Friday, August 31, 2012

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး

Photobucket

မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို
စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြု
လိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြော
သည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက
ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်
 ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။
လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ်
ကုမ္ပဏီ ဖြစ်သည်။

“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315
 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု
 ဒေါ်အေးအေးမင်း က ဆိုသည်။

လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့်
လုပ်ငန်းသုံး တယူနစ်ကို ၇၅ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်
ဖြစ်သည်။

တနှစ်လျှင် တကြိမ် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ပြီး ယင်းစာချုပ်
အား ပြင်လိုပါကလည်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သဘော
တူညီ ခွင့်ပြုချက်ဖြင့်သာ လုပ်ရမည် ဖြစ်သည်။

သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ