Sunday, August 26, 2012

PNLO နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် အစိုးရအဖွဲ့တို့ ယနေ့
နံနက် (သြဂုတ်-၂၅) ၉ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ပြည်နယ်အဆင့်
အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။


photo: by skykaren


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွင် ရထားပို့ဆောင်ရေးဝန်ကြီး  ဦးအောင်မင်း
 ဦးဆောင် သော အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင် (၆) ဦးနှင့်    (PNLO)   အတွင်းရေးမှူး
ဦးခွန်မြင့်ထွန်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်(၈) ဦးတို့သည်
အပစ်အခတ်ရပ်စဲ ရေးအပါအဝင် အဓိက  အချက် ၂ ချက်ကို  သဘောတူ  လက်မှတ်
 ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေက ပြောသည်။



၎င်းက “နှစ်ဦးနှစ်ဖက်က အဓိက အချက် ၂ ချက်နဲ့ သဘောတူလက်မှတ်ရေးထိုး
ခဲ့တယ်၊ ကျန်ရှိ သေးတဲ့ အချက်တွေ ဆက်လက်ဆွေးနွေးဖို့ကိုလဲ သဘောတူ
ထားကြ တယ်” ဟု ပြောသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို သဘောတူသည့်
သင့်တော်ရာ နေရာ၌ ထားရှိရန်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အကြိုညှိနှိုင်း
ဆွေးနွေးရေး ပြုလုပ်မည် ကိုလည်း သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် PNLO ဘက်မှ အပစ်အခတ်ရပ် စဲရေး၊ နှစ်ဖက်သဘောတူနိုင်မည့်
နေရာ ဆက်ဆံရေးရုံးထား ရှိရေး၊ ပအိုဝ်း PNLO တပ်ဖွဲ့ဝင် အ7}O_g wမပါပဲ
 မြန်မာပြည်အနှံ့ လွတ်လပ်စွာ သွားလာခွင့်ရရန်၊ သဘောတူညီချက် ရရှိပြီးပါက ပြည်
တွင်းရှိ ပအိုဝ်းနိုင်ငံရေးပါတီများ၊ ပအိုဝ်း အမျိုးသားခေါင်းဆောင်များ၊ ပအိုဝ်း ရဟန်း
သံဃာတော်များ ပြည်သူလူထုများတွေ့ ဆုံခွင့် ရရန်နှင့် ပအိုဝ်းနယ်ထဲတွင်ရှိသည့်
မူးယစ်ဆေးဝါးပြဿနာများ ဝိုင်းဝန်းတိုက်ဖျက်ရန် နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး
ရေးဖြစ်စဉ်၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ်လပ်လပ်
 ဖော်ထုတ်ခွင့်ပြုရန် စသည့် အချက် ၆ ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင် ဘန်ကောက်မြို့၌
ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့
နှင့် PNLO တို့မှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်း
တို့တွေ့ဆုံစဉ် မူအားဖြင့် သဘောတူ ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် PNLO ဘက်က ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်နှင့် မောက်မယ်
သုံးနေရာ  ဆက်ဆံရေးရုံး     ထားရှိရန်   တောင်းဆိုထားသည်ကို   အစိုးရ ဘက်မှ
သဘောတူခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲ  သို့  သက်ဆိုင်ရာ   ရှမ်းပြည်နယ်   တာဝန်ရှိ
သူများနှင့် ပြည်သူ့လွှတ်တော်    ကိုယ်စားလှယ်   နှစ်ဦးနှင့်  အမျိုးသား  လွှတ်တော်
ကိုယ်စားလှယ် နှစ်ဦးလည်း တက်ရောက်ခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ပြောသည်။

PNLO နှင့် အစိုးရတို့သည် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ပထမအကြိမ်
တွေ့ဆုံခဲ့ပြီး ယခုနှစ်ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယ
အကြိမ် ထပ်မံတွေ့ဆုံခဲ့ရာ PNLO က အချက် (၁၁)ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) သည် ရှမ်းပြည်လူမျိုးပေါင်းစုံ
 ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်(ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့်
အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်
ရှိသည်။

သတင်းရင်းမြစ်   သတင်းနှင့်မီဒီယာကွန်ယက် 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ