Friday, August 31, 2012

အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် ရောက်လာ

Photobucket

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရန်အတွက်
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်  ကာကွယ်ရေးဌာန  အကြီးအကဲ   မစ္စတာ
အရီဖင် မူဟာဒီ Mr. Arifin Muh Hadi သည် အဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလျက် စစ်တွေ
မြို့သို့ ကြာသပတေးနေ့ နံနက်ပိုင်းက ရောက်ရှိလာသည်။
မစ္စတာ အရီဖင်သည်    ၎င်း၏   ခြောက်ရက်ကြာ    ရခိုင်ခရီးစဉ်အတွင်း ပြည်နယ်
အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ဒုက္ခသည် စခန်းများသို့ သွားရောက်မည်   ဖြစ်ကြောင်း
သိရသည်။ ကျန် အဖွဲ့ဝင်များကမူ ရခိုင်ပြည်နယ်တွင်း ၁၁ ရက်ကြာနေထိုင်ကြမည်
 ဖြစ်သည်။

အင်္ဂါနေ့ကမှ    သမ္မတ   ဦးသိန်းစိန်၏   လွတ်ငြိမ်းချမ်းသာခွင့်  အမိန့်ဖြင့်   ပြန်လည်
လွတ်မြောက်လာသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR
 ဝန်ထမ်း    ဒေါ်ချိုလေးမာသည်   သူ၏   သားများဖြစ်သည့်   စည်သူမောင်မောင်ချို၊
ဥတ္တရ   ညီညီချို   တို့နှင့်အတူ   ကြာသပတေးနေ့   မနက်က   စစ်တွေမှ   ရန်ကုန်သို့
 လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

သြဂုတ် ၂၉ ရက်နေ့ကလည်း အိန္ဒိယသံအမတ်ကြီး ဒေါက်တာ သျှီရှာသရီ
H.E. Dr. V.S. Seshatri သည် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဦးလှမောင်တင်
 နှင့် တွေ့ဆုံကာ ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း လှူဒါန်းပြီး
စစ်တွေမြို့ မင်းဂံ ဒုက္ခသည်စခန်းနှင့် သက္ကေပြင် ဒုက္ခသည်စခန်းများကို လှည့်
လည်ကြည့်ရှုခဲ့သည်။

သံအမတ်ကြီးသည် ကုလားတန် ဘက်စုံစီမံကိန်း ဆောင်ရွက်နေသော Essar
ကုမ္ပဏီ၏ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်း သွားရောက်
 ကြည့်ရှုကာ ကြာသပတေးနေ့ ညနေပိုင်းတွင် စစ်တွေမှလေကြောင်း ခရီးဖြင့်
 ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ