အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၏
တတိယအကြိမ်
အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ I- 12 အဆောင်တွင် ယနေ့
နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း နေပြည်တော်တွင် သွားရောက်သတင်း
ရရှိသည်။
ယင်းအစည်းအဝေးတွင် ပြည်သူများ၏ တိုင်ကြားစာများနှင့် စပ်လျဉ်းကာ ဆွေးနွေး ခဲ့ကြပြီး ကော်မတီဝင်နှစ်ဦးမှ ဆောင်ရွက်ရန် ကိစ္စရှိသည့်အတွက် ခွင့်တိုင်ခဲ့ပြီး
ကျန်အဖွဲ့ဝင် ၁၃ ဦး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါကော်မတီသို့ တိုင်ကြားစာ သုံးရာကျော် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ
ကော်မတီထံမှ သိရသည်။
သတင်းရင်းမြစ်း The Voice Weekly

No comments:
Post a Comment