
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင်
စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန့်
ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့
လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက်
ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်
ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှ ဆင့်ကာ ဆင့်ကာ ထွက်လာ
သဖြင့် လူများမှာ ကြောက်လန့်ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ်ခတ်
သွားခဲ့သည်ဟု ဆိုသည်။“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့
သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်
ခတ်သွားခဲ့ပါတယ်။ တညဥ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ
မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။
မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း
သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း
မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ ဈေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနား
တွင် လုံခြုံရေး ယူထားကြောင်း သူက ဆက်ပြောသည်။
ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့် ပြည်သူများကို အထူး အထိတ်တလန့် ဖြစ်စေ
ခဲ့ကြောင်း သတင်းများ ရရှိသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment