
ရမ်းဗြဲမြို့နယ် လူထု ရွှေးကောက်တင်မြောက်လိုက်သော ကြံ့ခိုင်ရေး ပြည်နယ်
အမတ် ဦးကျော်ခင် ပြည်နယ် လမ်းပမ်း ဆက်သွယ်ရေး ၀န်ကြီး ဖြစ်လာပြီး
နောက်ပိုင်း ရမ်းဗြဲမြို့နယ် အတွင်းရှိ ကားလမ်းများမှာ သွားလာ၍ မရအောင်
ပျက်စီးနေကြောင်း သတင်း ရရှိသည်။
“ ကျွန်တော်တို့ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် လမ်းပမ်းဆက်သွယ်ရေး
ဝန်ကြီးဖြစ်တော့ မြို့နယ် အတွင်းက လမ်းတွေ ပိုကောင်းလာမလားလို့ လူတွေ
မျှော်လင့်နေကြတာ အခုတော့ အထင်အမြင် တစ်ခြားစီ ဖြစ်နေပါပြီ။ လမ်းတွေက
ပိုဆိုးလာတဲ့ အပြင် စည်ပင်ကလည်း ပိုပြီး တော့တောင် အရေးမစိုက် ဖြစ်လာပါ
တယ်” ရမ်းဗြဲမြို့ခံ တစ်ဦးက ပြောသည်။
ဦးကျော်ခင်မှာ ရွှေးကောက်ပွဲ မဲဆွယ်တုန်းက သူအရွှေးခံရပါက ရမ်းဗြဲ မြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည် ဖြစ်သလို လမ်းတံတားများအားလည်း
အဆင့်အတန်းမှီ တည်ဆောက်ပေးမည် ဖြစ်ကြောင်း ရမ်းဗြဲ လူထုအား ပြောကြား
ခဲ့သည်ဟု ဆိုသည်။
ယခုအခါ ၀န်ကြီး ဦးကျော်ခင်မှာ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်း မသိကြောင်း၊
ယခင်နှစ်က ကားးလမ်းများကို ဆည်ဖို့ရာတွင် ဦးကျော်ခင်က လုပ်အားပေးများ
စေခိုင်းသဖြင့် တိုင်းတန်းမူများ ပေါ်ပေါက်ခဲ့ကြောင်၊ ယခုနှစ်တွင်မူ ၀န်ကြီး၏ အရေး
စိုက်မူ မရှိသဖြင့် ကားလမ်းများ သွားလာ၍ မရအောင် ပျက်စီးနေကြောင်း ဒေသခံများ
က ပြောသည်။
ရမ်းဗြမြို့နယ် စည်ပင်မှလည်း ပျက်စီးနေသော ကားလမ်းကို မပြုပြင်သည့် အပြင်
ကားကြီးများဖြင့် အသုံးပြုပစ်သဖြင့် မြို့နယ်အတွင်း ဆက်သွယ်ထား သောလမ်းများ
မှာ ပို၍ ပျက်စီးကာ ဒေသခံများ သွားလာ၍ မရအောင် ဖြစ်နေသည်ဟု သိရသည်။
၎င်းပြင် ရမ်းဗြဲ စည်ပင်သည် ရမ်းဗြဲ- အောင်လှပြင်လမ်းတွင် ကားကြီးများ လိုင်းဆွဲနေ
သောကြောင့် ကားလမ်းမှာ တစ်နေ့ထက် တစ်နေ့ ပျက်စီးလာနေပြီး မြို့ပေါ်သို့
ဈေးရောင်း ဈေးဝယ် သွားနေကြသော ဒေသခံများးမှာအခက်ကြုံနေကြရသည်ဟု
ဒေသခံများက ပြောသည်။
“ ၁၃ မိုင် ၄ ဖါလုံရှိတဲ့ ရမ်းဗြဲ-အောင်လှပြင်လမ်းဟာ စည်ပင်က ကားကြီးတွေ သွား
လာနေတဲ့ တဲ့အတွက်ကြောင့် လမ်း တွေ ပျက်စီးကုန်ပါတယ်။ တန်းလန်းတောင်နဲ့
ညောင်တောင် လမ်းတလျှောက် ပျက်စီးသွားတဲ့ အတွက် မြို့သွား တဲ့သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ရမ်းဗြဲ အောင်လှပြင်လမ်းမှာ ၁၃ မိုင် ၄ ဖါလုံရှည်လျားပြီး လမ်းတလျှောက် ကျေးရွာ
များမှာ ပြည်သူများမှာ ရမ်း ဗြဲ မြို့ကို နေ့ချင်းပြန် ဈေးရောင်းဈေးဝယ် လာကြရာ
နွေရာသီတွင် မြို့ကို နံနက်စောစောမှ ခြေလျင်လျှောက်ရာ မြို့ကို နံနက် ၁၀ နာရီ
ရောက်၍ မြို့မှ ဈေးဝယ်၊ ဈေးရောင်းပြီး နေ့လည် ၂နာရီ ပြန်လည် ထွက်ခွါလာရာ
ညနေ ၇ နာရီကို ပြန်ရောက်သော်လည်း ယခုအခါ လမ်းများ ပျက်စီးနေသဖြင့် နေ့
ချင်းပြန် သွားလာ၍ မရဖြစ်ကာ အခက်အခဲ ကြုံတွေ့ နေရခြင်းဖြစ်သည်ဟု သူက
ပြောသည်။
ရမ်းဗြဲမြို့နယ်အတွင်း ဆက်သွယ်ထားသော လမ်းများကို မြို့နယ် ဆောက်လုပ်ရေး
အင်ဂျင်နီယာရုံးမှာ တာဝန် ယူ လုပ်ဆောင်ပေးနေသော်လည်း ၀န်ကြီး ဦးကျော်ခင်မှ
ဂရုစိုက်မူ မရှိသဖြင့် လမ်းများကို တာဝန်ကျေ လုပ်ဆောင်နေသဖြင့် လမ်းကောင်းဟူ၍
တစ်လမ်းမျှ မရှိကြောင်း သူက ဆက်ပြောသည်။
“ အခု လမ်းကို မြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးက တာဝန်ယူ လုပ်ဆောင်
နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရမ်းဗြဲမှာ တလမ်းမှမကောင်းဘူး။ ရမ်းဗြဲ ကျောက်နီမော်
လမ်းလည်း မကောင်းဘူး။ ရမ်းဗြဲ- လေး တောင် လမ်းလည်းမကောင်းဘူး။ ကျောက်ဖြူ
သွားတဲ့ လမ်းလည်း မကောင်းပါ။ ရွံ့ဗွက်တွေနဲ့ ပျက်စီးနေပါတယ်။ အားလုံးလမ်းတွေ
ကို စည် ပင်က ကားဘဲသွားနေပါတယ်။ ပုဂ္ဂလိက လက်ထဲကို လွဲအပ်တာ မရှိသေးဘူး။”
ရမ်းဗြဲမြို့ နယ်အတွင်း ဆက်သွယ်ထားသော လမ်းများမှာ ရမ်းဗြဲ-အောင်လှပြင်လမ်း၊
ရမ်းဗြဲ- ကျောက်နီမော် လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်း၊ ရမ်းဗြဲ-ကျောက်ဖြူလမ်းနှင့်
ကျောက်နီမော်- ကျောက်ချောင်း- လေးတောင်- ကျောက်ဖြူ ကျွန်းပတ်လမ်းများကို
ဖေါက်လုပ်ထားသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment