
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်
များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင် ပြဿနာများ
ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။
ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌမှ
ရေဘေးသင့် ပြည်သူများကို လှုဒါန်း
သမျှပစ္စည်းများ အာလုံးကို
မချွင်းမချန်ပေးကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး
အဖွဲ့အစည်းများ ကို
တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို
ပြဿနာများဖြစ်ပွားခဲ့ရခြင်း
ဖြစ်သည်။
“ ကျွန်တော်တို့ရပ်ကွက်မှာ
ဆန်ဝေတာကို ရ ပ်ကွက် အုပ်ချုပ်ရေး မှုးက
ဦးစီးတယ်၊ နောက်ပြီးတော့
ဆန်လာယူတဲ့ သူတွေကို ကြံ့ခိုင်ရေး ကဒ်ပါမှ
ဆန်ပေးတယ်၊ တခြားသူတွေ အထူးသဖြင့်NLD ပါတီအတွက် လုပ်ဆောင်
ပေးနေတဲ့ ရပ်ကွက်သားတွေက ဆန်မရဘူး ’’ ဟု (၁၄) ရပ်ကွက်တွင်ဖြစ်
ပွားသော အကြောင်းအရာများနှင့် ပတ်သက်၍ ဥမ္မာန္တီ ၁၁ လမ်းတွင်နေထိုင်
သူကို နေလင်းကပြောသည်။
အဆိုပါပေးဝေမှုတွင်
ဆန်မရရှိသောသူများမှ စုစည်းကာ ရပ်ကွက်ရုံးသို့
သွားရောက်ကာ
မကျနပ်မှုများအား ဖော်ထုတ်ရာမှ တဆင့် လူ (၅) ဦး
အဖမ်းခံခဲ့ရကြောင်း
ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။
“ အဓိကက ဆန်မရတဲ့သူတွေက ရပ်ကွက်ရုံးကို ဆဲတယ် ဆဲတဲ့ချိန်မှာ
လည်း အရက်တွေသောက်ထားကြလို့ စိုးကျော်ရယ်၊ မောင်စိုးအပါ
အ၀င် (၅)ယောက်ကို ဖမ်းထားတာပါ’’ ဟု အသည်ကြီး ရဲတပ်ဖွဲ့စခန်းမှ
တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။ပုသိမ်မြို့တွင် ယခုကဲ့သို့ ဖြစ်
ပျက်နေမှုများမှာ (၁၄)ရပ်ကွက်တစ်ခုတည်းတွင်သာ မဟုတ်ကြောင်း
ကိုလည်း သိရှိရသည်။
ကယ်ဆယ်ရေးပစ္စည်းများ
အဝေမတည့်ရာမှ တဆင့် သံဃာတော် တစ်ပါး
အားဓားဖြင့်ခုတ်ခဲ့မှု (၁၂)ရပ်ကွက် တွင်
ဖြစ်ပွားခဲ့ပြီး (၁)ရပ်ကွက်တွင်လည်း
ဆန်ဝေရာမှတဆင့် ရပ်ကွက်အတွင်း
ဆူပူမှုများ ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့
ခံတို့၏ ပြောပြချက်အရ သိရှိရသည်။
“ ကျွန်တော်တို့ဆီမှာက
ဆန်ဝေတာကို အိမ်နံပါတ်ရှိတဲ့သူတွေပဲ တစ်အိမ်
တပြည်နှုန်းရတယ် ။ ရပ်ကွက်
အတွင်း တကယ့်ဆင်းရဲသားဒုက္ခရောက်နေ
တဲ့ အိမ်ငှားတွေနဲ့
အခြားမြေကွက်တွေမှာနေတဲ့ သူတွေက မရဘူး၊ ဒါတွေ
အားလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့မလှူရတဲ့ ပစ္စည်းတွေကို ခွဲတမ်းချပေးနေလို့ ဖြစ်ပွား နေတာပါ’’ ဟု (၁)ရပ်ကွက်တွင် နေထိုင်သူ
တစ်ဦးကပြောပြသည်။
သတင်းရင်းမြစ်
း မြစ်မခ မီဒီယာ
No comments:
Post a Comment