
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် သြဂုတ်လ ပထမပတ်မှ တတိယပတ် အတွင်း ရေနစ်မြုပ်ပျက်စီးခဲ့ရသည့် စပါးခင်းများအတွက် မျိုးစပါးနှင့် ထောက်ပံ့ငွေ
များ ပံ့ပိုးပေးနိုင်ရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က စီစဉ်လျက်ရှိသည်ဟု မြေစာရင်း
ဦးစီးဌာန ဦးစီးအရာရှိ ဦးဋ္ဌေးရီ က မဇ္ဈိမကို ပြောသည်။
“ထောက်ပံ့ဖို့အတွက် အခု အစီအမံတွေ လုပ်နေတာပေါ့။ ဘယ်လိုအစီအမံနဲ့ ထောက်ပံ့
မယ်ဆိုတာက အခုထိ အဖြေ ထွက်မလာသေးဘူးပေါ့။ အခု စာရင်းပြုစုတုန်းပဲ ရှိသေးတယ်။ ထောက်ပံ့မယ်ဆိုတာကတော့ သေချာတယ်” ဟု ဆိုသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း မိုးစပါး စိုက်ဧက ၁၃၃,၁၄၇ ရှိသည့်အနက် ၁၅,ဝ၂၆
ဧက ရေကြီး၍ ပျက်စီးခဲ့သည်ဟု ခန့်မှန်းထားကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ဆိပ်သာအုပ်စုနှင့် ညောင်ချောင်း ကျေးရွာအုပ်စု
များတွင် မိုးစပါး စိုက်ဧက စုစုပေါင်း ၁,၇၃၄ ရှိပြီး အားလုံး ပျက်စီးသွားခဲ့ရသည်။
ဆပ်သာကျေးရွာအုပ်စု၏ စာရေးဖြစ်သူ ဦးမြင့်အောင်က “ဆိပ်သာအုပ်စုမှာ ကျေရွာခွဲ
ခုနှစ်ရွာ ရှိတယ်။ အဲဒီမှာ လယ်သမား ၆၉ ဦးစိုက်ပြီး လယ်က ၅၉၇ ဧက၊ အဲဒါ အကုန်
ပျက်စီးသွားတယ်” ဟု ဆိုသည်။
ညောင်းချောင်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သူ ဦးလှဌေးကလည်း
“ညောင်ချောင်း အုပ်စုမှာ ကျေးရွာခွဲ ငါးရွာ ရှိတယ်။ စိုက်ဧက က ၁,၁၃၇ ဧက စိုက်
တယ်။ အဲ့ဒါစိုက်တာ အကုန်သေတယ်” ဟု မဇ္ဈိမကို ပြောသည်။ ထို့အပြင် ပျဉ်းမငူ
ကျေးရွာအုပ်စု တွင်လည်း စပါးစိုက်ဧက ၂,၁ဝဝ ကျော် ရှိသည့်အနက် ရေမြုပ်ပျက်စီး
ဧက ၁,၈ဝဝ ကျော် ရှိသည်။
သြဂုတ်လ ပထမပတ်မှ တတိယပတ်အထိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းများအတွင်း
ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဧရာဝတီ တိုင်းတွင်း စပါးစိုက်ဧက ၅၂,ဝဝဝ ကျော်နှင့်
ပဲခူးတိုင်းအတွင်း ဧက တသောင်းကျော် ပျက်စီးခဲ့ရသည်ဟု မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ်က သြဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း ရေကြီးပျက်စီးမှုများအတွက် ကျပ်ငွေ သိန်း လေးထောင်ကျော်၊
ပဲခူးတိုင်းများအတွင်း ပျက်စီးမှု များအတွက် သိန်း ၃,၅ဝဝ ကျော်နှင့် ရန်ကုန်တိုင်း
အတွင်း စပါးစိုက်ဧက ပျက်စီးမှုများအတွက် ၈၉ဝ ကျော်တို့ကို ယခုလ တတိယပတ်
အတွင်း အစိုးရက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းရင်းမြစ်း မဇ္ဈိမ
No comments:
Post a Comment