Friday, August 31, 2012

မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်သော အဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း


 
တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် မိမိကြိုက်
နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးခြား တက္ကသိုလ်ဝင်စာမေးပွဲဖြေ
 အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်
စာရင်းကို မကြည့်တော့ဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်
သွင်းတာပေါ့ ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်
ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
၎င်းအဆိုတင်သွင်းခြင်းအား ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)အခြေခံပညာရေး၊
 ညွှန်ကြားရေးမှူးဟောင်း ဦးနုမှ တင်သွင်းကာ ပညာရေးဒုဝန်ကြီးမှလည်း လက်ခံ
သဘောတူခဲ့ပြီး အခြေအနေပေးပါက ဆွေးနွေးန် အမျိုးသားလွှတ်တော် နာယကမှ အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။
''လေကြောင်းတို့ ရေကြောင်းတို့ နည်းပညာတက္ကသိုလ်တို့တက်နိုင်ဖို့တော့မှန်း
ပါတယ်။ ဒါပေမယ့် အမှတ်မမီတာတို့ ဘာတို့ဆိုရင် အခွင့်ရေးတစ်ခုအနေနဲ့
ဖြေလို့ရတယ်ဆိုတော့ ကောင်းပါတယ်'' ဟု မရမ်းကုန်းမြို့နယ်မှ ဆယ်တန်း တက်
နေသော   ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူများအနေဖြင့် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်
နိုင်ရန် သီးသန့်တက္ကသိုလ်ဝင် တန်းစာမေးပွဲ ထပ်မံဖြေဆိုနိုင်ခြင်းသည် အနာဂတ်
လူငယ်များအတွက် ကောင်းမွန်သော ဘဝဆုံးဖြတ်ချက်ဖြစ်ကြောင်း ထားဝယ်
တက္ကသိုလ်ပါမောက္ခဟောင်းကြီးများမှ သုံးသပ်ပြောဆိုသည်။
''ဆယ်တန်းအမှတ်စာရင်း နည်းတာလေးတစ်ခုတည်းနဲ့ ကံကြမ္မာကို ပြောင်းလဲ
လိုက်တာ မဖြစ်သင့်ဘူးပေါ့နော်။ အခုလို ကိုယ်ကြိုက်တဲ့ တက္ကသိုလ်ကို တက်နိုင်ဖို့ ဝင်ခွင့်စာမေးပွဲထပ်ဖြေခိုင်းမှာကိုတော့ ကြိုဆိုပါတယ်။ တကယ့်လူရည်ချွန် လူရည်
မွန်လေးတွေ ဖြစ်လာနိုင်ပါတယ် ''ဟု ထားဝယ်တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦး
က ပြောသည်။
ပညာထူးချွန်သောကျာင်းသားကျောင်းသူများအနေဖြင့် ငွေကြေးမတက်နိုင်ခြင်း
များကြောင့် နာမည်ကြီး တက္ကသိုလ် တက်ရောက်ရန် မစဉ်းစားတော့ဘဲ ဆယ်
တန်းအောင်ရေးကိုသာ စဉ်းစားဆုံးဖြတ်မှုများရှိလာကြောင်း   ကျောင်းသား မိဘ
အချို့ထံက သိရှိရသည်။
ဆယ်တန်းအောင်ပြီးသူများ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်ရေး
အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထပ်မံဖြေဆိုခိုင်းရန် လိုအပ်သောအချက်
အလက်များကို အမျိုးသားလွှတ်တော်အတွင်းတွင် အခြေအနေအချိန်အခါနှင့် 
စပ်လျဉ်းပြီး အလျဉ်းသင့်ပါက ဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

သတင်းရင်းမြစ်   Shwe Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ