Thursday, August 30, 2012

ဒုတိယအ၀န်ကြီး(၃)ဦး ထပ်မံခန့်အပ်ခြင်းကြောင့် (၃)ရက်အတွင်း ပြည်ထောင်စုအဆင့် ရာထူး အပြောင်းအလဲ(၃၀)ထိ ရှိလာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ဒုတိယ၀န်ကြီး (၃)ဦးအား
ခန့်အပ်လိုက်ကြောင်း ယမန်နေ့ (သြဂုတ်-၂၉)ရက်နေ့ တွင် အတည်ပြု ကြေငြာ
သွားခဲ့သည်။
ထို့ကြောင့်  နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ ၊၂၈ ၊၂၉၊ ရက်နေ့များတွင် ထုတ်ပြန်
 ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်
အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၃၀ အပြောင်းအလဲ ဖြစ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် များအရ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး
( ၉ ) ဦးကို နေရာပြောင်းရွှေ့  ခန့်ထားခဲ့ပြီးဒုဝန်ကြီး ( ၁၅ ) ဦးကို အသစ် ခန့်ထားခဲ့
သည်။ သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက် တွင်မူ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့်
တကွ ဝန်ကြီး ( ၂ ) ဦးအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဖော်ပြ ပါရှိသည်။
ယမန်
ထူးခြားချက် အနေဖြင့် နေရာ ပြောင်းရွှေ့ ခံခဲ့သော ပြည်ထောင်စု ဝန်ကြီးများတွင်
 လေးဦးမှာ နိုင်ငံတော် သမ္မတရုံးတွင် ခန့်ထားခဲ့ခြင်း ဖြစ်ပြီး ယခင် ပြန်ကြားရေး
ဝန်ကြီး ဦးကျော်ဆန်းကိုလည်း သမဝါယမ ဝန်ကြီးဌာနသို့ ပြောင်းရွှေ့  ခန့်အပ်ခဲ့
သည်ကို ဖော်ပြပါရှိသည်။

ထို့အပြင် ဒုတိယ ဝန်ကြီး ၁၅ နေရာ အသစ်ခန့်အပ် တာဝန်ပေးအပ်ရာတွင် လည်း
အမျိုးသမီး (၄)ဦး ထပ်မံပါဝင်ခဲ့ရာ အစိုးရ အဖွဲ့တွင် အမျိုးသမီး( ၆ ) ဦး အထိ ရှိလာ
ခဲ့ပြီ ဖြစ်သည်။

 ယမန်နေ့ (သြဂုတ်-၂၉)ရက်နေ့ တွင်မူ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဒုတိယ
ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေငြာခဲ့သည်။

သတင်းရင်းမြစ်   နိုင်ငံတော်သမ္မတရုံး Website ၊ The Voice Weekly

30-8-12.1

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ