Friday, August 31, 2012

ပန်းပျိုးပင်ဆိုင် ဧရိယာကို အထူးစီးပွားရေးဇုန် တည်ဆောက်မည်

Photobucket

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း နှင့် တော်ဝင်လမ်း ထောင့်ရှိ ခုနှစ်ဧက
ကျယ်သည့် ပန်းပျိုးပင် အရောင်းဆိုင်များ နေရာအား   အထူး   စီးပွားရေးဇုန်   အဖြစ် အကာင်ထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ
တာဝန်ရှိသူ တဦးက ပြောသည်။

 အဆိုပါဝင်းအတွင်းရှိ ပန်းပျိုးပင် ရောင်းသည့် ဆိုင် ၁၀၀ ကျော်အား သာကေတ
ရှုခင်းသာ ဥယျာဉ်အနီးသို့ပြောင်းရွေ့ရန် ရည်ရွယ်ထားသည်။

“အဲဒီနေရာရွှေ့ရမယ်ဆိုတာ လောလောဆယ်တော့ မဟုတ်သေးပါဘူး။ ပြောင်းရွှေ့
ခိုင်းရတဲ့ အကြောင်းရင်းကနိုင်ငံတော်ကနေ အထူးစီးပွားရေးဇုန် ဆောက်မှာမ|͏_oz[ရွှ့ခိုင်းတာပါ” ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဒု-ဌာနမှူး ဦးညိုမင်းလွင်
က ပြောသည်။

အဆိုပါ အထူးစီးပွားရေးဇုန်အား မည်သို့ ဖော်ဆောင်သွားမည်နှင့် ပတ်သက်၍မူ
ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ထိုပန်းပျိုးဆိုင်ခန်းများအား ၂ဝဝဝ ခုနှစ်မှ စတင်ကာ စည်ပင်ကော်မတီမှ ဖွံ့ဖြိုးမှု
စီမံကိန်း မြေနေရာအဖြစ်ဖော်ထုတ်ပြီး လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အထူးစီးပွားရေးဇုန် အတွက် အဖြစ်အကောင်ထည်ဖော် သွားမည်ဖြစ်၍ စက်တင်္ဘာ
လမှ စတင်ကာ ဆိုင်ရှင်များထံမှ လစဉ်ကြေး ကောက်ခံတော့မည် မဟုတ်ကြောင်း
လည်း သိရသည်။

“ကျနော်တို့ဆီကို ညွှန်ကြားချက် စာတော့ ရောက်မလာသေးဘူး။ ဒါပေမယ့်
သီတင်းကျွတ်လ နောက်ဆုံးထားပြီးရွှေ့ပေးရမယ်လို့ စည်ပင်က သုံးဦီးက ဇူလိုင်
လမှာ အစည်းအဝေး လုပ်ပြီးတော့ ပြောပါတယ်။ အစည်းအဝေး လုပ်တုန်းက
တိကျခိုင်လုံတဲ့ အကြောင်းပြချက်ကိုပြောတော့ နိုင်ငံတော် လိုအပ်ချက်လို့ပဲ
 ပြောတယ်” ဟု ပန်းပျိုးပင် ဆိုင်ရှင်တဦး ဖြစ်သည့် ဦးကိုကိုလင်း က ပြောသည်။

ဆိုင်ရှင်များအနေဖြင့် ၎င်းတို့ ပြောင်းရွှေ့ရမည့် နေရာ အတိအကျကို သိချင်
နေကြသည်။ဆိုင်ခန်းများအား ဌားရမ်းလုပ်ကိုင်ခွင့်အတွက် စာချုပ်ကို ၂ဝဝ၁ ခုနှစ်
တွင် စတင် ချုပ်ဆိုခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင်ပြန်လည်ပြင်ဆင်ချုပ်ဆိုရာ နိုင်ငံတော်၏ လိုအပ်ချက်အရ သော်လည်းကောင်း၊ ဆိုင်ခန်းမြေဧရိယာ နယ်နိမိတ်ပြင်ဆင်သတ်မှတ်
ခြင်း သော်လည်းကောင်း၊ ပြောင်းရွှေ့နေရာ ပြန်လည်ချထားပေးမှု စာချုပ်သက်တမ်း
မပြည့်မီပေါ်ပေါက်လာပါက သဘောတူလက်ခံရမည် ဆိုသည့်အချက် ပါရှိသည်။

သို့သော် ဆိုင်ရှင်များကမူ အဆိုပါနေရာမှ မပြောင်းရွှေ့လိုကြောင်းကို ဇူလိုင်လ
 ဒုတိယပတ် အတွင်းက သမ္မတ နှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီတို့
ထံသို့ သနားခံစာ ပို့ထားကြောင်း သိရသည်။

အဆိုပါ ဆိုင်များသည် ပန်းပျိုးပင်များကို လက်လီ/လက်ကား ရောင်းချသည့်အပြင်
 နှစ်စဉ် သစ်သီးဝလံ ပန်းမံပြပွဲ များကိုလည်း ကျင်းပလေ့ရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ