
ပန်းရဲ့လမ်းလူမှုကွန်ယက် ရေဘေးသင့်ပြည်သူတွေကို လှူပြီးခဲ့တဲ့ အပတ်က
မြန်မာပြည် အထက်ပိုင်းမှာ ဂီတနဲ့သွားရောက် အလှူခံခဲ့ကြတဲ့ ကိုရဲလွင်
ဦးဆောင်တဲ့ ပန်းရဲ့လမ်းလူမှုကွန်ယက်အဖွဲ့ဟာ အခုအဲဒီကရရှိလာတဲ့ ရန်ပုံငွေ
တွေနဲ့ ပုသိမ်၊ ကန်ကြီးထာင် ၊ ကျောက်ကုန်း စတဲ့မြို့နယ်တွေက ရေဘေးသင့်
ပြည်သူတွေအတွက် ဆန် နဲ့ ကလေးသူငယ်တွေအတွက် အဟာရ မုန့်တွေကို
သြဂုတ်လ ၂၉ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီလို လှူဒါန်း
ရာမှာ လူရွှင်တော်များဖြစ်ကြတဲ့ ကိုမေတ္တာ ၊ ကိုပွန်ပွန် နဲ့ ကိုချစ်ချောတို့ကလည်း ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပါတယ်။
သတင်းရင်းမြစ်း BurmaVJ
No comments:
Post a Comment