
ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စု
ဝန်ကြီးဦးရေ တိုး/လျော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတမှ
ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သြဂုတ်လ ၂၉ရက်နေ့နှင့် သြဂုတ်လ
၃၁ရက်နေ့ ရက်စွဲများဖြင့် သ၀ဏ်လွှာများပေးပို့ ခဲ့ကြောင်း သိရသည်။
ယင်းသ၀ဏ်လွှာများတွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်
စွမ်းအားဝန်ကြီးဌာနများအား လျှပ်စစ်ဝန်ကြီးဌာနအဖြစ် ၀န်ကြီးဌာနတစ်ခုတည်းသို့
ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုခြင်း၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်း
နိုင်ရေးများအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါကြောင်း ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုဝန်ကြီး
ဌာန (၃၄) ခုအနက် အမှတ်(၁)၊ (၂)စက်မှုဝန်ကြီးဌာနများကို စက်မှုဝန်ကြီးဌာန
အဖြစ်လည်းကောင်း၊ အမှတ် (၁)၊(၂)လျှပ်စစ်ဝန်ကြီးဌာနများကို လျှပ်စစ်ဝန်ကြီး
ဌာန အဖြစ်လည်းကောင်း၊ သမ္မတရုံး ၀န်ကြီးဌာနကို ၀န်ကြီးဌာန (၁)၊ (၂)၊ (၃)၊
(၄)၊ (၅)၊ (၆)အဖြစ်လည်းကောင်း ပြောင်းလဲ၍ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကို ဖျက်သိမ်းကာ ပြည်ထောင်စုဝန်ကြီးဌာန (၃၆)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်
ရွက်လိုပြီး ၀န်ကြီးဦးရေကိုလည်း မူလ (၃၄) ဌာနတွင် ပြည်ထောင်စုဝန်ကြီး (၃၀)
ဦးခန့်အပ်ခဲ့ရာမှ ယခု (၃၆) ဌာနတွင် ပြည်ထောင်စုဝန်ကြီး (၃၆) ဦးဖြင့် ပြင်ဆင်
ဖွဲ့စည်းခွင့်ပြုနိုင်ပါရေး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရလိုပါကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့် နည်းဥပဒေ ၂၄ တို့အရ
ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနအရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ခြင်း၊ တိုး/လျော့ခြင်း ပြုလုပ်လိုကြောင်း
နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ တင်ပြ
ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်က အဆုံးအဖြတ်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ယင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက
စက်တင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ပါကြောင်းနှင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည့်
ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်
ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စု
လွှတ်တော်နာယကက အသိပေး ကြေညာထားသည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment