Friday, August 31, 2012
သထုံတွင် PNLO ဆက်ဆံရေး ရုံးဖွင့်ရန် အစိုးရသဘောမတူ
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး
အဖွဲ့ချုပ်-PNLO မှ သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ မောက်မယ်မြို့၊
ဆီဆိုင်မြို့နှင့် မွန်ပြည်နယ် သထုံမြို့ ၄နေရာ တောင်းဆိုခဲ့ရာ သထုံဆက်ဆံ
ရေး ရုံး ဖွင့်လှစ်မည့်ကိစ္စကို အစိုးရဘက်မှ သဘောမတူခဲ့ကြောင်း PNLO
အတွင်းရေးမှူး ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
“ဆက်ဆံရေးရုံးဆိုတာ သူတို့(အစိုးရ)ဘက်က မြင်တာက စစ်ရေးပဋိပက္ခတွေ
 အဓိက ဖြေရှင်းဖို့ ဖြစ်တယ်။ ကျနော့် PNLA တပ်တွေက သျှမ်းပြည်တောင်ပိုင်း
မှာ ရှိတဲ့အခါကျတော့ သျှမ်းပြည်တောင်ပိုင်းမှာပဲ ဖွင့်လှစ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါ
တယ်”ဟု သူက ပြောသည်။
ပအိုဝ်းလူမျိုးတို့သည် သျှမ်းပြည်တောင်ပိုင်းအပြင် ကရင်နီ(ကယား)ပြည်နယ်၊
 မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် နေထိုင်ကြ သကဲ့သို့ PNLO
သည် ဒေသကို အခြေမခံဘဲ အမျိုးသားရေးကို ကိုယ်စားပြုဖွဲ့စည်းခြင်းဖြစ်သော
ကြောင့် အစိုးရနှင့် ပြေလည်မှုရရှိအောင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ခွန်မြင့်ထွန်းက ဖြည့်စွက်ပြောဆိုသည်။
(မြန်မာနိုင်ငံ)အောက်ပိုင်းတွင် PNLA တပ်ဖွဲ့ မရှိသော်လည်း နိုင်ငံရေးအရ အမျိုးသားရေးအတွက် ဆောင်ရွက်စရာများ ရှိကြောင်း၊ ပအိုဝ်း ပြည်သူများ
၏ ဆန္ဒကို ရယူနိုင်ရန် သထုံတွင် ဆက်ဆံရေးရုံး လိုအပ်ကြောင်းနှင့် သထုံ
သည် ပအိုဝ်းအမျိုးသားများ၏ ပုဂံဖြစ်ကြောင်း PNLO အဖွဲ့က ဆိုသည်။
PNLO သည် ၎င်းတို့၏ ဆက်ဆံရေးရုံးအတွက် PNLO ၏ အရံဗဟိုကော်မတီဝင်
 ဗိုလ်မှူးခွန်ဇွဲထိုအား ဆက်ဆံရေးရုံး တာဝန်ခံအဖြစ် ခန့်အပ်ထားလိုက်ပြီး သြဂုတ်
လမကုန်မီ တောင်ကြီးတွင် ရုံးဖွင့်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။  သြဂုတ်လ ၂၅
ရက်နေ့က PNLO သည် ပြည်နယ်အစိုးရနှင့် သျှမ်းပြည်နယ်  တောင်ကြီးမြို့၌
 ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီချက်  (၅)ချက်ထဲ
တွင် ဆက်ဆံရေးရုံးနှင့် ပတ်သက်၍ “ဆက်ဆံရေးရုံးများကို တောင်ကြီး၊
 ဆီဆိုင်၊ မောက်မယ်မြို့များ၌ ထားရှိရေး”ဟူသောအချက် ပါရှိသည်။
ထိုနေ့ တစ်ရက်တည်းပင် ၎င်းတို့နှစ်ဖွဲ့ ပြည်ထောင်စုအဆင့်တွေ့ဆုံကာ နှစ်ဖက်
ပစ်ခတ်တိုက်ခိုက်မှုရပ်ရေး၊ အပစ်ရပ်ရေးဆိုင်ရာကျင့်ဝတ် (Code of conduct)၊ ဆက်ဆံရေးရုံးလည်ပတ်နိုင်ရေး၊ တပ်နေရာများ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး
ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းမီဒီ ယာကိစ္စ၊ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး၊
 ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေး စသည့်အချက် ၈ချက်ကို
သဘောတူညီခဲ့ကြ သည်။
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး
 PNLO ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်ခဲ့သလို အစိုးရနှင့်
လာမည့် အောက်တိုဘာလတွင် ရန်ကုန်၌ ထပ်မံ တွေ့ဆုံရန် လျာထားသည်ဟု
လည်း ခွန်မြင့်ထွန်းက ဆက်ပြောသည်။
PNLO သည် ရဟန်းသံဃာတော်များ အပါအ၀င် ပအိုဝ်းလူငယ်များ၊ အမျိုးသမီး
အဖွဲ့များ၊ အလုပ်သမားအဖွဲ့ များနှင့် ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့တို့က ပူးပေါင်း
ကာ ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ်တနေရာတွင် ညီလာခံ
ကျင်းပ၍ ပြန်လည်ဖွဲ့စည်းထားခဲ့သည်။
သတင်းရင်းမြစ်    ကေအိုင်စီ 
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ