Thursday, August 30, 2012
မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့်
စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်
ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်
သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။
ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက်ထပ်ပြိး
မြေကွက်များကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်
မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး
ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်း
ကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁
ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်
ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်း
မဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်
ဆေးခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထား
များနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်
အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရသည်။
အမှုနှင့်ပတ်သက်ပြီး သိကျွမ်းသည်ဟု ထင်မြင်ယူဆရသူများကို တစ်ဆက်
တစ်စပ်တည်း တားဆီးချုပ်နှောင်ထားရှိချိန် ၂၄နာရီထက် မကျော်လွန်စေရေး
အတွက်လည်း အထူးအလေးထားစီမံကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊
မတ်လ ၂၄ရက်နေ့ နံနက် ၅နာရီတွင် မနန်းဝိုးဖန်သည် အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာနအဆောက်အအုံမှာ ကျသေဆုံးသွားကြောင်း၊ ယင်းသေဆုံးမှုကို
ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အခြေအနေ
အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ မနန်းဝိုးဖန်
မှာ မတော်တဆပြုတ်ကျသေဆုံးခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားရုံး
ကလည်း ဇွန်လ ၁၃ရက်နေ့တွင် သေမှုသေခင်းဖြစ်စဉ်အဖြစ် အပြီးသတ်
အမိန့် ချမှတ်ခ့ကြောင်းသိရှိရသည်။
သို့သော်လည်း မနန်းဝိုးဖန်သေဆုံးမှုအတွက် ရန်ကုန်တိုင်းဒေသကြီးရုံး၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲနှစ်ဦးတို့ကို ဌာနညွှန်ကြားရေး
မှူးချုပ်က သတိပေးဆုံးမပြီး အထိုက်အလျောက်တာဝန်ရှိသည့် ဦးစီးအရာရှိ၊
စုံစမ်းစစ်ဆေးရေးမှ78uO]{Cwမ်းစစ်ဆေးရေးမှူးအပါအ၀င် ၀န်ထမ်း (၅)
ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr.Namase Motohiko အပါအ၀င်မြေကွက်
အရောင်းအ၀ယ်လုပ်သူ ခြောက်ဦးကို မေလ ၁၇ရက်နေ့မှ စတင်ဖမ်းဆီးပြီး
လှိုင်သာယာမြို့နယ် တရားရုံတွင် ပြစ်မှုကြီးအမှတ် ၉၇၆/၂၀၁၂ဖြင့် တရားစွဲဆို
အမှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
သတင်3း:v=N_Cwn style="font-family: "Zawgyi-One","sans-serif"; font-size: 11.0pt; line-height: 115%; mso-ansi-language: EN-US; mso-bidi-language: AR-SA; mso-fareast-font-family: Calibri; mso-fareast-language: EN-US; mso-fareast-theme-font: minor-latin;">း The Voice Weekly
Labels:
သတင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ

No comments:
Post a Comment