှိသလောက် ဖြစ်နေသေးသည်ဟု တက်ကနက်
မြို့မှ နယ်စပ်ကုန်သည် တဦးက ပြောသည်။
“နေ့ချင်းပြန် ပတ်စ်ပို့နဲ့ ဟိုဘက်ဒီဘက် သွားလာခွင့်ကိုတော့ မနေ့က စတင်ပြီး ပြန်
ဖွင့်လှစ် ပေးလိုက်တဲ့ အတွက် ခရီးသည်တွေ သွားနေ ကြတာတွေ့ရပါတယ်။ ဒါပေမဲ့
အရင်က လို ကုန်တင် သင်္ဘောတွေ၊ ဆန်ဘုတ်တွေ၊ သစ်ဘုတ်တွေ အရောက်
အပေါက် သိပ်မရှိဘူး။ အဓိကတော့ ယုံကြည်မှုအပိုင်းမှာ တစ်ဘက်နဲ့ တစ်ဘက်
တော်တော် အားနည်းနေတဲ့ အတွက် ဖြစ်တယ်လို့ ယူဆပါတယ်” ဟုပြောသည်။
သို့သော်လည်း နယ်စပ်ကုန်သွယ်ရေး အခြေအနေ ပုံမှန် ဖြစ်လာမည်ကို အများက လိုလား မျှော်လင့်နေကြသည်ဟု သိရသည်။

သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment