
“ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့
အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတာ
ကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်း
ထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိ
သင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာ
နိုင်အာင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်
ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။
ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါ
အတိုင်း ပြောသည်။
“အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့်
ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ
ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”
ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့
မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ
သို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့်
ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြား
ခဲ့သည်။
ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြော?zvOYwသား
များနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်
ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာ
သာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။
သတင်းရင်းမြစ်း 7 days News
No comments:
Post a Comment