
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ယူ ထူထောင်ခဲ့သော မြန်မာ့
လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) ၏ ရှယ်ယာများကို
သြဂုတ်လ ၂၆ ရက်မှ စတင်၍ အများပြည်သူသို့ စတင် ရောင်းချလျှက် ရှိကြောင်း
အဆိုပါ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
ယင်းသို့ ရောင်းချရာတွင် အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်း
သတ်မှတ်ကာ အများဆုံး အစုရှယ်ယာ တစ်သိန်းစု အထိ (ငွေကျပ် တစ်ဘီလျံ
ထိသာ)သာ ထည့်ဝင် ရမည် ဖြစ်ကြောင်း အစုရှယ်ယာ အဆိုပြုလွှာ သတ်မှတ်ချက်
ဖော်ပြထားချက် အရ သိရသည်။
‘’မည်သူ တစ်ဦး တစ်ယောက်မျှ အုပ်စီးလို့ မရအောင် ကန့်သတ် စီမံထားတာ’’
ဟု ဦးချစ်ခိုင်က ကန့်သတ်ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုသည်။
ယင်း ကော်ပိုရေးရှင်းသည် လယ်ယာကဏ္ဍနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်း
များ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ လယ်ယာကဏ္ဍ ပညာပေး လုပ်ငန်းများ၊ လယ်ယာ
လုပ်ငန်းနှင့် ပတ်သက်သော စက်မှု လုပ်ငန်းများ အပြင် အခြေခံ အဆောက်အအုံ
ကဏ္ဍများတွင်ပါ ရင်းနှီးမြုပ်နှံ သွားမည် ဖြစ်ပြီး ယခုအခါ လုပ်ငန်းရှင် ၇၃ ဦးက ငွေ
ကျပ် တစ်ဆယ်ဘီလျှံ ပါဝင် ရင်းနှီးထားကြောင်း ၎င်းက ယခုလ၂၆ရက်နေ့တွင် ပြု
လုပ်သော ယင်းကော်ပိုရေးရှင်းဖွင့်ပွဲနှင
“အကျိုးအမြတ်ကတော့ မသိသေးဘူး၊ နောင်နှစ် နှစ်ပတ်လည်ကျမှ သိမယ်နဲ့
တူတယ်၊ နာမည်ကြီး လုပ်ငန်းရှင် တွေပါတော့လုပ်ငန်း အောင်မြင်မယ်လို့ ယုံ
တယ်လေ၊ ဒါကြောင့် ရှယ်ယာထည့် ဖြစ်တာပါ ’’ဟုယင်းနေ့က အစုရှယ်ယာ
ဆယ်စု ၀ယ်ယူခဲ့သူ လယ်/ ဆယ်ဝန်ကြီးဌာနမှ အငြိမ်စား ၀န်ထမ်းဖြစ်သူ
ဦးခင်အောင်က မှတ်ချက်ပြု ပြောဆိုသည်။
ယင်းကော်ပိုရေးရှင်းသည် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဆန်စပါး
လုပ်ငန်း အသင်းချုပ်မှ စတင် ပေါ်ပေါက်လာပြီး ၂၀၁၂ ခုနှစ်ဧပြီလတွင် အများပိုင်
ကော်ပိုရေးရှင်း အဖြစ် ဖွဲ့ခွင့် ရခဲ့ကာ သြဂုတ်လ ၁ ရက်မှစ၍ ပြည်သူများသို့
အစုရှယ်ယာများ စတင် ရောင်းချခွင့် ရခဲ့သည်။
“အများပြည်သူတွေကို အကျိုးအမြတ် အများဆုံး ခွဲဝေပေးနိုင်အောင်ကြိုးစား
ဆောင်ရွက် ပေးသွားမယ်’’ဟု ယင်းကော်ပိုရေးရှင်း ဥက္ကဌ ဦးချစ်ခိုင်က အစု
ရှယ်ယာရှင်များသို့ အဆိုပါ အခမ်းအနားတွင် ကတိပြု ပြောကြားသည်။
MAPCO တွင် ပါဝင် ရင်းနှီး မြုပ်နှံသူ ၇၃ ဦးထဲမှ ဥက္ကဋ္ဌ ဦးချစ်ခိုင် အပါအ၀င်
အလုပ် အမှုဆောင် ၁၅ ဦးကို လျှို့ဝှက် မဲပေး ရွေးချယ်ခဲ့ကြောင်း ၎င်းကပင်
ပြောကြားသည်။
သတင်းရင်းမြစ်း The Voice Weekly
No comments:
Post a Comment