
နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ မကွေးတိုင်း
ဒေသကြီး အခြေစိုက် သတင်းထောက် တစ်ဦးအား လက်ထောက်တိုင်း
ဒေသကြီး ပညာရေးမှူးရုံးမှ တရားလို ပြုလုပ်၍ တာဝန်ဝတ္တရား နှောက်ယှက်မှု
ဖြင့် ယနေ့ တရားစွဲဆို လိုက်ကြောင်း ကာယကံရှင် ကိုယ်တိုင် The Voice
Weekly သို့ ပြောကြားသည်။
DVB သတင်းထောက်၏ အမည်မှာ ကိုဇော်ဖေ ဖြစ်ပြီး မြန်မာနိုင်ငံမှ နမ၀တန်း
ကျော င်းသားများကို ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်မည့် အစီစဉ်တွင် မကွေးတိုင်း ဒေသကြီးမှ ကျောင်းသူ ကျောင်းသားများလည်း လျှောက်ထားမည်
ဖြစ်သောကြောင့် သတင်း ရရှိရန်အတွက် သက်ဆိုင်ရာ ပညာရေး မှူးရုံးသို့
သွားရောက် မေးမြန်ခဲ့ပြီး အထက်ပါအတိုင်း တရား စွဲဆိုခံရခြင်း ဖြစ်ကြောင်း
၎င်းက ရှင်းပြသည်။
ကျော
“ရဲစခန်းက ကျွန်တော့် SONY ဗွီဒီယို ကင်မရာနဲ့ Memory stick တွေကို ရဲစခန်း
က သိမ်းထားပါတယ်။ ခုကျွန်တော်တို့ အာမခံယူပြီး နေနေပါတယ်” ဟု ၄င်းက
ဆိုသည်။
DVB သတင်းထောက် ကိုဇော်ဖေသည် သြဂုတ်လ ၂၄ ရက်နေ့ ညနေ လေး
DVB သတင်းထောက် ကိုဇော်ဖေသည် သြဂုတ်လ ၂၄ ရက်နေ့ ညနေ လေး
နာရီတွင် အဆိုပါ သတင်းအတွက် လက်ထောက် ပညာရေးမှူးထံ သွားရောက်
မေးမြန်းသော်လည်း အခြား တာဝန်ရှိသူ တစ်ဦးထံ လွဲပြောင်းလိုက်ပြီး ထိုသူထံ
သွားရောက် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသောကြောင့်
ပြန်လာခဲ့ခြင်း
ဖြစ်ကြောင်း ယင်းသတင်း သွားယူရာတွင် လိုက်ပါခဲ့သည့်
ကျောင်းသား မိဘ
တစ်ဦးက ပြောကြားသည်။
The Voice Weekly အနေဖြင့် မကွေးတိုင်း ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန်
The Voice Weekly အနေဖြင့် မကွေးတိုင်း ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန်
ကြိုးစား သော်လည်း ရုံးပိတ်ရက်
ဖြစ်နေသောကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ယင်း တရားစွဲဆိုမှုကို မကွေးမြို့နယ် ရဲစခန်းမှ သြဂုတ်လ ၂၅ ရက်နေ့ နံနက်
ယင်း တရားစွဲဆိုမှုကို မကွေးမြို့နယ် ရဲစခန်းမှ သြဂုတ်လ ၂၅ ရက်နေ့ နံနက်
၉နာရီတွင် အကြောင်းကြား
ခဲ့သည့် အတွက် သွားရောက်ခဲ့ပြီး ရဲစခန်းမှ
ကင်မရာကို ရှာဖွေပုံစံဖြင့်
သိမ်းယူ ခဲ့သော်လည်း တရားစွဲဆိုမှု အမှု (ပ) နံပါတ်
ကိုမူ ပြောဆိုခြင်း
မရှိကြောင်း ကိုဇော်ဖေက The Voice Weekly သို့ ပြောကြား
သည်။
သတင်းရင်းမြစ်
း The Voice Weekly
No comments:
Post a Comment