Friday, August 31, 2012
မောင်တော ဆူပူအကြမ်းဘက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဒေါက်တာထွန်းအောင်(ခ) နူရာဟတ်အား နိုင်ငံခြားငွေမှုဖြင့် ထောင်ဒဏ် ချမှတ်
မောင်တော ဆူပူအကြမ်းဘက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဒေါက်တာ
ထွန်းအောင်(ခ) နူရာဟတ်အား ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလှဲလှယ်မှု စည်းမျဉ်းသတ်
မှတ်ရေး အက်ဥပဒေပုဒ်မ -၂၄ (၁) ကိုကျူးလွန်ကြောင်း ၀န်ခံသဖြင့် အလုပ်နှင့်
ထောင်ဒဏ် (၃)နှစ်ကျခံစေရန် သြဂုတ်လ (၃၀) ရက်နေ့က စစ်တွေ ခရိုင်တရားရုံးမှ
အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နူရာဟတ်(ခ) ထွန်းအောင်အား ပြစ်မှုပုဒ်မ -၁၅၃-က / ၅၀၅ (ဂ) /၁၄၈ ဖြင့်၎င်း၊ ကြိုး
မဲ့ကြေးနန်း ၆(၁) ဖြင့်၎င်း၊ နိုင်ငံခြားငွေ -၂၄(၁) ဖြင့်၎င်း၊ပြစ်မှုပုဒ်မ -၄၆၈ /၄၂၀ ဖြင့်
၎င်း၊ အရေးပေါ် စီမံမှု -၅ (ည) ဖြင့်၎င်း အမှုငါးမှုဖြင့် စွဲချက် တင်စစ်ဆေးလျက်ရှိရာ
နိုင်ငံခြားငွေ အမှုတစ်ခုကိုသာ အပြီးသတ်စီရင် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းရင်းမြစ်း Eleven Media Group
Labels:
သတင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ

No comments:
Post a Comment