
လူနေရပ်ကွက်အနီးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ထားခြင်းအတွက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ဒေသခံအင်အား (၈၀ ) ခန့်က သြဂုတ်
လ ၂၈ ရက်နေ့နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီကြာ ဆန္ဒဖော်ထုတ်ခဲ့
ကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်သူများက မိတ္ထီလာမြို့မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်
အခြားစက်သုံးဆီဆိုင်များ နည်းတူ ကျော်စက်သုံးဆီအရောင်းဆိုင်အား မြို့ပြင်
သို့ ဖယ်ရှားပေးရန်၊ မိတ္ထီလာမြို့သည် ၁၉၉၁ ခုနှစ်က မီးအကြီးအကျယ် လောင်
ကျွမ်းခဲ့ဖူးသော မြို့ဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည့်စုံလုံလောက်
သော ဥပဒေညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာမှ
ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ စာပါ ဥပဒေများနှင့် နောက်နောင်တွင် ထုတ်ပြန်
မည့်ညွှန်ကြားချက်များသည်လည်း သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့်ပြည်သူ
များ လိုက်နာအောင် စေ့စပ်သေချာ၍ စည်းစနစ်ကျသော အမိန့်များဖြစ်ပေါ်စေရန် စသော တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြောင်းသိရှိရသည်။
``ကျွန်တော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်း အသိးသိးရဲ့ထောက်ခံချက်၊ ညွှန်ကြား
ချက်နဲ့ အညီ လိုင်စင်ယူပြီး ဖွင့်လှစ်ရောင်းချတာ နှစ်လကျော်ရှိပါပြီ။ ဒီနေ့တော့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးရဲ့ မေတ္တာရပ်ခံချက်ကြောင့်ခဏ ပိတ် ပေးထားပါတယ်၊
သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးရဲ့ထောက်ခံချက်တွေနဲ့ စည်းကမ်းချက်တွေနဲ့ အညီဖွင့်လှစ်ရောင်းချထားတာဖြစ်တဲ့အတွက် အရင်လို ပြန်ရောင်းချပါမယ်၊။ ၀န်ကြီး
ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ အညီသိုလှောင်ရောင်းချထားတဲ့ ဓာတ်ဆီအောက်တိန်း
တွေပဲရှိပါတယ်´´ဟု ကျော်စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြ
သည်။
``ကျွန်မတို့က ဒီဆိုင် စဆောက်တည်းကကန့်ကွက်ထားပါတယ်။ မြို့နယ်က စက်သုံး
ဆီဆိုင်တွေကို တံတားအပြင်ဘက်ထွက်ရောင်းဖို့ အမိန့်ထုတ်ထားပြီးသားကို မလိုက်
နာတာပါ၊ ဒီနားမှာ ပို့ဆက်ရှိပါတယ်၊ မျက်မမြင်ကျောင်းလည်းရှိပါတယ်၊ အထက်တန်း
ကျောင်း၊ မူလတန်းကျောင်းလည်း ရှိပါတယ်၊ လူနေရပ်ကွက်နဲ့ နီးတာဖြစ်လို့ တခြား
ဆိုင်တွေနည်းတူ မြို့ပြင် ထွက်ရောင်းစေချင်တာပါ။ ကွင်းဆင်း စစ်ဆေးမှု မရှိဘဲ
လက်မှတ် ထိုးထောက်ခံတာမို့ ကျွန်မတို့ မြို့မီးဘေးစိုးရိမ်နေရပါတယ်၊ ပြည်သူအတွက်
ကြည့်မပေးဘူးဆိုရင် လုပ်စရာ ရှိတာဆက်လုပ်ရပါမယ်။
ဒီတကြိမ်နဲ့မရရင် ဆက်လက်ဆနထုတ်ဖော်ဖို့ရှိပါတယ်´´ဟု ဆန္ဒထုတ်ဖော်ရာတွင်
ပါဝင်သောဒေါ်မေသက်ဦးမှ ပြောပြသည်။ မြို့ခံများ၏ ဆန္ဒထုတ်ဖော်မှုကို အဆိုပါ
ပုဂ္ဂလိက စက်သုံးဆီဆိုင်ရှေ့ တွင် ပြုလုပ်ခဲ့ပြီး သတ်ဆိုင်ရာမှ သတ်မှတ်ပေးထား
သော အချိန်တွင် အေးချမ်းစွာလူစုခွဲခဲ့ကြောင်း သိရှိရသည်။ မိတ္ထီလာမြို့အနီးတွင် တရားဝင်ဖွင့်လှစ်ထားသော ပုဂ္ဂလိက စက်သုံးဆီဆိုင် (၇)ဆိုင် ခန့် ရှိကြောင်းသိရှိ
ရသည်။
သတင်းရင်းမြစ်း Eleven Media Group


No comments:
Post a Comment