
မကြာခင်က ထိုင်း-မြန်မာနယ်စပ်ကနေ ပြည်တွင်းပြန်လည် ရောက်ရှိပြီး အလုပ်
သမား အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုစောကျော်ကျော်မင်းကို
ဒီကနေ့ အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
ရှေ့နေ ကိုစောကျော်ကျော်မင်းဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၂၀၀၈ ခုနှစ် အောက်တိုဘာလက
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ် ၁၁ ဦးရဲ့ နိုင်ငံရေးအမှုကို ရှေ့နေ
အဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီအမှု တရားရုံးချိန်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့လှိုင်သာယာ
မြို့နယ် တရားရုံးမှာ အန်အယ်လ်ဒီ လူငယ်တွေက တရားမျှတမှု
ကင်းမဲ့တဲ့ တရား
စီရင်ရေးစနစ်ကို အယုံအကြည်မရှိတဲ့အတွက် တရားရုံးမှာ အားလုံး
ကျောပေး
ထိုင်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးက ရှေ့နေ စောကျော်ကျော်မင်းကို အမှုကြန့်ကြာ
ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးက ရှေ့နေ စောကျော်ကျော်မင်းကို အမှုကြန့်ကြာ
အောင် လုပ်တယ်ဆိုပြီး
တရားစွဲဆိုခဲ့ပါတယ်။ သူဟာ အမှုဆုံးဖြတ်ချက် မချခင်မှာပဲ
ထိုင်း-မြန်မာနယ်စပ်ကို ထွက်သွားခဲ့ပါတယ်။
ဒီနှစ် ဖေဖေါ်ဝါရီလလောက်က ရှေ့နေစောကျော်ကျော်မင်း နဲ့ တစ်ချို့ဟာမြန်မာပြည်
ဒီနှစ် ဖေဖေါ်ဝါရီလလောက်က ရှေ့နေစောကျော်ကျော်မင်း နဲ့ တစ်ချို့ဟာမြန်မာပြည်
ပြန်ရောက်ပြီး အလုပ်သမားအခွင့်အရေးကိစ္စတွေကို လိုက်ပါကူညီဆောင်ရွက်ပေး
နေရင်း အရင်အမှုနဲ့ သူ့ကို ဒီကနေ့ အင်းစိန်ထောင် တရားရုံးက ပြစ်ဒဏ်ချပြီး
အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA
သတင်းရင်းမြစ်း RFA
No comments:
Post a Comment