Wednesday, August 29, 2012

နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် စီးပွားရေး လုပ်ငန်းများကို ရောင်းချရာတွင် ရရန်ကျန်ငွေများနှင့်ပါတ်သက်၍ မေးမြန်းထားမှုများအား ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်ကြားခြင်းမရှိသေး

Photobucket

နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်း
ရောင်းချရာတွင် ရရန်ကျန်ရှိနေသေးသော ငွေကျပ်ဘီလျံ ၆၈၀ ကျော်အား တောင်းခံ
မေးမြန်းထားမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ပြန်ကြားခဲ့ခြင်း မရှိ သေးကြောင်း
သိရသည်။


သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်    ပြည်သူ့ငွေစာရင်းကော်မတီ၏   အစီရင်ခံစာအား   အဖွဲ့ဝင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ေ ဒ်ါရီရီမြင့်က    ဖတ်ကြားရာ၌    ထည့်သွင်း
 ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်အစိုးရလက်ထက်မှ နိုင်ငံတော်ပိုင် အဆောက်အအုံ ၁၄၈၂ ခု လွှြဲေ7:5OYCwr /> ချခဲ့ပြီး ၁၀၉၇ ခု လွှဲပြောင်းရောင်းချရန် ကျန်ရှိနေကြောင်း၊ လွှဲပြောင်းရောင်းချ သည့်
တန်ဖိုးစုစုပေါင်း ကျပ် ၆၀၂ ဒသမ ၃၀၉ ဘီလျံဖြစ်ပြီး ကျပ် ၄၂၁ ဒသမ ၁၇၁ ဘီလျံရရှိ
ခဲ့သဖြင့် ကျပ် ၁၈၀ ဒသမ ၁၄၈ ဘီလျံ ရရန် ကျန်ရှိနေမှုနှင့် ၀န်ကြီးဌာန    အသီးသီးမှ လွှဲပြောင်းအပ်နှံထားသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၇၅ ခု လွှဲပြောင်းရောင်းချခဲ့ပြီး
လုပ်ငန်း ၇၈ ခုကျန်ရှိနေ ကြောင်း၊ ရောင်းချသည့်တန်ဖိုးမှာ    ကျပ် ၆၆၅   ဒသမ ၅၉၉
ဘီလျံဖြစ်ပြီး ရရှိပြီးငွေမှာ ကျပ် ၅၀၀ ဒသမ ၃၈၁ ဘီလျံဖြစ်သဖြင့် ရရန် ကျန်ရှိငွေကျပ်
 ၁၆၅ ဒသမ ၂၁၈ ဘီလျံ ကျန်ရှိနေမှုတို့နှင့် စပ်လျဉ်း၍ ကျန်ရှိနေမှု    အသေးစိတ်နှင့် အရေးယူ ဆောင်ရွက်ထားမှု အခြေအနေကို ၁၀-၈-၂၀၁၂ ရက်စွဲဖြင့်    ပြည်ထောင်စု
အစိုးရအဖွဲ့သို့ အမျိုးသား  လွှတ်တော်ဌာန    မှတစ်ဆင့်     မေးမြန်းထားသော် လည်း
အကြောင်းပြန်ကြားခြင်း မရှိသေးခြင်းဖြစ်ကြောင်း   သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ