Friday, August 31, 2012

စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် အတွက် နေအိမ်များ ထပ်ဖယ်ခိုင်း

Photobucket

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တိုင်းဒေသကြီး လွှတ်တော်အသစ်ရဲ့ အနီးဝန်းကျင်က
အိမ်တွေကို သက်ဆိုင်ရာက ပြောင်းခိုင်းနေရာမှာ ကြောက်လန့်လို့ ဖယ်ပေး
လိုက်သူ ရှိသလို မဖယ်ပေးဘဲ တင်းခံနေသူတွေလည်း ရှိနေပါတယ်။
မြ၀တီ အိုးဘိုတောင်ရပ်ကွက်မှာ အသစ်ဆောက်လုပ်ပြီးစီးစ ဖြစ်နေတဲ့   လွှတ်တော်
ရဲ့ ဘေးပတ်လည်က အိမ်တွေကို ဖယ်ခိုင်းနေတာပါ။ ဖယ်ခိုင်းရာမှာ သက်ဆိုင်ရာက ကတိမတည်တဲ့အတွက် မကျေမနပ် ဖြစ်နေကြတာလို့ အဲဒီနယ်မြေကို ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ဦးထွန်းမြင့်အောင်က ပြောပါတယ်။

“လွှတ်တော်က ဆောက်ပြီးသွားပြီ။ ခြံဝန်းတွေလည်း ခတ်ပြီးသွားပြီ။ ဒါတောင်
အားမရသေးဘူး လွှတ်တော်ပတ်လည်က နေရာတွေကို အိမ်တွေကို ထပ်ရွှေ့ခိုင်း
တယ်။ ပြည်သူတွေ ကြောက်ရတာပေါ့ဗျ။ ရွှေ့ပေးကြပါတယ်။ ဒါပေမယ့် ရွှေ့ခိုင်း
တုန်းက ကတိက၀တ်တွေ လုပ်မပေးဘူး။ ကတိတွေ ပျက်ကွက်တာနဲ့ ပတ်သက်
ပြီး စုပေါင်းလက်မှတ်ထိုး တိုင်တာတွေလည်းရှိတယ်။ တချို့တွေလည်း မပြောင်း
သေးဘူး။ ခုထိ တင်းခံနေတယ်။”

အခု တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွေကို နဂိုရှိထားနှင့်ပြီးသား အဆောက်အဦ ဟောင်းတွေမှာပဲ ကျင်းပနိုင်သေးပြီး အသစ်ဆောက်လုပ်နေ
တာပါ။အဲဒီလွတ်တော်စဆောက်တုန်းကလည်း ဒေသခံတွေရဲ့ အိမ်တွေနဲ့ လယ်
ယာမြေ ဧက ၄၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ဖယ်ပေးရတဲ့သူတွေကို သင်္ချိုင်းနား
မှာ ပြန်လည် နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ လွှတ်တော်နံဘေးနားကနေ ဖယ်ပေးဖို့ ငြင်းဆန်သူတွေထဲက ကိုစံမြင့်
ဆိုသူကို သက်ဆိုင်ရာက ဗွီဒီယိုအက်ဥပဒေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ်
 ၂ နှစ်ချမှတ်ခဲ့ပါတယ်။ ကိုစံမြင့်အပေါ် ထောင်ဒဏ်ချမှတ်မှုဟာ တရားမမျှတဘူးလို့ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

“လက်ဝယ်လည်း မတွေ့ဘူးဗျာ။ ပေးတဲ့ လူနှစ်ယောက်လက်ထဲမှာ တွေ့တယ်
ဆိုပြီးတော့ အဲဒီလူ နှစ်ယောက်က တယောက်က ဆယ်အိမ်ခေါင်း တယောက်က
 ရွာထဲကပေါ့။ ဒီလူတွေကို အတင်းထွက်ဆိုခိုင်းတာ။ သူတို့ လက်ထဲမှာရှိတဲ့ အခွေ
ဟာ ကိုစံမြင့်က ပေးတာ ဆိုပြီးတော့ပေါ့။ တကယ်တော့ ကိုစံမြင့်က မပေးဘူး။
 ဒါပေမယ့် အဲဒီလူနှစ်ယောက်ကျတော့ ဘာမှ မဖြစ်ဘဲနဲ့ ကိုစံမြင့်ကိုကျတော့ ထောင်ထဲ ထည့်ထားလိုက်တယ် ။”

လွှတ်တော်တွေအနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့သာ ဖြစ်
သင့်ပြီး အခုဖြစ်ရပ်ဟာ လွှတ်တော်က ပြည်သူတွေကို အခက်အခဲ ဖြစ်စေတယ်လို့ ဦးထွန်းမြင့်အောင်က ဝေဖန်ပါတယ်။


သတင်းရင်းမြစ်    DVB

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ