
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်း သဘောထား
ကွဲလွဲမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့  သြဂုတ်လ
၂၅ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စကားဝါလမ်းရှိ
မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေး
ကော်မရှင်များ ဖွဲ့စည်းမှုတွင် ပါဝင်သူများသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေး
ချယ်ခြင်းခံရသူများမဟုတ်ဘဲ ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်
ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြောကြား
ခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်
တွင် ပါဝင်သူအချို့သည်
နေရာရလိုမှုအတွက် ပါတီ၏ အမည်နာမကို အသုံးချ
လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို
ထုတ်ဖော်
ပြောဆိုခဲ့သည်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ နာမည်ထုတ်ဖော်ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်
ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင်
အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်း
ကဲ့သို့ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်း
ချင်ကြောင်း ၊ မှားခြင်း၊ မှန်ခြင်း
ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများ
ဆောင်ရွက် သွားလိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံ
မေးမြန်းရာတွင် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့်
ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။
သတင်းရင်းမြစ်
း Popular Myanmar News
No comments:
Post a Comment